10:07
Unknown

မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့
ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရ အလိုတွင်သာ စားသုံးသင့်သည်။
(၃)လက်ဖက်ရည် မသောက်ပါနှင့်။
လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း (တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအေ ဟာရများကို စုပ်ယူရန် အခက်ခဲ ဖြစ်သွား ပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်း အိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေ နိုင်တော့ပေ။
10:01
Unknown
ကျွန်တော် ပထမနှစ် ဆေးကျောင်းသား ဘ၀လောက် ကတည်းက စပြီး အခုအချိန်အထိ အသိမိတ်ဆွေ ယောက်ျားလေး သူငယ်ချင်းတွေ အားကိုးတကြီး ခဏခဏ လာလာမေးနေကြတဲ့ ကျန်းမာရေး ပြဿနာ ဆိုင်ရာ မေးခွန်းအချို့ ရှိပါတယ်။ မေးကြတဲ့ အမျိုးသားတွေ အားလုံးက အရွယ်မျိုးစုံတွေ ဖြစ်ကြပေမယ့် မေးခွန်းက တစ်ခုတည်းလို့ ဆိုနိုင်ပါတယ်။ မေးခွန်းက ဘာလဲ ဆိုတော့
သူတို့ဟာ နာမကျန်းဖြစ်မှု တစ်စုံတစ်ရာ မရှိဘဲနဲ့ လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု အလိုလို ကျဆင်းနေကြရတာ ဘာဖြစ်လို့လဲ၊ (မရိုသေစကား ပြန်ပြောပြရရင်) အတူတူနေချိန် မှာလည်း အမျိုးသား သဘာဝ တောင့်တင်းမှု လျော့နည်းနေရတာ ဘာဖြစ်လို့လဲ ဆိုတဲ့ မေးခွန်းပါပဲ။
ဒီလို လာဆွေးနွေးကြသူတွေ ထဲမှာ အိမ်ထောင်သည်တွေ ပါသလို အိမ်ထောင်မရှိသူတွေလည်း ပါပါတယ်။ သူတို့ဟာ ထွေထွေထူးထူး မြင်သာထင်သာတဲ့ ဘာရောဂါမှ ခံစားနေကြရတာ မဟုတ်ကြသလို အိမ်ထောင်ဖက်နဲ့လည်း ပြဿနာ မရှိကြပါဘူး။ အလုပ်အကိုင် အားဖြင့်လည်း သိပ်ပင်ပန်း ကြမ်းတမ်းတဲ့ အလုပ်အကိုင် မဟုတ်ကြပါဘူး။ ကျွန်တော်ကလည်း မတောက်တခေါက် ဆေးပညာအမြင်လေးနဲ့ မျိုးစုံ စစ်ကြောမေးမြန်း ကြည့်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော့်ရဲ့ ဆေးကျောင်းသားဘ၀ မဖြစ်စလောက် ဆေးပညာ အသိလေးနဲ့ အကြောင်းအရင်းကို တိတိကျကျကို ရှာဖွေ မတွေ့ခဲ့ပါဘူး။
ဒုတိယနှစ်ကနေ စပြီး တစစနဲ့ သိလာရတာက ဒါဟာ တက်စတို စတီရုန်း (Testosterone) ခေါ် ကျားဟော်မုန်း အားနည်းချင်း ဆိုင်ရာ ပြဿနာ တစ်ခု ဖြစ်ဖို့ သေချာသလောက် ဖြစ်တယ် ဆိုတာပါပဲ။ ကျွန်တော်ဒီလို ပြောလို့ အထက်ပါ ဝေဒနာမျိုးတွေ ခံစားနေရခြင်းဟာ ကျားဟော်မုန်း အားနည်းတာကြောင့်ပဲလို့ လှေနံဓားထစ် အသေမှတ်သားပြီး အယူမလွဲစေချင်ပါဘူး။ ပန်းသေပန်းညှိုး၊ ဆန္ဒနည်း ဖြစ်စေတဲ့ အကြောင်းရင်းတွေက အမျိုးစုံ ရှိလို့ပါပဲ။
နောက်ပြီး တစ်ဆက်တည်း ရှင်းပြချင်တာက ဒီဆောင်းပါးမှာ တက်စတို စတီရုန်း ရေရှည် အားနည်းရင် ခံစားရတတ်တဲ့ လက္ခဏာတွေကို ကျွန်တော် ဆက်ရေးသွားပါမယ်။ ဒါတွေဟာ သိသာထင်ရှား ကွဲပြားမှု မရှိတဲ့၊ ယေဘုယျသဘော ဆောင်တဲ့၊ ရောဂါအတော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာ (Vague Symptoms) တွေ ဖြစ်နေတော့ ဒီရောဂါ လက္ခဏာတွေနဲ့ ခပ်ဆင်ဆင် တူနေရုံနဲ့ ငါတော့ ဟော်မုန်းအားနည်းနေတာပဲလို့ စွဲထင်မှတ်ယူ သွားတာမျိုး မဖြစ်သင့်ဘဲ ဆရာဝန်နဲ့ပဲ တိုင်ပင်ပြသပါ။ ဒီဆောင်းပါးတင်မက ဘယ်ကျန်းမာရေး ဆောင်းပါးပါ အချက်တွေကို မဆို ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ အနေနဲ့ပဲ ဖတ်မှတ်သင့်ပြီး တကယ့်တကယ် ဝေဒနာတစ်ခု ပေါ်လာပြီ ဆိုရင် ဆရာဝန်မဟုတ်တဲ့ ဘယ်သူနဲ့မျှ ကုသတာမျိုး၊ နည်းနည်းပါးပါး သိမှတ်ထားတာလေးနဲ့ ဆေးတွေ ကိုယ့်သဘောနဲ့ကိုယ် သောက်တာမျိုး မလုပ်သင့်ပါဘူး။ လုပ်ရင် အာဘော်ကုတွေသာ ဖြစ်ကုန်ပြီး ပညာကု မဖြစ်ဘဲ နေကုန်မယ်လို့ အကြံပြု ပါရစေ။
တက်စတိုစတီရုန်းဆိုတာ ဘာလဲ
------------------------------------------အမျိုးသားတွေရဲ့ သက်စောင့်ဟော်မုန်းတွေ ထဲက တစ်ခု ဖြစ်တဲ့ တက်စတိုစတီရုန်း (Testosterone) ဆိုတာ အားလုံးကြားဖူး ကြမှာပါ။(နောက်တစ်ခုကတော့ အဲန်ဒရိုဂျင် (Androgen) ဆိုတာ ဖြစ်ပါတယ်) ဟော်မုန်းလို့ ပြောလိုက်တာနဲ့ လူအများက ဘာကိုပဲ ပြေးစဉ်းစားမိသလဲဆိုတော့ လိင်ကိစ္စမှာ အသုံးဝင်မှုကိုပဲ တွေးမိကြပါတယ်။ ဟော်မုန်းဆေးလို့ ပြောရင်ပဲ ဟိုဆေးလိုလို ဒီဆေးလိုလို ထင်တတ်ကြပါတယ်။
တကယ်တမ်းကတော့ လူ့ခန္ဓာကိုယ်မှာ ဟော်မုန်းများ များပြားစွာ ရှိနေပြီး အဲဒီဟော်မုန်း တစ်ခုချင်းစီမှာ များပြားလှတဲ့ အသက်ရှင်သန် ပုံမှန်ဖြစ်ရေး လုပ်ငန်းတာဝန်တွေ ရှိနေပါတယ်။အဲဒီတာဝန်တွေဆိုတာ ကလည်း ခန္ဓာကိုယ်က ဆဲလ်တွေရဲ့ အသက်ရှင် ရပ်တည်ရေး ဓာတုဓာတ်ပြုမှုတွေ ၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုနဲ့တစ်ခု အချက်ပေး ညှိနှိုင်း ဆောင်ရွက်မှုတွေ အတွက် အထောက်အပံ့ ပစ္စည်းတွေအနေနဲ့၊ အချက်ပြပစ္စည်းတွေ အနေနဲ့ အသက်ရှင်ရေး လုပ်ငန်းစဉ် (Vital Activities) များကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
ဒါကြောင့် အရွယ်ရောက်ပြီး ယောက်ျားတစ်ယောက်မှာ ပုံမှန် ကာယ ဥာဏ စွမ်းရည်တွေ ထက်မြက်နေစေဖို့၊ အာရုံစူးစိုက်နိုင်စွမ်း ဖန်တီးတီထွင်နိုင်စွမ်း တွေကောင်းမွန်နေစေဖို့၊ အကောင်းမြင်စိတ် ကြိုးစားတည်ဆောက်လိုစိတ် အောင်မြင်မှု ပန်းတိုင်ဆီ သွားချင်တဲ့စိတ်ဓာတ်အင်အားတွေ ပုံမှန်တက်ကြွနေစေဖို့၊ လူမှုရေးမှာ အပြုသဘောဆောင်ပြီး အောင်မြင်နိုင်ဖို့၊ မျိုးဆက်ပွားကိစ္စမှာ ကျန်းမာရွှင်လန်းပြီး စိတ်သွားတိုင်း ကိုယ်ပါနေစေဖို့၊ အရေးကြီးဆုံးက အသက်ရှည်ရှည် နေရဖို့တွေ အတွက် တက်စတိုစတီရုန်း မရှိမဖြစ် လိုအပ်လှပါတယ်။
တက်စတိုစတီရုန်း လျော့နည်းလာရင် ဘာတွေ ဖြစ်လာမလဲ
-----------------------------------------------------------ပုံမှန် အားဖြင့် အမျိုးသား တစ်ယောက်ရဲ့ သွေးထဲမှာ တက်စတိုစတီရုန်း ပမာဏ 350 - 1000 ng/dl လောက် ရှိနေဖို့ လိုအပ် ပါတယ်။ ဒီပမာဏအောက် နည်းနေတာ ကြာလာခဲ့ရင် လိင်မှုကိစ္စမှာ စွမ်းဆောင်ရည် ကျဆင်းလာရုံမျှမက စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုးဝါးစွာ ထိခိုက်စေမှာဖြစ်ပါတယ်။ အသက်ရှည်ကျန်းမာရေးနဲ့ ဆိုင်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေ မှာလည်း သွားထိခိုက်လို့ ကျန်းမာရေးလည်း အဖက်ဖက်ကနေ ကျဆင်းလာမှာ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့ ဆိုရင် ဘာကြောင့်မှန်း မသိဘဲ ဒေါသထွက်နေခြင်း၊ အားငယ်နေခြင်း၊ ကြိုးစားအားထုတ်လိုစိတ် လူတွေကြားထဲ ပြောဆိုဆက်ဆံလိုစိတ် လျော့ပါးနေခြင်း စတဲ့ အထက်မှာ ပြောခဲ့တဲ့ ကောင်းကျိုးတွေရဲ့ ဆန့်ကျင်ဘက် ဆိုးကျိုးတွေကို ရရှိမှာဖြစ်ပါတယ်။
ဒီလိုတွေခံစားနေရရင်လည်း ကျွန်တော်တို့ဟာ တက်စတိုစတီရုန်း နည်းနေလို့ ဆိုတာ နှစ်ရှည်လများ သတိထားမိမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလို ကျန်းမာရေးဗဟုသုတမျိုးက တော်ရုံနဲ့ မသိနိုင်တာရယ်၊ လက္ခဏာတွေက အရမ်းသိမ်မွေ့လွန်းပြီး မသိသာလွန်းလို့ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားများ အနေနဲ့ အောက်ဖော်ပြပါ လက္ခဏာများ ကာလကြာရှည် မိမိမှာ ခံစားနေရလားဆိုတာ ဆန်းစစ်ကြည့်ပါ။
• အိမ်ထောင်ဖက်နှင့် တူတူ နေလိုစိတ် (သို့) လိင်မှုကိစ္စတွင် စိတ်ပါဝင်စားမှု ပုံမှန်အောက် သိသာစွာ လျော့နည်း ကျဆင်းလာခြင်း
• ပန်းသေပန်းညှိုး ဝေဒနာများ မကြာခဏ ခံစားရတတ်ခြင်း၊ တောင့်တင်းမှု ရသော်လည်း ကျေနပ်လောက်သော (သို့) ပုံမှန် အနေအထား မရခြင်း
• ဆံပင်အကျွတ်များလာခြင်း
• ကြွက်သားများ၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် ထုထည် လျော့နည်းကျဆင်းလာခြင်း
• ရေတို အနေအထားတွင် အရိုးကျစ်လျစ်သိပ်သည်းမှု (Bone Density) စစ်ဆေးကြည့်ပါက အရိုးပွနေသည်ဟု အဖြေရတတ်ပြီး ရေရှည်တွင် အရိုးကျိုးလွယ်တတ်သော အန္တရာယ် ရှိခြင်
• ကိုယ်အလေးချိန် တိုးနှုန်း မြန်လာခြင်း (သို့) သိသာထူးကဲစွာ အ၀လွန် လာခြင်း
• အမျိုးသမီးများ ကဲ့သို့ ရင်သားများ တောင့်တင်းကြီးမားလာခြင်း
• လုပ်ငန်းဆောင်တာ နေ့စဉ်ဘ၀များ၌ စိတ်ပါ တက်ကြွစွာ ဆောင်ရွက်လိုစိတ် လျော့နည်းကျဆင်း လာခြင်း
• သိသာစွာ မေ့တတ်လာခြင်း
• အာရုံစူးစိုက်နိုင်မှု အားနည်းလာခြင်း
• ကာလကြာရှည် အလိုလိုနေရင်း စိတ်အားငယ် စိတ်ဓာတ်ကျနေတတ်ခြင်း
• ကိုယ့်ကိုယ်ကိုယ်ပင် အံ့သြရလောက်အောင် ထိလွယ် ရှလွယ် စိတ်ဆတ်လာခြင်း
• လက်ရှိ ဘ၀အနေအထား အပေါ် ကျေနပ် နှစ်သိမ့် အားရမှု ရှုထောင့်မှ မတွေးမိတော့ဘဲ ဆန့်ကျင်ဘက် အတွေးများ လွှမ်းမိုးအားကောင်း လာခြင်း
09:33
Unknown

ကောင်မလေးခေါ်ရာကိုဆံရှည်လေးနောက်ဘိုကေပါကျနော်လိုက်ခဲ့သည်..ရိုးရာမပျက်အချစ်တော်ဘွန်းဘွန်းကထပ်ကြပ်မခွာ...သစ်ပင်ကြီးတွေနားရောက်တော့ဘွန်းဘွန်းကကျနော့်ခါးကိုဖက်သည်...သိလိုက်ပြီ..ကောင်းကင်ခရီး..ခုနလေးတင်မှရေချိုးထားတာမို့စိတ်ကသိကအောင့်ဖြစ်မိပေမယ့်ဘွန်းဘွန်းနွယ်ကြိုးကိုစခိုလိုက်တာနဲ့ချစ်လွန်းလို့ကြားလေတောင်အသွေးမခံနိုင်သလိုတအားကြုံးဖက်ထားလိုက်တော့သည်..ဘာဘဲဖြစ်ဖြစ်ရန်ကုန်ကကားစပယ်ယာတွေလိုအပေါက်မဆိုးဘဲစိတ်တိုင်းကျတွယ်စီးခွင့်ပေးထားတာကိုကကံကောင်းလှပြီ...
အတော်ကြာကြာသွားမိတော့ဆင်းရမယ့်မှတ်တိုင်ရောက်ပြီမို့မြေပြင်ကိုအသာဆင်းလာခဲ့သည်...တောထဲမှာကောင်းကင်ဘတ်စ်ကားစီးရတာလမ်းပိတ်မှာကားကျပ်မှာပူစရာမလို..မီးပွိုင့်မရှိ..ကောင်းပါ၏...ကျနော်တို့ဆင်းတဲ့နေရာကနေခြေလှမ်းသုံးဆယ်အကွာလောက်မှာတော့ကျောက်ဂူကြီး..အတော့်ကိုကြီးမားလှသည်..ကောင်မလေးကဦးဆောင်ဝင်သွားတာမို့ကျနော်လည်းလိုက်ဝင်ခဲ့သည်..ရှမ်းပြည်နယ်တောတွင်းမို့ထုံးကျောက်ဂူအမျိုးအစားဖြစ်မည်..အေးစိမ့်နေသည်..
ဂူထဲကိုတော်တော်ဝင်မိတော့မှောင်ရိပ်ကျသည့်နေရာမှာထီးတည်းကြီးရှိနေသောအရာတခု..လေယာဉ်ပျက်တစီးလို့ပြောရင်ပိုမှန်မည်..သိပ်မကြီးတာကြောင့်ကိုယ်ပိုင်လေယာဉ်အမျိုးအစားဖြစ်မည်..လေယာဉ်ဘေးဂူနံရံကိုမှီထားသည့်အနေအထားဖြင့်လူတဦ၏အရိုးစုကြီး..လေယာဉ်တံခါးကိုကျနော်ဆွဲဖွင့်လိုက်သည်..လေယာဉ်မောင်ခန်းအတွင်းပိုင်းလော့နေရာတွင်အရိုးစုတခု..နောက်ကထိုင်ခုံပေါ်တွင်ခါးပတ်ပတ်လျက်နှင့်လူနှစ်ဦး၏အရိုးစုများ..
ကျနော်တော်တော်စိတ်ဝင်စားသွားသည်..ကောင်မလေးကတော့ကျနော့်ကိုကွိကွီကွကွနဲ့ဆက်တိုက်အားကြိုးမာန်တက်ပြောပြနေသည်..ခက်တာကျနော်တလုံးမှနားမလည်..ဂူနံရံကအရိုးစုကိုသွားကြည့်တော့အပေါ်ကတစက်ချင်းကျနေသောထုံးကျောက်ရေများကြောင့်အရိုးစုကကျောက်သားတက်နေပြီ..အ၀တ်တွေကတော့ဆွေးမြေ့နေပြီဖြစ်ဟန်တူသည်..
လေယာဉ်ပေါ်ကိုကျနော်ပြန်တက်ကြည့်သည်..အသုံးဝင်တာဘာတွေ့နိုင်မလဲပေါ့..ခရီးဆောင်အတာချီကေ့စ်တလုံး..ကျောပိုးအိတ်တလုံး..အတာချီကေ့စ်ကိုဖွင့်ကြည့်သည်..အတော်ကျပ်နေပေမယ့်နည်းနည်းကလန့်လိုက်တော့ပွင့်သွားသည်..အထဲမှာယောက်ျားဝတ်ရှပ်အကျီ
င်္နဲ့ပုဆိုးတထည်..အတွင်းခံဘောင်းဘီနဲ့စွပ်ကျယ်..သားရေခေါက်ပိုက်ဆံအိတ်တလုံး..အတော်အမျိုးအစားကောင်းသည်..ငွေကတထောင်တန်၃အုပ်..တောထဲမှာပိုက်ဆံကအသုံးမ၀င်..သားရေအိတ်ကိုဖွင့်လိုက်တော့မှတ်ပုံတင်..ဦးထွန်းနိုင်..ဟာ..ဒါဆိုကျနော်မှတ်မိပြီ..
ကျနော်ခုနှစ်တန်းနှစ်လောက်ကအဖြစ်အပျက်...ရှမ်းပြည်ဘက်သွားရင်းပျောက်ဆုံးသွားသောလေယာဉ်..အဲ့ဒီအချိန်တုန်းကလူတိုင်းပါးစပ်ဖျားမှာပြောခဲ့တာဘဲ..သတင်းစာထဲလည်းပါခဲ့သည်..ကြာတော့ပုံပြင်တပုဒ်လိုတောင်ဖြစ်ခဲ့ပြီ..အိတ်ထဲမှာကလေးဂါဝန်လေးကသုံးထည်တွေ့သည်..ဟုတ်ပါပြီ..ဒါဆိုဒီကောင်မလေးမှာနာမည်ရှိသည်..သူ့နာမည်နဲ့သူ့အမေကစိန်တိုက်နဲ့ရွှေနဲ့ကျောက်မျက်ရတနာအရောင်းပြခန်းတွေဖွင့်ထားတာဘဲ..နာမည်ကြီးပေါ့..ပါးစပ်ဖျားတင်မေ့နေပါတယ်..ဒီနာမည်...စဉ်းစားစမ်း...ဟုတ်ပြီ..ရတီပွင့်..ဒီကောင်မလေးကငါးနှစ်သမီးနဲ့ပါသွားတာ..
လေယာဉ်ပေါ်ကျနော်ဆက်ရှာတော့လေယာဉ်ထိုင်ခုံအောက်မှာသေနတ်တလက်တွေ့သည်..ဒါဆိုဒီလေယာဉ်ပျက်ကျမှုသည်မရိုးသား..ရာဇ၀တ်မှုပါလိမ့်မည်...ကျောပိုးအိတ်ကိုဖွင့်ကြည့်တော့ရှပ်အကျီတထည်နဲ့ပုဆိုးတထည်..ကျနော်အတာချီကေ့စ်ထဲကပစ္စည်းတွေကိုကျောပိုးအိတ်ထဲပြောင်းထဲ့သည်..ဇစ်တွေကသိပ်မကောင်းတော့ပေမယ့်ပိတ်လို့တော့ရသေးသည်..သေနတ်ကိုယူပြီးကျောပိုးအိတ်ရှေ့အိတ်ထဲထဲ့လိုက်သည်..အရေးကြုံရင်သုံးလို့ရနိုင်သလိုသက်သေခံပစ္စည်းလည်းဖြစ်နိုင်သည်..
ဘေးကနေကျနော်လုပ်သမျှကြည့်ရင်းကွိစိကွစပြောနေသောကောင်မလေးကိုလှည့်ကြည့်မိသည်..သူပြောတာနားမလည်နေပေမယ့်သူကတော့ဖြစ်ပျက်ပုံအကြောင်းစုံကိုပြောနေပုံပင်..ကျနော်လေယာဉ်ပေါ်ကပြန်ဆင်းလိုက်သည်..ဒီကောင်မလေးကသူဌေးသမီးဘဲ..ခုတော့တောထဲမှာဘ၀ဆုံးနေသည်..ကျနော်ဒီတောထဲကပြန်ထွက်ရမည်..သူ့ကိုရအောင်ခေါ်သွားမှဖြစ်တော့မည်..သူ့မိခင်နဲ့ပြန်ဆုံပါစေတော့..ကျနော့်ရဲ့အသက်သခင်ကျေးဇူးရှင်မလေး..ကျနော်ပြန်ကူညီနိုင်အောင်ကြိုးစားရတော့မည်..
ခက်တာကသူကကျနော်ပြောတာနားမလည်သေးသလိုသူ့မျောက်ဝံတွေနဲ့လည်းခွဲနိုင်မှာမဟုတ်ဘူး..ကျနော်ကလည်းသူလူစကားသေချာပြန်ပြောတတ်ချိန်ထိမစောင့်နိုင်ပါ..မိုးကျလာရင်ဒီတောကြီးထဲကအပြင်ထွက်နိုင်ဖို့ပိုခက်ခဲသွားလိမ့်မည်..ဒီတော့သူလိုက်ချင်လာအောင်ကျနော်ဘယ်လိုလုပ်မလဲ..အဖြေကတော့တခုဘဲရှိသည်..အချစ်..သူ့ကိုအချစ်တခုတည်းဖြင့်သာဆွဲဆောင်နိုင်လိမ့်မည်..ခုဆိုမိုးကျဖို့နှစ်လလောက်လိုသေးသည်..ကျနော့်အမေလည်းစိတ်ပူနေတော့မည်..
ကျနော့်ချစ်တယ်ဆိုရင်ကောင်မလေးကတုန့်ပြန်မှာလား..သိပ်တော့မူစရာမရှိ..ဒီတောထဲမှာသူ့ကိုရည်းစားစကားပြောမယ့်သူကျနော်တယောက်တည်းရှိသည်..ကျနော့်ကိုမှသူမရွေးလျှင်အပျိုကြီးဖြစ်သွားရုံသာရှိလိမ့်မည်..ရွေးစရာမရှိလို့ပြန်ချစ်တာဆိုရင်တောင်သူချစ်မှကျနော်လည်းပြန်ရမည်..သူလည်းမိခင်နဲ့ပြန်တွေ့မည်..ကျနော်ကသာကိုယ့်အတွေးနဲ့ကိုယ်ရှေ့ရေးတွေးနေသည်..ကောင်မလေးကတော့သာလိကာလေးအလားတတွတ်တွတ်..ဒီလောက်စကားများသည့်ပါးစပ်လေးပိတ်ပေးဦးမှလို့တွေးပြီးကျနော်ကောင်မလေးခေါင်းလေးကိုလှမ်းဆွဲပြီးသူ့နှုတ်ခမ်းလေးကိုကျနော့်နှုတ်ခမ်းနဲ့အသာဖိပြီးပိတ်လိုက်သည်..ရင်ထဲမှာတော့ငလျင်တွေလှုပ်...၀ုန်းဒိုင်းဝုန်းဒိုင်း..
---------------------------------------------------By KK
ဆက်ရန်
06:57
Unknown
ပြန်ဖြေတယ်။>
> "ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
> သုတ်ပေးသူဖြစ်တယ်">
> သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
> ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှဝေသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
> သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။>
> သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။
> စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊
> နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။
> ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။
> အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။
> မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။
> ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့...
> သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။>
-------------------------------------
06:33
Unknown

ဝါရှင်တန်ဒီစီရဲ့ မြေအောက်မီးရထားဘူတာ တစ်ခုထဲမှာ လူတစ်ယောက် ထိုင်ပြီး
တယောကို စတီးပါတယ်။ အေးမြတဲ့ ဇန်န၀ါရီမနက်ခင်းတစ်ခုမှာပေါ့..
.
သူဟာ ဘက်စ် (ဂျာမန်ဂီတပညာရှင်) ရဲ့ သံစဉ် ၆ပုဒ်ကို ၄၅ မိနစ်ကြာလောက်
တီးနေပါတယ်။ တီးနေတဲ့အချိန်ဟာ အားလုံး အလျင်လိုနေတဲ့ ရုံးတက်ချိန်
ဖြစ်တာကြောင့် ထောင်နဲ့ချီတဲ့ ရုံးသွားသူတွေဟာ ဘူတာထဲမှာ
သွားလာနေကြတယ်လို့ တွက်ချက်ခန့်မှန်းလို့ ရပါတယ်။
သုံးမိနစ်အကြာမှာ လူလတ်ပိုင်းအရွယ် လူတစ်ယောက်က တယောသမားတစ်ယောက်
တီးနေတယ်ဆိုတာ စသတိထားမိပါတယ်။ သူက လမ်းလျှောက်တာကို နှေးလိုက်ပြီး
စက္ကန့်အနည်းငယ်ကြာ ရပ်နေရင်းကနေ ချက်ချင်းပဲ သူ့အချိန်ဇယားအတိုင်း
နောက်မကျအောင် အလောတကြီး ထွက်သွားပါတယ်။
နောက်တစ်မိနစ်အကြာမှာတော့ တယောဆရာဟာ သူ့ရဲ့ ပထမဆုံး ၁ဒေါ်လာကို
ရလိုက်ပါတယ်။ အမျိုးသမီးတစ်ယောက်က ပိုက်ဆံကို ခွက်ထဲကို လှမ်းပစ်ပေးပြီး
လမ်းလျှောက်တာကို မရပ်ဘဲ ဆက်လျှောက်သွားတာပါ။
မိနစ်အနည်းငယ် ကြာပြန်တော့ လူတစ်ယောက်က နံရံကိုမှီပြီး သူတီးနေတာကို
လာနားထောင်နေပါတယ်။ ဒါပေမယ့် အဲဒီလူလည်း နာရီကိုကြည့်လိုက်ပြီး
ထွက်သွားပြန်ပါတယ်။ သူရုံးနောက်ကျနေပါပြီ။
တယောဆရာကို အာရုံအစိုက်ဆုံးက ၃ နှစ်အရွယ် ကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက
သူ့ကို သာသာလေး တွန်းရင်း အလျင်စလို ခေါ်နေပေမယ့် ကလေးက ရပ်ပြီး
ကြည့်နေပါတယ်။ နောက်ဆုံး သူ့အမေက ခပ်ဆတ်ဆတ်လေး တွန်းလိုက်မှ နောက်ကို
လှည့်ကြည့်လှည့်ကြည့်နဲ့ ဆက်လျှောက်သွားပါတယ်။ သူ့လိုမျိုး တခြားကလေး
တချို့လည်း ပြုမူကြပေမယ့် မိဘတွေကတော့ သူတို့ကို ဆက်လျှောက်ဖို့
တွန်းရင်း ခေါ်သွားကြတာ ချည်းပါပဲ။
တယောဆရာတီးနေတဲ့ ၄၅ မိနစ်အတွင်းမှာ စုစုပေါင်း လူခြောက်ယောက်ကပဲ
ခဏရပ်ပြီး နားထောင်ကြပါတယ်။ လူအယောက် ၂၀ လောက်က သူ့ကို ပိုက်ဆံပေးပေမယ့်
မရပ်ဘဲ သူတို့ လျှောက်နေတဲ့နှုန်းအတိုင်း ဆက်လျှောက်သွားကြတာပါပဲ။ သူ ၃၂
ဒေါ်လာ လောက်ရလိုက်ပါတယ်။ သူတီးတာကို အဆုံးသတ်လိုက်တဲ့ အချိန်မှာတော့
တိတ်ဆိတ်မှုကသာ ကြီးစိုးသွားပြီး ဘယ်သူကမှ သတိမထားမိပါဘူး။ ဘယ်သူကမှ
လက်ခုပ်မတီးသလို အသိအမှတ်တောင် မပြုကြပါဘူး။
လူတွေ မသိလိုက်တဲ့အချက်ကတော့ အဲဒီတယောဆရာဟာ ကမ္ဘာ့အတော်ဆုံး
ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ Joshua Bell ဖြစ်တယ် ဆိုတာပါပဲ။ သူဟာ
ဒေါ်လာ၃.၅သန်းတန် အင်မတန်အနုစိတ်ပညာသားပါတဲ့ တယောသံစဉ်ကို
တီးခဲ့သူတစ်ယောက်ပါ။
မြေအောက်ရထားဘူတာမှာ မတီးခင် နှစ်ရက်အလိုတုန်းက ဘော့စတန်က ပြဇာတ်ရုံထဲမှာ
လုပ်ခဲ့တဲ့ သူ့ရဲ့ပွဲဟာ လက်မှတ်အကုန်ကုန်ခဲ့ပြီး ခုံတွေရဲ့ ဈေးနှုန်းဟာ
ပျမ်းမျှ ဒေါ်လာ ၁၀၀ လောက် ရှိပါတယ်တဲ့။
ဒါတကယ့်အဖြစ်အပျက် တစ်ခုပါ။ လူတွေရဲ့ ရှုမြင်ပုံ၊ အကြိုက် နဲ့
ဦးစားပေးမှုတွေကို လက်တွေ့စမ်းသပ်ကြည့်ဖို့အတွက် ဝါရှင်တန်ပို့စ်က Joshua
Bell မြေအောင်မီးရထားဘူတာထဲမှာ ရုပ်ဖျက်ပြီး တယောတီးဖို့ကို
စီစဉ်ခဲ့တာပါ။ အနှစ်ချုပ်ပြောချင်တာကတော့ ~ သာမာန်နေရာတစ်ခုမှာ...
ပြီးတော့ မသင့်တော်တဲ့ အချိန်မှာ လူတွေဟာ အလှတရားတွေကို
သတိပြုမိကြရဲ့လား? အဲဒါကို အသိအမှတ်ပြု ခံစားဖို့ အချိန်ယူ
ရပ်တန့်ကြရဲ့လား? မျှော်လင့်မထားတဲ့ အရာတွေဆီက ထူးခြားတဲ့
အရည်အသွေးတွေကိုရော သတိထားမိကြရဲ့လား?
ဒီအတွေ့အကြုံကနေ ကောက်ချက်ချနိုင်တာတွေထဲက တစ်ခုကတော့ ~ ကမ္ဘာ့အတော်ဆုံး
ဂီတပညာရှင်တစ်ယောက်က ကမ္ဘာ့အကောင်းဆုံးသံစဉ်တွေကို တီးနေတာကို
ရပ်နားထောင်ပြီး ခံစားဖို့ အခိုက်အတန့်လေးတောင် မရှိဘူးဆိုမှတော့...
ကိုယ်တို့ ဘာတွေကိုများ ဘယ်လောက် လက်လွတ်ခဲ့ကြပြီလဲ...?
04:14
Unknown

ဂူထဲမှာညအိပ်တော့ဘွန်းဘွန်းရောမျောက်မလေးပါကျနော်နဲ့အတူအိပ်သည်..တောင်ပေါ်ညလေအေးအေးကိုမြက်ခြောက်ထူထူထဲဝင်ကွေးရတာလည်းအရသာတခုဖြစ်သည်..တခုဘဲဆိုးသည်..ဘွန်းဘွန်းကကျနော့်နားလာအိပ်တာမို့စိတ်တော့နည်းနည်းညစ်ရသည်..ဂူကကျဉ်းပြီးကိုယ်ကသူတို့ဆီမှာဧည့်သည်ဆိုတော့ဘာမှမပြောသာ..ပြောသာလည်းသူတို့နားမလည်..
ဒါပေမယ့်ဘွန်းဘွန်းကသဘောတော့ကောင်းသည်..မျောက်တွေ၏ထုံးစံလူဘာလုပ်သလဲလိုက်ကြည့်ပြီးလိုက်လုပ်တတ်ကြသည်..သည်တော့ကျနော်ဂူအောက်ကိုဆင်းဖို့ကြိုးစားတော့သိပုံဖြင့်ဝိုင်းကူချပေးသည်...ဒါကြောင့်စမ်းချောင်းလေးရှိသည့်ဘက်ကိုထော့ကျိုးထော့ကျိုးနဲ့လှမ်းလာခဲ့သည်..ပြီးတော့သစ်ကိုင်းတခုကိုဓါးဖြင့်ချွန်ပြီးစမ်းချောင်းထဲကငါးများကိုထိုးပြတော့ဘွန်းဘွန်းကသွားဖြဲပြီးရယ်နေသည်..မျောက်မလေးကလည်းလိုက်လာသည်..ကျနော်ငါးဖမ်းတာကိုကြည့်ပြီးသဘောကျနေဟန်ရှိသည်..
သူတို့သာသဘောကျနေတာ..အမှန်ကကျနော်ကိုရှမ်းကြီးလုပ်သလိုသာလိုက်လုပ်နေရတာ..တကယ်ထိုးကြည့်တော့တကောင်မှမမိ..ကျွမ်းကျင်မှုကလိုသေးတာကိုး..ဘွန်းဘွန်းနဲ့မျောက်မလေးကအတော်ကြာကြည့်နေပြီးမှကျနော့်လက်ထဲကသစ်ကိုင်းချွန်ကိုလာဆွဲယူသည်..ကောင်မလေးကရေထဲကိုအတော်ကြာစိုက်ကြည့်ပြီးလက်ကသစ်ကိုင်းကိုဆတ်ကနည်းစိုက်လိုက်သည်..ပါလာတာငါးကြီးတကောင်..လက်စသတ်တော့သူကကျနော့်ထက်တောင်တော်သေးတာကိုး..
ဘွန်းဘွန်းကလည်းအားကျမခံသစ်ကိုင်းကိုယူပြီးထိုးပြသည်...ငါးတကောင်ကားကားကြီး..သူတို့ကတောထဲကကိုး..ပိုတတ်မှာပေါ့..ကျနော့်မှာလူတတ်ကြီးလုပ်ပြီးပြမိတာရှက်သွားသည်..ငါးတွေဆယ်ကောင်လောက်ရတော့မနိုင့်တနိုင်သယ်ပြန်လာကြသည်..အကောင်ကြီးတွေကတပိသာခန့်စီတော့ရှိနိုင်သည်..ရန်ကုန်မှာဆိုအတော်တန်းဖိုးရှိလိုက်မည့်ဖြစ်ချင်း..
ကျနော်သစ်ကိုင်းတွေဆွဲပြီးမီးမွှေးဖို့ပြင်တော့မျောက်တွေကသစ်ကိုင်းခြောက်ဝိုင်းစုပေးကြသည်..မီးမွှေးပြီးကိုရှမ်းကြီးလုပ်သလိုတော့ကျနော်လည်းရွှံမတူးနိုင်တာမို့ငါးကိုဗိုက်ဖောက်ပြီးရေဆေးသစ်ကိုင်းနှစ်ခုနဲ့သာညှပ်ပြီးကင်ရတော့သည်..မျောက်ဝံတွေကလည်းကျနော်လုပ်သလိုဝိုင်းလုပ်ကြတာမို့ပျော်စရာကြီးဖြစ်နေသည်..ဒီနေ့ငါးကင်ပွဲကတော့မတတ်တတတ်နဲ့မို့စားမကောင်းလှပေမယ့်မျောက်ဝံတွေကတော့သဘောကျနေကြသည်..ကျနော်လည်းမျောက်ဝံတွေနဲ့ရင်းနှီးသွားတော့သည်..
နောက်ရက်တွေမှာဆာကျစ်မြေနေရာလိုက်ရှာပြီးခြစ်..ပြီးတော့မိုးရေတိုက်စားပြီးခွက်နေတဲ့ကျောက်ခွက်ထဲရေနဲ့ဖျော်..နေပူလှမ်းထားတော့ဆားကြမ်းခဲဖြူဖြူတွေကိုမြေကြီးနဲ့ရောပြီးရသည်..မြေမှုန့်များကိုမှုတ်ထုတ်လိုက်တော့ဆားကြမ်းခဲများကျန်ခဲ့သည်..မျောက်ဝံတွေကိုရွှံတူးခိုင်းပြီးကိုရှမ်းကြီး၏ငါးကင်နည်းဖြင့်ကျနော်လည်းမျောက်ဝံတအုပ်ကြားစခန်းသွားနေရသည်..မျောက်ဝံဆိုတာကအစုံစားသောအကောင်တွေဖြစ်သည်..ကျနော်လုပ်သောငါးကင်ကိုသဘောတကျဖဲ့စားကြပြီးနောက်ရက်များတွင်ချောင်းထဲမှာငါးတွေမနေရဲလောက်အောင်သောင်းကျန်းနေကြတော့သည်...
မျောက်မလေးကတော့အခုဆိုငါး..စားမယ်..မီး..ရေ..မွှေးတယ်..နံတယ်..စတာတွေကိုအတော်ပြောတတ်နေပြီ..သင်ရတာသိပ်တော့မခက်..သူ့မှာနဂိုအခံရှိထားပြီးဖြစ်လောက်တာမို့သင်ရလွယ်သည်..သူမကချုံခပ်ထူထူစိတ်စိတ်ကိုယူပြီးစမ်းချောင်းအောက်ဘက်ချသည်..မနက်သွားဆွဲတင်တော့ချုံထဲခိုနေသောပုစွန်လေးတွေပါလာသည်..ဒါကြောင့်ကျနော်ကငါးအူတွေကိုမမြုပ်ပစ်တော့ဘဲသူ့ခြုံလေးထဲထဲ့ပေးသည်..မနက်သွားဆယ်ရင်ပုစွန်အကောင်အတော်ကြီးတာတွေပါလာသည်..ပုစွန်ကင်ကျွေးတော့သူအလွန်ကြိုက်ရှာသည်..
ဆယ်ရက်လောက်ရှိတော့ကျနော့်ခြေထောက်ဒဏ်ရာလုံးဝပျောက်သွားသည်..စိတ်လိုလက်ရရှိနေတာမို့ကောင်မလေးကိုခေါ်လိုက်သည်...
-
သဲ
-
ကိုကို
-
ရေချိုး...ရေချိုး...လာ
-
လာ..လာ..ရေချိုး..ရေချိုး..ဘွန်းဘွန်းရေ
-
ကျနော်ပြောသည့်အသံအတိုင်းလိုက်ပြောပြီးသူ့မျောက်ဝံကြီးကိုခေါ်ပါသည်..ဒီဆယ်ရက်အတွင်းမျောက်ဝံတွေကျနော့်ကိုမျောက်စကားဝိုင်းသင်တာကျနော်မတတ်..မျောက်ဝံတွေသာအခုဆို..လာ...သွား..စား..တူး..အိပ်..ထိုင်..စသဖြင့်တော်တော်နားလည်သွားရှာပြီ..မျောက်ဝံတွေအတွက်အထူးစပယ်ရှယ်စာသင်ဝိုင်းပေါ့ခင်ဗျာ..
စမ်းချောင်းထဲရေချိုးတော့ကျနော်ကဂျီးဘယ်လိုတွန်းတာလုပ်ပြသည်..ကောင်မလေးကလိုက်လုပ်သည်..အိုကေ..ရေထဲမဆင်းလာသောကုန်းပေါ်ကမျောက်ဝံကြီးဘွန်းဘွန်းနဲ့မျောက်တချို့ပါလိုက်လုပ်တာမို့ယိမ်းတိုက်သလိုပျော်စရာကြီးဖြစ်နေသည်..ရေချိုးပြီးတော့ကျနော်ကသူမဆံပင်တွေကိုနည်းနည်းချင်းဆွဲပြီးလက်ချောင်းများနဲ့ရှင်းပေးသည်..ခေါင်းပေါ်ကမျောက်သန်းတွေကိုသတ်ပေးရသည်..ကျနော်လုပ်သည့်အတိုင်းမျောက်ဝံတွေလည်းတကောင်နှင့်တကောင်အပြန်အလှန်လုပ်ပေးနေကြသည်..
ဆံပင်အောက်နားတွေကနီရဲကျွတ်ဆတ်ဖွာနေတာကြောင့်သူ့ဆံပင်တွေကိုစုစည်းပြီးနွယ်ကြိုးသေးသေးဖြင့်ပတ်လိမ်ပြီးချည်ပေးနေတော့သူမတစုံတရာကိုအမှတ်ရသွားသလိုစကားသံထွက်လာသည်..မာမီတဲ့..သူရွတ်လိုက်တာမာမီဆိုဘဲ..ဒါဆိုသူ့ငယ်ဘ၀မှာသူ့မာမီကဆံပင်စည်းပေးဖူးပါလိမ့်မည်..ကျနော်စိတ်ဝင်စားသွားသည်..သူ့ကိုမာမီ..မာမီလို့သုံးလေးခါထပ်ပြောတော့သူစဉ်းစားနေသည်..ကျနော်ကတော့သူ့ဆံပင်တွေကိုမနာအောင်အရင်းနားကဖိကိုင်ပေးထားပြီးလက်တဖက်ကဓါးနဲ့ကြိတ်လှီးပြီးဖြတ်နေရတော့သည်...
ကျနော်ဆံပင်ဖြတ်ပေးပြီးတော့သူကျနော့်လက်ကိုလာဆွဲသည်..အဝေးတနေရာကိုလက်ညှိုးထိုးပြပြီးမာမီမာမီလို့ပြောကာဆွဲခေါ်နေသည်..ကျနော့်ကိုတခုခုလိုက်ပြချင်ဟန်ရှိသည်..ဒါကြောင့်ကျနော်သူမသွားရာနောက်လိုက်ခဲ့ပါသည်..
----------------------------------------By KK
ဆက်ရန်
04:13
Unknown

မျောက်မလေးနဲ့မျောက်ဝံကြီးကတော့သစ်သီးတွေခူးပြီးလာပို့ရှာသည်...လူလည်းခုမှသက်သတ်လွတ်စားတဲ့သူတော်စင်ဖြစ်နေတော့သည်..အနာကတော့သက်သာလာပါသည်..အခုဆိုသစ်ပင်ပေါ်မှာနေရတာနှစ်ရက်ရှိပြီ..သက်စွန့်ဆံဖျားအပေါ့အလေးသွားရတာကလွဲရင်အားလုံးအဆင်ပြေပါသည်ပေါ့..တချိန်ကလမ်းလျှောက်ရင်းမလျှောက်ချင်တော့ဘဲပစ်လှဲချင်လောက်အောင်စိတ်ပျက်ခဲ့သောမြေကြီးကခုတော့ကျနော်နဲ့အဝေးမှာ..မြေပြင်ကိုလှမ်းမျှော်ကြည့်ရင်းအခုတော့မြေပေါ်မှာလမ်းလျှောက်ချင်နေမိသည်..လူ့စိတ်ဆိုတာခက်သား..
မျောက်မလေးကမျောက်ဝံကြီးကိုလက်ညှိုးထိုးပြီးဘွန်းဘွန်းလို့ပြောသည်..လေးငါးခါဆိုတော့ကျနော်သဘောပေါက်လာသည်..မျောက်ဝံကြီးကိုဘွန်းဘွန်းလို့ခေါ်သည်..သူမမျောက်ဝံကြီးကိုဘွန်းဘွန်းရေလို့ခေါ်သည်..ဒါတော့ကျနော်အံ့သြသွားသည်..အခေါ်အဝေါ်..သည်အခေါ်အဝေါ်မှာမြန်မာစကားပါသည်လေ..မျောက်လိုပြောနေပေမယ့်နာမည်ခေါ်ချိန်မှာတော့လူလိုခေါ်တာဘဲ..ဒါဆိုဒီမျောက်မလေးသည်တချိန်ကလူတွေကြားနေတော့နေဖူးလိမ့်မည်..လူစကားမေ့နေတာလည်းဖြစ်နိုင်သည်..နည်းနည်းချင်းတော့အစဖော်ရတော့မည်..ခုတော့ကမ္ဘာသုံးစကားလက်ဟန်ခြေဟန်ဖြင့်အလုပ်ဖြစ်နေသည်..
ဒီနေ့တော့သူတို့အပေါ်ပြန်တက်လာပြီးခါတိုင်းလိုဘွန်းဘွန်းကသစ်ကိုင်းပေါ်မထိုင်ဘဲကျနော့်နားကပ်လာသည်..ကျနော်လည်းခပ်ကြောက်ကြောက်နဲ့ကြည့်နေရသည်..ဘာလုပ်မလို့ပါလိမ့်..ဘွန်းဘွန်းလက်ကြီးတဖက်ကကျနော့်ခါးကိုလာဖက်သည်..ဒုက္ခဘဲ..ကိုယ်ကျိုးတော့နည်းတော့မလားမသိဘူး...အမေရေ..ကယ်ပါဗျ...ဘွန်းဘွန်းကကျနော့်ခါးကိုတင်းကျပ်စွာဖက်တော့ကျနော်ရုန်းသည်..
မျောက်မလေးကိုလည်းအသနားခံသောမျက်လုံးနဲ့လှမ်းကြည့်ရသည်...ဘုရားစူးပါစေ့ဗျာ..သူလေးသာဒီလိုလာဖက်ရင်ကျနော်မရုန်းပါဘူး..အခုတော့ဘွန်းဘွန်းကြီးကလာဖက်တာဆိုတော့ကြောက်တာပေါ့..နံကလည်းနံသေး..ကျနော်ရုန်းနေတာကြည့်ပြီးမျောက်မလေးကရယ်နေသည်..မကြောက်ဖို့လည်းလက်ဟန်ခြေဟန်ပြသည်..မျောက်နဲ့နေမှတော့အဖက်ခံရတာဘာတတ်နိုင်တော့မှာလဲ..ကျနော်ကသူတို့လက်ခုပ်ထဲကရေလေ..
ကျနော်ငြိမ်သွားတော့ဘွန်းဘွန်းကသူ၏ရှည်လျားသောတခြားလက်တဖက်နှင့်အသိုက်အပြင်ကနွယ်ကြိုးကိုလှမ်းဆွဲသည်..ပြီးတော့လွှားကနည်းခိုတွဲပြီးလွှဲစီးလိုက်သည်..ကျနော့်အသဲတွေအေးကနည်း..လူကကြောက်လန့်တကြားဘွန်းဘွန်းကိုတအားပြန်ဖက်ထားမိသည်..ရန်ကုန်ကရိုလာကိုစတာစီးတာထက်ပိုပြီးလှိုက်ဖိုရင်မောခံစားရသည်..ကျနော်သေချာသူ့ကိုဖက်ထားမှန်းသိတော့ဘွန်းဘွန်းကနွယ်တွေကိုတကြိုးနဲ့တကြိုးတလွှားလွှားဆွဲရင်းလွှဲကူးသွားသည်...
အောင်မလေးဗျာ..ဒီအချိန်မှာဘွန်းဘွန်းကိုလွတ်မထွက်အောင်အားကုန်တွယ်ဖက်ထားရင်းမျက်လုံးကိုမရဲတရဲဖွင့်ကြည့်တော့သစ်ပင်တွေကြားလေဟုန်စီးနေရသည်..ရုပ်ရှင်ထဲမှာတာဇံကားကဒီလိုကူးတာဘဲဖြစ်မည်..အနောက်မှာတော့မျောက်မလေးကထပ်ကျပ်မကွာနွယ်တွေခိုစီးပြီးလိုက်လာတာတွေ့နေရသည်..သူကူးနေတော့လည်းအလှသား..အတော်လေးကြာတော့မြေပြင်နဲ့၆ပေလောက်အကွာကတောင်ကမ်းပါးပေါ်ရှိကျောက်ဂူပေါက်တခုစီရောက်လာသည်..
ဘွန်းဘွန်းရောမျောက်မလေးပါဂူဝကိုအသာဆင်းလာကြသည်..ဘွန်းဘွန်းကကျနော့်ကိုအောက်ချလိုက်တာလား..ကျနော်ကဘဲတွယ်ကပ်ရာကလွှတ်လိုက်တာလားတောင်မမှတ်မိတော့ဘဲကျနော်ဂူကြမ်းပြင်ပေါ်သို့ကျသွားသည်..အတော်သာယာတာဘဲ..ဂူကတော့ခပ်သေးသေးဖြစ်သည်..ထုံးစံအတိုင်းမြက်ခြောက်ခင်းထားသည်..မြေကြီးပေါ်ဆင်းလို့လည်းရသည်..ကမ်းပါးနံရံတွင်အဖုအထစ်တွေရှိသည်..အနားကသစ်ပင်တွေပေါ်မှာတော့မျောက်ဝံတချို့စူးစမ်းပြီးကြည့်နေကြသည်..တချို့ဆင်းလာသည်..ရန်မူမည့်ပုံတော့မရှိပါ..
ကြည့်ရတာဒါမျောက်ရွာဖြစ်မည်..သိပ်မဆိုး..မြေပေါ်ရောက်လာတာတော့စိတ်ချမ်းသာသွားသည်..တွေးကြည့်မိတာတော့မလွဲဧကန်သစ်ပင်အောက်ကသက်သေခံပစ္စည်းတွေတွေ့သွားလို့ကျနော့်ကိုမြေပြင်ပေါ်ကိုရွှေ့ပေးတာဖြစ်မည်..ပတ်ဝန်းကျင်ညစ်ညမ်းစေမှုနဲ့တရားမစွဲတာဘဲတော်ပါသေးရဲ့...မျောက်ရွာကအတော်သာသာယာယာရှိပါသည်..ခြေထောက်မကောင်းသေးတော့လည်းတွယ်မဆင်းနိုင်..လျှောက်မသွားနိုင်သေးပါ...တောထဲကဆေးရွက်တွေကတော့အတော်အစွမ်းထက်ပုံရသည်..အနာမရင်းဘဲသက်သာတာမြန်ပါသည်..
ရေစီးသံခပ်သဲ့သဲ့ကြားနေရတာမို့စမ်းချောင်းကလည်းသိပ်ဝေးပုံမရ..သွားတော့ကြည့်ဦးမည်..မျောက်မလေးကကျနော့်ဘေးလွယ်အိတ်ကိုယူလာပေးသည်..ကျနော်ဂူထဲဝင်လာခဲ့သည်..ဂူထောင့်မှာတော့ထူးခြားသောအရာများတွေ့လို့ကျနော်သွားယူကြည့်သည်..တခုခုလှီးဖြတ်ရန်ထားပုံရသောချွန်ထက်နေသည်သတ္တုစတချို့..သံတော့မဟုတ်လောက်ဘူးထင်သည်..အကြိမ်ကြိမ်ကိုင်တွယ်အသုံးပြုထားဟန်ရှိတာကြောင့်မူလအသွင်သဏ္ဍာန်ကိုတော့ပုံဖမ်းမရတော့..ဒီအရပ်ဒီဒေသသည်စိတ်ဝင်စားစရာတော့အတော်ကောင်းလှသည်...
ဂူလေးကသန့်ရှင်းပေမယ့်မျောက်တို့၏ကိုယ်သင်းနံ့တော့စွဲကျန်နေသည်..မျောက်မလေးနေသည့်နေရာဖြစ်မည်..သူ့ရဲ့မျောက်အရေခွံအကျီ
င်္တွေ့နေရတာကြောင့်သွားကိုင်ကြည့်သည်..မျောက်အရေခွံတခုကိုဆွဲခွာပြီးလည်ပင်းနေရာကခေါင်းလျိုသွင်းပြီးခါးမှာကြာပွတ်နဲ့စည်းပြီးဝတ်တာဖြစ်ပါလိမ့်မည်..နွေးတော့အတော်နွေးသည်..ခုတော့မရွှေချောကကျနော်ဝတ်ပေးထားသောရှပ်အကျီ
င်္နှင့်ဟန်ကျနေသည်..ကျနော်ရေချိုးချင်နေမိသည်..နောက်နေ့တော့စမ်းချောင်းကိုသွားနိုင်အောင်ပြန်ကြိုးစားဦးမည်..
မျောက်အရေခွံကိုပြန်ချလိုက်စဉ်အောက်မှာအ၀တ်တစတွေ့လို့ဆွဲယူကြည့်တော့မူလအရောင်မသိရသောခပ်ညစ်ညစ်အထည်လေးတခု..ဖြန့်လိုက်တော့ကလေးဂါဝန်လေး..အတော်ညစ်ပေနေသည်..ကြာပြီဖြစ်ဟန်တူသည်..ဒါဆိုဒီမျောက်တွေကလူကလေးမလေးကိုတောထဲခိုးလာတာလား..အကျီ
င်္အရွယ်အစားအရတော့ငါးနှစ်ခြောက်နှစ်အရွယ်လောက်ဝတ်တာဖြစ်မည်..ဒါဆိုသူ့ကိုစကားပြန်သင်ပေးဖို့သိပ်ကြီးတော့ခက်ခဲမည်မထင်..ကြိုးစားကြည့်ရမည်..ဒါမှကျနော်အကျိုးအကြောင်းလည်းသိရမည်..ဒီတောထဲကပြန်ထွက်နိုင်မည့်လမ်းကိုသိရန်လိုသည်လေ..
-------------------------------------------------------------By KK
ဆက်ရန်