Welcome To My Blog... :)

ဒီရင်နားပါ အရိုင်းလိပ်ပြာ

ကျနော်လမ်းလျှောက်ရမည်..ဒီတောကြီးထဲကထွက်ရမည်ဆိုသောအသိသာရှိနေသည်..ကျနော်ဘယ်ကိုလျှောက်နေမိသည်ကိုပင်မမှတ်မိတော့...ဘယ်လိုခရီးဆက်နေလဲကျနော့်ခေါင်းကလိုက်မတွေးနိုင်တော့ပါ..ဒဏ်ရာသည်သွေးခဲခြောက်များနှင့်ယောင်ကိုင်းထုံကျဉ်နေပြီ..လူကလမ်းလျောက်နေပေမယ့်သတိကရတချက်မရတချက်ဖြစ်နေသည်...

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Thursday, 4 September 2014

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၅)

ဦးဇော်ခင်ကြောက်လန့်တကြားအနောက်ကိုလှည့်ကြည့်သည်..မြွေခေါင်းကသူ့မျက်နှာနှင့်နီးကပ်စွာ..ဦးဇော်ခင်တတွတ်တွတ်ရွတ်နေသည်.. - ထွက်သွားစမ်းပါကွာ..ငါမင်းကိုဘာလုပ်လို့လဲ...ငါ့ကိုမကိုက်ပါနဲ့... - ဦးဇော်ခင်တတွတ်တွတ်ရွတ်နေသံကိုကျနော်ကြားနေရသည်..ဦးဇော်ခင်ကလေယာဉ်ပျက်ကိုကျောကပ်ပြီးရွှေ့နေသည်..မြွေကြီးကဦးဇော်ခင်ကိုစိုက်ကြည့်နေသည်..ဦးဇော်ခင်ဂူဝဘက်ဆီတရွေ့ရွေ့နောက်ပြန်ဆုတ်နေသည်..နောက်ဆုတ်ရင်းပြန့်ကြဲနေသောဦးထွန်းနိုင်အရိုးစု၏ဦးခေါင်းခွံကိုခလုတ်တိုက်ပြီးလဲကျသွားသည်..လက်ကအရိုးတချောင်းကိုကောက်ကိုင်ပြီးမြွေဦးခေါင်းကိုလှမ်းရိုက်သည်..မြွေကြီးကဦးဇော်ခင်ကိုစိုက်ကြည့်ပြီးတရစ်ချင်းပတ်နေသည်......

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၄)

နားထဲမှာတောတိုးသံကြီးကြားလိုက်ရသည်..ကျနော်ရင်ထထတ်သွားမိသည်..သည်အသံကိုကျနော်ရောရတီပွင့်ပါသိသည်လေ..နေ့လည်ကကြားရသည့်အသံ..ဒီတခါအသံကပိုမြန်တာမို့ကျနော်ရတီပွင့်လက်ကိုဆွဲပြီးထလိုက်သည်..ပြေးစရာကဂူအတွင်းပိုင်းသာရှိသည်..ခဲရာခဲဆစ်ကြိုးဖြည်ခဲ့ပေမယ့်အပြင်ဘက်ကိုထွက်ပြေးခွင့်မသာ..ရတီပွင့်လက်ကိုဆွဲပြီးကျနော်လေယာဉ်ပျက်ဆီပြေးသည်.. မျက်လုံးထောင့်တွင်ရိပ်ကနည်းဦးဇော်ခင်တပည့်ထလာတာမြင်လိုက်ပြီးအကောင်ရှည်ကြီးတကောင်ဂူထဲကိုမီးရထားတွဲလိုတရှိန်ထိုးဝင်လာတာတွေ့လိုက်ရသည်..ဆက်မကြ့်နိုင်သေးဘဲလေယာဉ်ပျက်ကိုတံခါးဖွင့်ပြီးတက်လိုက်သည်..လေယာဉ်နောက်ပိုင်းထဲတွင်ပုထိုင်ပြီးကြည့်လိုက်တော့ကျနော့်တသက်မမေ့နိုင်စရာကြောက်စရာအကောင်းဆုံးမြင်ကွင်းကိုမြင်နေရသည်.....

ဗဟုသုတ မှတ်သားစရာ မြန်မာစကားပုံများ (အင်္ဂလိပ်ဘာသာပြန်)

1.Adjust burden to strength, like arrow to bow. တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။2.Although cowardly be slow to run. မရဲသော်လည်း ပြေးခဲစေ။3.The anger of the prudent never shows. ပညာရှိအမျက် အပြင်မထွက်။4.Arrows all gone before the battle begins. စစ်မရောက်ခင် မြှားကုန်။5.As the doe gives birth to a fawn the tiger eats it. သမင်မွေးရင်း ကျားစားရင်း။6.As...

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၃)

စားသောက်နေရင်းကဦးဇော်ခင်ကအသားဘူးကိုကိုင်ကာထလာသည်..ကျနော့်မျက်နှာရှေ့ဝှေ့ယမ်းပြပြီးမခံချင်အောင်လုပ်နေသည်.. - အလကားအသားအနာခံနေတယ်မောင်နေဇော်ဦးရယ်..မင်းငါလိုချင်တာပေးလိုက်ရင်အေးအေးဆေးဆေးထွက်သွားလို့ရတာကို.. - ခင်ဗျားကိုဒေါ်မူယာခင်နဲ့ပြန်တိုင်မှာမကြောက်ဘူးလား.. - ဒီမှာမောင်ရင်..ရတီပွင့်ကဘာမှပြန်မပြောတတ်ဘူးကွ..ဘယ်မှာလဲသက်သေ..မင်းမှာတခြားသက်သေမရှိဘူး..ငါကလည်းတောထဲမလာခင်ကတည်းကရတနာတွေရရင်သွားဖို့လမ်းကြောင်းလုပ်ထားပြီးသား..အမကလည်းဒီရတနာထုပ်ကိုမမက်နေဘူး..သူ့သမီးရှိရင်ပြီးရော..မင်းခေါင်းမာနေတာဆိုးတာကွ..မင်းသာထုတ်ပေးလိုက်ရင်ကိစ္စကပြီးပြီ..ငါ့အမကအကြောင်းစုံမင်းပြန်ပြောတောင်တဦးတည်းသောသူ့မောင်ငါ့ကိုစိတ်ဆိုးတာကလွဲပြီးတရားစွဲမှာမဟုတ်ဘူး..ငါကလည်းသူ့သမီးငါ့တူမကိုတော့နာအောင်မလုပ်ပါဘူး..တကယ်ဆိုငါရမယ့်အမွေတွေလည်းမင်းကြောင့်ဆုံးရှုံးရပြီ..ဒီရတနာတွေတော့ငါရသင့်တာပေါ့ကွာ.....

ဘဝအတွက် စိတ်ထားတတ်ဖို့ရာ

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။ ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ...

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၂)

ဦးဇော်ခင်ကပြောရင်းအတော်မောသွားဟန်ဖြင့်ရေဘူးကိုမော့သောက်နေသည်..ကျနော်ခုမှဇာတ်ရည်လည်တော့သည်..သူ့အကြောင်းတွေအခုလိုထုတ်ပြောတာအကောင်းတော့မဖြစ်နိုင်..ကျနော်ပြန်ပြောမည်ကိုကြောက်စရာမလိုအောင်သူစီစဉ်ပြီးပုံရသည်..ရတီပွင့်ကတော့သူ့ဦးလေးပြောနေတာတွေနားလည်ဟန်မတူ..သူကလူစကားကိုသိပ်မရေလည်သေးဘူးမဟုတ်လား..ကျနော်ကတော့တစုံတခုကိုတွေးမိပြီးလှုပ်ရှားဖို့ပြင်လိုက်ပေမယ့်နောက်ကျသွားပြီ.. ကျနော့်ဘေးတွင်ဦးဇော်ခင်တပည့်ကသေနတ်နှင့်ချိန်ထားသည်..ကျနော်နောက်ကျသွားပြီ..ကြိုတင်စီစဉ်လာဟန်တူသောကြိုးဖြင့်ကျနော်နဲ့ရတီပွင့်ကိုလက်နောက်ပြန်ကြိုးတုတ်လိုက်သည်.....

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၁)

ဇော်ခင်စဉ်းစားသည်..သည်အတိုင်းကတော့ဖြည်းဖြည်းနဲ့မှန်မှန်သာတက်လမ်းရှိသည်..အလွန်ဆုံးရတနာဆိုင်တာဝန်ခံပေါ့..ချမ်းသာဖို့လမ်းမမြင်..ဒီရတနာတွေရဲ့တ၀က်ရရင်တောင်ချမ်းသာပြီ..ဟုတ်တယ်..တ၀က်ရတောင်ချမ်းသာနိုင်တာဘဲ..လောဘစိတ်ကြောင့်ခေါင်းထဲမှာမကြံကောင်းမစည်ရာတွေတွေးမိလာသည်.. အတွေးနဲ့အတူကိုကျင်ဝှက်ကိုသွားတွေ့ဖို့လှမ်းထွက်လာခဲ့သည်..ကိုကျင်ဝှက်နဲ့တွေ့တော့လူရှင်းသောစားသောက်ဆိုင်တခု၏သီးသန့်ခန်းမှာအရက်သောက်ရင်းညနေစာစားသည်..ကိုကျင်ဝှက်ကိုယုံရပါ့မလား..တချိန်ကတော့သေအတူရှင်မကွာတွင်းသားတွေဘ၀နဲ့တူတူနေဖူးသူ.....

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၄၀)

ကိုကျင်ဝှက်ကြီး...ခင်ဗျားတယ်သားနားနေပါလား..ခွင်ကောင်းနေတယ်ထင်တယ်..ကျုပ်ကိုလည်းပြောပါဦးဗျ...ဒီမှာညစ်နေတာ - ဘာတွေညစ်နေတာတုန်း..ငါကမင်းလည်းမရှိတော့သူဌေးဖြစ်ခွေးဖြစ်ဆက်မလုပ်ချင်တာနဲ့လောပန်နဲ့လိုက်သွားတာ..သူကတရုတ်ပြည်မှာကျောက်စိမ်းအရောင်းအ၀ယ်လုပ်တယ်လေ..ငါကအ၀ယ်တော်ပေါ့..မြန်မာပြည်ထဲမှာပစ္စည်းလာရှာပေးရတာပေါ့ကွာ..မင်းအကြောင်းပြောပါဦး..ဘာဖြစ်နေပြီလဲ.. - ကျုပ်အကြောင်းကဒီလိုဗျာ..@$^&^&^$@@@%&^&$#...

Related Posts Plugin for WordPress, Blogger...