အခုနက အခန်းဘက်ကို ကျနော်ပြန်လျှောက်လာခဲ့တော့
ဝေါ့လ်ထ်ကတော့ အလောင်းဘေးမှာရပ်နေပါတယ်။ အခန်းထဲမှာကလည်း မှောင်နေတော့ NVG ထဲကနေ အလောင်းကဘယ်သူဘယ်ဝါဆိုတာ သေချာမသဲကွဲဘူး ဖြစ်နေပါတယ်။ အခုတော့ သုံးလွှာတထပ်လုံးလဲ ရှင်းလင်းပြီးပြီ၊ အခန်းထဲက ပြတင်းပေါက်တွေအားလုံးကလဲ အပြင်ကမမြင်ရအောင် ကာထားတာဆိုတော့ ဓါတ်မီးသုံးလို့ရပါပြီ။
အဲဒီအလောင်းရဲ့ခေါင်းမှာ ညာဘက်နဖူးတခြမ်းက ပွင့်ထွက်သွားပါတယ်။ ကျနော်တို့ထပ်ပစ်ထားတဲ့ ကျည်ဝင်ပေါက်တွေရှိပါတယ်။ ကျနော်လည်း သေချာမြင်ရအောင် အနားကပ်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တော်မ်လည်းပေါက်ချလာပြီး အလောင်းကိုလာကြည့်ပါတယ်။
“ ကြည့်ရတာကျနော်တို့လိုချင်တ
အခုစစ်ဆင်ရေးကို White House မှာလည်း ကြည့်နေပြီး၊ ကျနော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုတွေကိုလည်း
ကျနော့်ခေါင်းထဲက ပစ်မှတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ…
ခုသေနေတဲ့လူက သုံးလွှာမှာရှိတဲ့ ယောက်ျား၊ အရပ်တော်တော်ရှည်တယ်၊ ၆ ပေ၊ ၄ လက်မ လောက်ရှိမယ်ထင်တယ်။ အဲဒီအချက်တွေအားလုံးကိုက်ပါ
ဆက်သားနှစ်ယောက်ဖြစ်တဲ့ အာမက်တို့ညီအကိုတွေ ရှိနေကြတဲ့ နေရာတွေကလည်း ထောက်လှမ်းရေးသတင်းအတိုင်း ကွက်တိပဲ။
ကြည့်နေရင်းနဲ့ ကျနော့်မျက်လုံးက အဲဒီလူရဲ့နှာခေါင်းကိုရောက်
ကျနော့် ရာဘာလက်အိတ်နဲ့ ကင်မရာတွေထုတ်ပြီး ဓါတ်ပုံတွေရိုက်ယူပါတယ်။ ဝေါ့လ်ထ်ကတော့ DNA Sample တွေယူပါတယ်။ အာရဗီစကားတတ်တဲ့ ၀ီလ်လည်းရောက်လာပီး ငိုနေတဲ့ ကောင်မလေးခြေထောက်ကို ဆေးထည့်ပေးနေပါတယ်။ အဲဒီကောင်မလေးနာမည်က အမားလ်အယ်ဖာတာ (Amal al-Fatah) ပါ။ ပစ်မှတ်လူရဲ့ ငါးယောက်မြောက်မယားပါ။ ခြေသလုံးမှာ နည်းနည်းလေးထိထားတယ်။ ကျည်စတခုခုမှန်ထားတဲ့ပုံပါ။
“ အောက်ဘက်မှာ သတင်းအချက်အလက်ယူလို့ရမယ့် ပစ္စည်း (SSE) တွေအပုံလိုက်ပဲ… အင်အားလိုနေတယ်…”
အဲဒါနဲ့ တော်မ်လည်း ထွက်သွားတော့ Command Net ကနေ သူ့အသံကိုကြားလိုက်ရပါတယ်။
“ သုံးလွှာမှာ ရေနံတွင်းမိလိုက်တယ်ဟေ့…”
ဝေါ့လ်ထ်က သူ့ CamelBak ကျောပိုးရေဗူးက ပိုက်လေးထုတ်ပြီး အလောင်းရဲ့မျက်နှာပေါ်ကိုဖြန
ဒီလူ့ ကြည့်ရတာ ရွှေနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ အားကျလို့ထင်ပါရဲ့။ မုတ်ဆိတ်တွေကလည်း ဆေးအမည်းဆိုးထားတော့ မည်းနက်နေတယ်။ ဒီလူ့မျက်နှာက ကျနော်ထင်ထားသလိုတောင် မဟုတ်ဘူး။ အင်း… ဒီလူ့မျက်နှာကို အနီးကပ်မြင်ရတာ နည်းနည်းတော့တမျိုးပါပဲ။
ပြီးခဲ့တဲ့ဆယ်စုနှစ်တခုလုံး
ကမ္ဘာပေါ်မှာ အလိုအရှိဆုံးလူရဲ့ မျက်နှာပေါ်ကသွေးတွေကို သုတ်ပြီး ဓါတ်ပုံရိုက်ရမှာ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုပဲ။ လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေရဖို့လိုပါတယ်။ အခုရိုက်မယ့် ဓါတ်ပုံတွေကို လူတွေအများကြီးကကြည့်ကြမှာဆ
လက်ထဲက စောင်ကိုဘေးချလိုက်ပြီး ပါလာတဲ့ကင်မရာကိုထုတ်လိုက်ပ
နှာခေါင်းကြီးကတော့ထင်းနေတ
“ ဖောက်ခွဲရေးအဖွဲ့… ခွဲဖို့ပြင်တော့…”
Troop Net ကနေ မိုက်ခ် အသံတချက်ကြားလိုက်ပါတယ်။ အဲဒီနောက်တော့ ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech နဲ့ ခြံနောက်ဖက် သွားနေကြတာကို Troop Net နေ ကြားနေရပါတယ်။ (EOD Tech – Explosive Ordnance Disposal Technician)
“ အဲဒါကိုခွဲပစ်ရမှာနော်…” ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် ပြောလိုက်တာကိုကြားရပါတယ်။
“ ကြားတယ်…” EOD Tech က ပြန်ပြောပါတယ်။
အဲဒါနဲ့ EOD Tech လည်း ဖောက်ခွဲရေးယမ်းတွေထုတ်ပြီး
“ What the fuck…? ”
ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် က ဗြုန်းဆိုထမေးပါလေရော။ သူမေးလိုက်တော့ အားလုံးလဲ ကြောင်တောင်တောင်တွေဖြစ်ကုန
“ ခုနက ခွဲမလို့ဆို…” EOD Tech ကပြန်ပြောပါတယ်။
“ အိမ်ကိုပြောတာမဟုတ်ဘူး… ဟယ်လီကော်ပတာကိုပြောတာ…”
“ အမ်… ဘယ်ကဟယ်လီကော်ပတာတုန်း…”
ကျနော်တို့စီမံချက်တွေထဲမှာ
ကျနော်တို့စစ်ဆင်ရေးကို ၀ါရှင်တန်မှာလည်း ကင်မရာတပ်ထားတဲ့ Drone နဲ့ တိုက်ရိုက်ကြည့်နေကြတော့ သူတို့မြင်ရတာက ဟယ်လီကော်ပတာက ခြံထဲဆင်းရပ်ပြီး လူတွေကိုချပေးနေသလိုဖြစ်နေတ
ခြံနောက်မှာတော့ ဟယ်လီကော်ပတာ အဖွဲ့သားတွေက ဖျက်ဆီးရမယ့် ပစ္စည်းကိရိယာတွေ အားလုံးကို ဖျက်ဆီးနေပြီးသွားကြပါပြီ။ ဟယ်လီကော်ပတာထဲကနေ နောက်ဆုံးမှ ဆင်းလာတာကတော့ ပိုင်းလော့တက်ဒီပါ။ သူဆင်းဖို့အောက်ကိုကြည့်လို
ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech တို့လည်း ဟယ်လီကော်ပတာ အတွင်းထဲနဲ့ အမြီးပိုင်းလက်လှမ်းမှီသလော
Ten minutes…!
Troop Net ကနေ မိုက်ခ် အသံကိုကြားလိုက်ရပါတယ်။ သုံးလွှာမှာလည်း မီးတွေလင်းလာပြီး ကျနော်ကဓါတ်ပုံဆက်ရိုက်၊ ဝေါ့လ်ထ်က DNA Sample တွေယူနေပါတယ်၊ သွေးနဲ့ သွားရည် နမူနာတွေကို နားကြပ်တံလေးတွေနဲ့ ယူပြီးသွားတော့၊ ပါလာတဲ့ ဆေးထိုးအပ်နဲ့ ပြွန်ကိုထုတ်ပြီး သူ့ပေါင်ရိုးကနေ ရိုးတွင်းခြင်ဆီ ယူဖို့လုပ်ပါတယ်။ အဆင်မပြေတော့ ကျနော့်ပစ္စည်းတွေ ထုတ်ပေးလိုက်ပါတယ်။ အဲဒါတွေနဲ့လည်း အဆင်မပြေဘူး။
ကျနော်ကတခြား SEAL တယောက်ရဲ့ ကင်မရာကိုပါယူပြီး ဓါတ်ပုံနောက်တစုံ ထပ်ရိုက်လိုက်ပါတယ်၊ ဝေါ့လ်ထ်ကလည်း DNA Sample နှစ်စုံယူပြီး တစုံကို Chalk Two က SEAL တယောက်ကို ပေးလိုက်ပါတယ်။ တကယ်လို့ "ဂျလာလာဘတ်" ကိုပြန်တဲ့ အပြန်လမ်းမှာ ဟယ်လီကော်ပတာ နှစ်စီးထဲကတစီး ပစ်ချခံရရင် နောက်တစီးမှာ တစုံကျန်နိုင်အောင်လို့ပါ။ ကျနော်တို့အနေနဲ့ အဲဒီဓါတ်ပုံတွေကို သက်သေအထောက်အထားအနေနဲ့ ပါကစ္စတန်အစိုးရနဲ့ တကမ္ဘာလုံးကို ပြဖို့လိုအပ်ပါတယ်။
သေနေတဲ့လူဘယ်သူဆိုတာကို အခန်းထဲလသာဆောင်မှာထိုင်နေတ
“ Geronimo EKIA…”
--------------------------------------------BY KK
0 comments:
Post a Comment