ဒီရင်နားပါ အရိုင်းလိပ်ပြာ

ကျနော်လမ်းလျှောက်ရမည်..ဒီတောကြီးထဲကထွက်ရမည်ဆိုသောအသိသာရှိနေသည်..ကျနော်ဘယ်ကိုလျှောက်နေမိသည်ကိုပင်မမှတ်မိတော့...ဘယ်လိုခရီးဆက်နေလဲကျနော့်ခေါင်းကလိုက်မတွေးနိုင်တော့ပါ..ဒဏ်ရာသည်သွေးခဲခြောက်များနှင့်ယောင်ကိုင်းထုံကျဉ်နေပြီ..လူကလမ်းလျောက်နေပေမယ့်သတိကရတချက်မရတချက်ဖြစ်နေသည်...

တိမ်ညိုလွှမ်းသည့်ပန်းစံပယ်

ဒီနေ့မနက်စိုးမြတ်ငြိမ်းရင်တွေခုန်နေသည်..မနေ့ညကမူးတုန်းချလိုက်သောဆုံးဖြတ်ချက်ကမနက်အမူးပြေချိန်မှာသို့လော..သို့လော...ဒူးတွေကတုန်သလိုလို..ရေငတ်နေသလိုလို..ကိုယ်တွေပူလာသလိုလိုနှင့်တမနက်လုံးဘာလိုလိုတွေများနေတော့သည်..ကျောင်းအုပ်ကြီးအခြေအနေကိုလည်းမကြာခဏသွားချောင်းနေရသေးသည်

နှလုံးသားဒဏ္ဍာရီ

မင်းအောင်ကခပ်တည်တည်နှင့်စနောက်တတ်သလောက်နဒီကတော့ခပ်ပြုံးပြုံးနေတတ်ပြီးဆရာလုပ်တတ်သူလေးဖြစ်သည်..စာလည်းတော်သည်..နဒီသည်သူမတခါမှမမြင်ဖူးသောသရဲကိုအလွန်ကြောက်တတ်သူဖြစ်ပြီးသရဲတစ္ဆေအကြောင်းပြောကြလျှင်ရှေ့ဆုံးမှနားထောင်တတ်သူဖြစ်သည်

သံယောဇဉ်နွယ်ရစ်လို့ကြွေ

နန်းမိုဟွမ်တယောက်ယာခင်းစပ်မှာချထားတဲ့ပလိုင်းထဲကအဖန်ရည်ဘူးကိုဆွဲထုတ်ရင်းအဆာပြေစားဖို့ထဲ့လာသောခေါပုတ်မီးကင်တမြှောင်းကိုပါဖက်နဲ့ပတ်ပြီးယူလာလိုက်သည်

Window 8.1 AIO Pre Activated

Window 8.2 AIO 2oin1 x64 ကို ကျနော် နှစ်ပိုင်းခွဲပြီး တင်ထားပေးပါတယ်.။ အောက်က လင့်မှာ ဒေါင်းလိုက်ပါ ခင်ဗျာ.။ နှစ်ခုပေါင်း 3GB ကျော်လောက် ရှိပါတယ်။

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Monday 24 November 2014

သက်​ဆုံး​တိုင်..(၉)ဇာတ်​သိမ်း



-------------------------------------------------
ကျွန်တော်​အိ​မွန်​လင်း​ပြော​တာ​ကို​နားထောင်​နေ​သည်..​သူ့​စကား​ဆုံး​သွား​ ချိန်​မှာ​အတိတ်​ကို​သတိရ​နေ​ဟန်​တူ​သော​မျက်ရည်​စ​များ​သူ့​မျက်​ဝန်း​မှာ​ ခို​တွဲ​နေ​တာ​မြင်​လိုက်​ရသ​ည်..​လက်စသတ်​တော့​သူ​လည်း​မိုက်မဲ​သူ​လေး​ ဘဲ..​ကျွန်တော်​စကား​စ​လိုက်​သည်..
-
မင်း​ပြော​တော့​မ​မြင်​ရ​သေး​တဲ့​ကလေး​ကို​သတ်​မိ​လို့​ဆို..
-
ကျွန်မ​က​သေ​ချင်​နေ​တာ...​အချစ်​အတွက်​လို့​ပြော​ရင်​ရှင်​က​တူ​တူ​သေ​ဖို့​လက်ခံ​ချင်​မှ​လက်ခံ​မှာ​လေ..
-
ဟုတ်​တယ်..​မင်း​အ​တော်​မိုက်မဲ​တာ..​ဒါ​နဲ့​မင်း​ဓါတ်​ပုံ​တွေ​ဒီ​လောက်​ ရိုက်​တာ...​မင်း​ချစ်​သူ​ပုံ​ရှိ​မှာ​ပေါ့..​ကျွန်​တော့်​ကို​ပြ​နိုင်​မ​ လား..
-
ပြ​နိုင်​ပါ​တယ်..​သူ့​ဓါတ်​ပုံ​တွေ​ကျွန်မ​ဆီ​မှာ​အများ​ကြီး​ပါ..
-
အိ​မွန်​လင်း​ထိုင်​ပြီး​သူ့​ဘေး​လွယ်အိတ်​ထဲ​က​ဓါတ်​ပုံ​တွေ​ကို​ထုတ်​နေ​ သည်..​တ​ပုံ​ကို​ရွေး​ပြီး​ကျွန်​တော့်​ကို​ပေး​သည်..​ကျွန်တော်​သူ​လှမ်း​ ပေး​သော​ဓါတ်​ပုံ​ကို​ယူ​ကြည့်​လိုက်​သည်..​ကြည့်​စမ်း..​ကမ္ဘာ​ကြီး​က​အ​ တော်​ကျဉ်း​တာ​ဘဲ..​ဒီ​လူ​ကို​ကျွန်တော်​သိ​တာ​ပေါ့..​ကျွန်​တော့်​အကို​လို ​ခင်​နေ​ရ​သူ​၏​ဇနီး​နှင့်​တွဲ​နေ​သူ..​ထို​အကို​ဇနီး​က​အွ​န်​လိုင်း​မှာ​ ကဲ​တတ်​သူ​မို့​လင်မယား​ရန်​ဖြစ်​တာ​အကြိမ်ကြိမ်..​သဝန်တို​သော​ယောက်ျား​၏​ ဒေါသ​ကို​မိန်းမ​လုပ်​သူ​က​အ​နှိပ်စက်​ခံ​နေ​ရသ​လို​ပြော​ပြီး​သနား​အောင်​ ချွဲ​သည်..

နောက်ဆုံး​တော့​ကြား​က​ဝင်​ခို​သူ​ကြောင့်​လင်မယား​ကွဲ​လု​ကွဲ​ခင်..​ အမျိုးသမီး​က​မိဘ​ဆီ​မှာ​ပြန်​နေ​ပြီး​ဆက်​လှုပ်ရှား​သည်..​ကွာရှင်း​ခွင့်​ တောင်း​သည်..​ကလေး​မျက်နှာ​နှင့်​ပြန်​ပေါင်း​လို​သော​ခင်ပွန်း​ကို​လက်မ​ခံ ​နိုင်​ဘဲ​ဒီ​လူ​က​သူ့​ကို​လက်ထပ်​မည်​ထင်​နေ​ရှာသည်..​အမှန်​က​ဒီ​လူ​ကGTCက ​ကောင်​မ​လေး​တယော​က်​ကို​ထပ်​ပြီး​ခွင်​ရှာ​နေ​ပြီ..​လူ​ရှုပ်​လူပွေ​ဆို​ တာ​ကို​ခင်ပွန်း​ဖြစ်​သူ​က​နားချ​ပေ​မယ့်​မ​ကွာ​ပေး​ချင်​တာ​ကြောင့်​ဟု​ ဇနီး​က​စွပ်စွဲ​ပြီး​မ​ယုံ​တော့​ထို​အကို​လည်း​စိတ်​ဆင်းရဲ​ပြီး​အရက်​သမား​ ဖြစ်​နေ​ပြီ..
ဒီ​လူ​က​အခု​န​ပ​တ​မှာ​သင်​တန်း​တက်​ရင်း​သူ့​သားကောင်​တွေ​နဲ့​ပျော်​နေ​ သည်..​သူ့​ကြောင့်​ဘ၀​တွေ​ဘယ်လောက်​ထိခိုက်​နစ်နာ​တယ်​သူမ​စဉ်းစား​တော့..​ သူ​လိုချင်​တာ​တွေ​ဘယ်​လို​မိန်း​ကလေး​တွေ​ဆီ​ကရ​နိုင်​မ​လဲဆို​သည့်​သူ့​ ထက်​သူ​ပို​ချမ်းသာ​သည့်​သားကောင်​မ​လေး​များ​ကို​မျက်စိ​ဒုတ်​ထောက်​ရှာဖွေ ​နေ​တုန်း​ရှိ​သေး​သည်..

ဒီ​လို​လူ​မျိုး​တယော​က်​အတွက်​ကိုယ့်​အသက်​ကို​သတ်​သေ​ချင်​သော​ဒီ​မိန်း​ ကလေး​ဘယ်လောက်​မိုက်မဲ​ပါ​သလဲ..​မတန်​ပါ..​သူ့​မိ​ခင်ကြီး​တန်ဖိုး​ထား​မွေး ​မြူ​စောင့်ရှောက်​ခဲ့​သော​သမီး​လေး​အတွက်​ရင်​ကျိုး​ရှာ​ပေ​လိမ့်​မည်..​ သူ့​ကို​ကျွန်တော်မ​သေ​စေ​ချင်​ပါ..​ဘယ်​လို​ဖျောင်းဖျ​ရ​မ​လဲ​တွေး​နေ​ တုန်း​ရုတ်​တရက်​မီး​မှောင်ကျ​သွား​သည်..​မီး​ပျက်​သွား​ပါ​ပြီ..​ကျွန်တော် ​ဘောင်းဘီ​အိတ်​ထဲ​က​မီးခြစ်​ကို​ဆွဲထုတ်​ပြီး​ခြစ်​လိုက်​သည်..​လင်း​လာ​ သော​မီးတောက်​အလင်း​ရောင်​အောက်​မှာ​ထိတ်လန့်​နေ​သော​သူ့​မျက်နှာ​ကို​မြင်​ လိုက်​ရသ​ည်..
-
ကျွန်မ​တို့​မီးလောင်​သေ​ကုန်​လိမ့်​မယ်​လေ..​ဂ​က်​စ်​ဖွင့်​ထား​တယ်..
-
ဟုတ်​သား​ဘဲ.​မီးလောင်​လို့​လှ​လှပ​ပ​မ​သေ​ရ​ဘဲ​ဖြစ်​တော့​မည်..​ကျွန်တော်​ မီးခြစ်​ကို​ပြန်​ငြှိ​မ်း​လိုက်​သည်...​တ​ခု​ခု​တော့​လွဲ​မှား​နေ​သည်​ဟု​ ခံစား​လိုက်​ရသ​ည်..​ကျွန်တော်​ရှု​ရှိုက်​နေ​သော​လေ​သည်​သန့်ရှင်း​လတ်ဆတ်​ နေ​ဆဲ..​ထူးဆန်း​သည်..​ဓါတ်ငွေ့​အနံ့​ကို​ကျွန်တော်မ​ရမိ​သေး​ပါ..​ ကျွန်တော်​မီးခြစ်​ကို​ပြန်​ခြစ်​ကြည့်​လိုက်​ပြီး​မီးဖို​ထဲ​လျှောက်​သွား​ သည်..​ဂ​က်​စ်​မီးဖို​ခလုတ်​ကို​ကစား​ကြည့်​လိုက်​သည်..​သေချာ​တာ​ဂ​က်​စ်​ ကုန်​နေ​သည်..
-
မီးလောင်​သေ​ချင်​တောင်​မ​ရ​ဘူး​ဗျာ..​ဂ​က်​စ်​ကုန်​နေ​တယ်..
-
ဟင်..​ရှင်​က​လဲ..
-
အေး​ဗျာ..​ကျွန်တော်​က​ကိုယ့်ကိုယ်ကို​သေ​လူ​လို့​သတ်​မှတ်ထား​တော့​ဂ​က်​စ်​အိုး​လည်း​မ​ကြည့်​မိ​ခဲ့​ဘူး..
-
ဒါ​ဆို​ဖယောင်းတိုင်​ထွန်း​လေ..
-
ဆောရီး​ဗျာ..​သေမ​ယ်​ဆို​ပြီး​ဘာ​မှ​ကို​မ​ဝယ်​ထား​မိ​တော့​ဘူး..
-
ဟင်..​ဒုက္ခ​ဘဲ..​ကျွန်မ​က​အ​မှောင်​ကြောက်​တယ်..​ဘယ်​လို​လုပ်​မ​လဲ..
-
မင်း​က​လည်း​သေမ​ယ်​ဆို​ပြီး​အ​မှောင်​ကြောက်​သေး​လား..
-
ခု​က​သေ​မှ​မ​သေ​သေး​တာ​ကိုး..​ကြောက်​တာ​ပေါ့..
-
​မိ်​န်း​မ​တွေ​က​အ​တော်​ထူးဆန်း​တယ်..​လှ​ချင်​တာ​နဲ့..​ကြောက်​တတ်​တာ​နဲ့..​အ​တွေး​က​လည်း​ချော်​သေး..
-
ရှင်​ဘာ​ပြော​တာ​လဲ..
-
ဘာ​မှ​မဟုတ်​ဘူး..​ဝ​ရံ​တာ​မှာ​ထွက်​ထိုင်​မယ်..​လ​ရောင်​တော့​ရှိ​သေး​တယ်..
-
အင်း..​ကောင်း​သား​ဘဲ..​ရှ​င့်​အကြောင်း​လည်း​ပြော​ဦး​လေ..
-
အေး​ဗျ..​မိန်း​ကလေး​တွေ​က​စပ်​စု​တာ​လည်း​ဝါသနာ​ပါ​တယ်..
-
ဒါ​ဆို​ရှင်​က​ကျွန်မ​အကြောင်း​အရ​င်​စပ်​စု​တာ​လေ..
-
ကဲ​ပါ​ဗျာ..​ကျွန်တော်​ပြော​ပါ့​မယ်..​ဒါ​ပေ​မယ့်​ကျွန်တော်​အရ​င်​ဆုံး​ ပြော​ပြ​ချင်​တာ​ရှိ​တယ်..​ခင်ဗျား​နဲ့​ကျွန်တော်​တူ​တူ​သေ​ဖို့​ကံ​မစ​ပ်​ ဘူး​ဗျာ...​ကျွန်တော်​တို့​နှစ်​ယောက်​သေမင်း​ရဲ့​တံခါး​ကို​အကြိမ်ကြိမ်​ သွား​ခေါက်​ခဲ့​ကြ​တယ်..​သေမင်း​က​သူမ​ခေါ်​ဘဲ​လာ​ချင်​တဲ့​သူ​ကို​အရေး​ လုပ်​ပြီး​တံခါး​ဖွင့်​မ​ပေး​ခဲ့​ဘူး..
မ​သိ​ချင်​ယောင်​ဆောင်​နေ​ခဲ့​တယ်..​မင်း​မှာ​မိ​ခင်​အို​ကြီး​ရှိ​တယ်..​ မင်း​သာ​သေ​သွား​ရင်​မင်း​ထင်​သ​လို​မင်း​အမေ​က​တရား​စခန်း​ရောက်​မယ်​ထင်​ လို့​လား..​မင်း​စိတ်​နဲ့​မ​သေ​သွား​နိုင်​ဘူး​လား..​မင်း​မှာ​အလုပ်အကိုင်​ ရှိ​တယ်..​ဘဝ​ကို​ပြန်​စ​ခွင့်​ရှိ​တယ်..
လူ​တွေ​ရဲ့​ချီးမွမ်း​ခု​နှစ်​ရက်၊ကဲ့ရဲ့​ခု​နှစ်​ရက်​ကြားမှာ​ကြံ့​ကြံ့​ ခံရပ်​တည်​လိုက်​စမ်း​ပါ..​မင်း​အပေါ်​တကယ်​တန်ဖိုး​ထား​သူ​လူကောင်း​တယော​ က်​ရှိ​လာ​မှာ​ပါ..​တန်ဖိုး​မ​ရှိ​တဲ့​လူ​ယုတ်မာ​က​မင်း​နဲ့​မတန်​လို့​ကံ​ တရား​က​ဖယ်​ပေးလိုက်​တယ်​ဘဲ​မှတ်​ပါ..​လက်ထပ်​ပြီး​မှ​အကျင့်​မ​ကောင်း​တဲ့​ လူ​ယုတ်မာ​မှန်း​သိ​ရင်​မင်း​ပို​စိတ်​ဆင်းရဲ​ရ​လိမ့်​မယ်..
-
အင်း..​ကျွန်မ​နားလည်​လာ​ပါ​ပြီ..​ရှ​င့်​အကြောင်း​လည်း​ပြော​ပြ​ပါ​လား..
-
ကျွန်​တော့်​အကြောင်း​က​ဒီ​လို​ဗျ..​ကျွန်​တော့်​ဖေ​ဖေ​က​တပ်​က​ထွက်​လာ​ ပြီးစီး​ပွား​ရေး​လုပ်​တယ်..​စစ်​သား​လူထွက်​ဆို​တော့​စီးပွား​ရေး​သိပ်​နား ​မ​လည်​ဘူး​ပေါ့​ဗျာ..​ဒီ​တော့​အရှုံး​ပေါ်​ပြီး​အကြွေး​တွေ​တင်​လာ​တယ်..​ အဖေ​က​စိတ်ညစ်​ပြီး​အိမ်​က​ထွက်​သွား​တာ​ဘယ်​ရောက်​နေ​မှန်း​ကို​မ​သိ​ရ​ တော့​ဘူး..​ကျွန်တော်​တို့​လည်း​အကြွေး​တွေ​နဲ့​မ​လုပ်​တတ်​မကို​င်​တတ်​ ကျန်​ခဲ့​တယ်..​အမေ​က​အဖေ့​ပင်စင်​ကို​ရောင်း​ပြီး​သူ​တတ်​တဲ့​အ​လှ​ပြင်​ ပညာ​နဲ့​အ​လှ​ပြင်​ဆိုင်​လေး​ဖွင့်​ပြီး​ကျွန်​တော့်​ကို​ကျောင်း​ဆက်​ထား​ ပေး​ပါ​တယ်..
အဆင်​တော့​မ​ပြေ​ဘူး​ပေါ့​ဗျာ..​ရ​တဲ့​ပိုက်ဆံ​က​အကြွေး​တွေ​ကို​အတိုး​ဖဲ့​ ဆပ်​ရင်း​လူ​လည်း​မ​သေ​ရုံ​ရပ်​တည်​နေ​ရ​တာ​ပေါ့..​ဒီ​လို​နဲ့​ကျွန်တော်​ ဘွဲ့​ရ​တော့​အလုပ်​ရှာ​ရ​တာ​ပေါ့..​အလုပ်​ဆို​တာ​က​ဘွဲ့​တ​ခု​ရ​ရုံ​နဲ့​မ​ ပြီး​ဘူး​လေ..​တခြား​တတ်​သင့်​တဲ့​သင်​တန်း​တွေ​တက်​ရ​ဦး​မှာ​ကိုး..
ခက်​တာ​က​ကိုယ်​တွေ​မှာ​အဲ့​လို​သင်​တန်း​စုံ​တက်​ဖို့​ငွေ​က​မ​ရှိ​တော့​ မြန်မာ​နိုင်ငံ​ထဲ​ကလူ​ငယ်​အများ​စု​လုပ်​နေ​သ​လို​နိုင်ငံ​ခြား​မှာ​သွား​ အလုပ်​လုပ်​ပြီး​ငွေ​ရှာ​မယ်​ဆုံးဖြတ်​ရ​တာ​ပေါ့..​အဲ့​ဒီ​တော့​ဧ​ဂျ​င့်​ တွေ​နဲ့​ဆက်​သွယ်​ရ​တော့​ငွေ​က​လို​လာ​တာ​ပေါ့..​ဂျပန်​မှာ​အလုပ်​သွင်းပေး​ မယ်​ဆို​တဲ့​ဧ​ဂျ​င့်​တွေ့​တော့​ကျွန်တော်​တို့​သားအမိ​ရဲ့​နောက်ဆုံး​ကျည်​ ဆန်​ဒီ​တိုက်ခန်း​လေး​ကို​ပေါင်​ပြီး​ငွေ​ပေးလိုက်​ပါ​တယ်​ဗျာ..
အဲ့​ဒီ​မှာ​အလုပ်​က​တလလ​ည်း​မ​ထူး...​နှစ်​လ​လည်း​မ​သိ​ရ​နဲ့​နောက်ဆုံး​ တော့​ဧ​ဂျ​င့်​လိမ်​ပြေး​သွား​ကြော​င်း​သိ​ရ​ချိန်​မှာ​နှစ်​ရှည်​လ​များ​ စိတ်​ဒုက္ခ​ရင်ဆိုင်​လာ​ရ​တဲ့​အမေ​က​ရုတ်​တရက်​ဦး​ဏှော​က်​သွေးကြော​ပြတ်​ ပြီး​ဆုံး​သွား​တယ်..
ကျွန်​တော့်​မှာ​တွယ်တာ​စရာ​မိဘ​က​လည်း​မ​ရှိ​တော့​ဘူး..​နေ​စရာ​လည်း​မ​ရှိ ​တော့​ဘူး..​ဒီ​တိုက်ခန်း​ကို​ကျွန်တော်​ပြန်​မ​ရွေး​နိုင်​ဘူး​လေ..​အလုပ်​ လည်း​မ​ရှိ​တော့​ဘဝ​ကို​အဆုံးသတ်​ပစ်​ဖို့​စိတ်ကူး​မိ​တာ​ပါ​ဘဲ​ဗျာ..
-
ဟင်..​ရှ​င့်​တိုက်ခန်း​ကို​အ​ပြတ်​ရောင်း​လိုက်​လေ.​ငွေ​နည်း​နည်း​တော့​ ထွက်​လာ​မှာ​ပေါ့..​အလုပ်​ကတော့​မ​ရွေး​ဘဲအ​ခု​ရပ်​တည်​နိုင်​ဖို့​ဘာ​ဖြစ်​ ဖြစ်​လုပ်​မယ်​ဆို​တဲ့​စိတ်ထား​လိုက်​ရင်​အလုပ်​တ​ခု​တော့​ရ​မှာ​ပါ..​ရှင်​ ကား​မောင်း​တတ်​မယ်​ဆို​ရင်​ကျွန်မ​စာ​သင်​တဲ့​အိမ်​မှာ​ကား​ဒ​ရိုင်​ဘာ​လို ​နေ​တယ်..​နေ​စရာ​နဲ့​စားစရာ​တော့​ရ​မှာ​ပေါ့..
ဒီ​လို​နဲ့​ဘဲ​ဘဝ​ကို​ပြန်​စကြ​ည့်​ကြ​တာ​ပေါ့​ရှင်..​သေမင်း​ကလက်​မ​ခံ​ တော့​လည်း​လူအ​သစ်​ပြန်​လုပ်​ကြ​တာ​ပေါ့..​ရှင်​ဒ​ရိုင်​ဘာ​လုပ်​မယ်​ဆို​ ရင်​ကျွန်မ​ဖုန်း​ကို​ဆက်​လိုက်..​ကျွန်မ​ပြော​ပေး​မယ်..
ဟိုမှာ​ကြည့်​စမ်း..​အာရုဏ်​လာ​နေ​ပြီ..​ကျွန်မ​တို့​ဒီ​မနက်​ရဲ့​နေထွက်​တာ ​ကို​မ​မြင်​ရ​တော့​ဘူး​ထင်​ထား​တာ..​အခု​တော့​မြင်​နေ​ရ​ပြီ..​ဘဝ​ဆို​တာ​အ ​မြဲ​တမ်း​အ​မှောင်​မ​ဖုံး​နေ​ဘဲ​နေထွက်​တဲ့​မနက်​ခင်း​အသစ်​တွေ​ရှိ​နေ​ဦး​ မယ်​ဆို​တာ​ကျွန်မ​တို့​သိ​ခွင့်​ရ​ခဲ့​ပြီ..
ကဲ..​ကျွန်မ​ပြန်​မယ်..​ကျွန်မ​ဖုန်း​နံပါတ်​ကိုရှင်​မှတ်ထား​လိုက်...​၀​ ၉-----------...စကားမ​စပ် ဘဝ​ဆို​တာ​ရည်​မှန်း​ချက်​ပျောက်​သွား​ပေ​မယ့်​ဒုတိယ​အခွင့်အရေး​တွေ​လာ​ နိုင်​သေး​တယ်​ဆို​တာ​သိ​လိုက်​ရ​လို့​ကျေးဇူးတင်​ပါ​တယ်..
-
ကျွန်တော်​သူ​ထွက်​သွား​တာ​ကို​ငေး​ကြည့်​နေ​မိ​သည်..​သူ​ပြော​သွား​သ​လို​ ဘဝ​ဆို​တာ​ဒုတိယ​မြောက်​အခွင့်အရေး​တွေ​လာ​နိုင်​သေး​တာ​ဘဲ​လေ..​အခု​မှ​ ကျွန်​တော့်​စိတ်​သောက​တွေ​လျော့ပါး​သွား​သည်..​အ​မြဲ​တမ်း​တော့​အ​ဆိုး​တွေ ​ဘဲ​မ​ရှိ​နိုင်​ပါ​ဘူး..​အ​ဆိုး​ထဲ​က​အကောင်း​တ​ခု​ခု​တော့​ကျွန်တော်​တို့ ​ရှာ​နိုင်​ရင်​တွေ့​နေ​ရ​ဦး​မှာ​ဘဲ​ဖြစ်​ပါ​သည်..
----------------------------------By KK
 — with Nu Nu Aung, Myanmar ThuyaeKaung, H Lwin Oo and 17 others.

သက်​ဆုံး​တိုင်..(၈)



----------------------
ကျွန်မ​ဘဝ​က​ရိုး​ရှင်း​သည်..​ကျွန်မ​ဘဝ​တသ​က်​သာ​တွင်​ဇင်​မောင်​မောင်​ တယော​က်​တည်း​ကို​သာ​ချစ်​ခဲ့​ပါ​သည်..​သူ​သည်​သာ​ကျွန်မ​ဘ၀၊ကျွန်မ​ အချစ်၊ကျွန်မ​ရည်​မှန်း​ချက်​ဖြစ်​ခဲ့​ပါ​သည်..​သူ့​ကို​တပ်မ​တော်​အရာရှိ​ ဆို​သည့်​ဂုဏ်​ပုဒ်​ကြောင့်​ချစ်​ခဲ့​မိ​တာ​လည်း​မဟုတ်...​သူ​တ​ခု​ခု​ဖြစ်​ မှာ​စိတ်ပူ​ရ​လွန်း​လို့​ကျွန်မ​တို့​လက်ထပ်​ပြီး​လျှင်​သူ့​ကို​နေရာ​ ကောင်း​တ​ခု​ခု​သို့​ပြောင်းရွှေ့​ပေး​ဖို့​ကျွန်မ​စာ​သင်ပေး​နေ​သည့်​ကလေး​ မိဘ​တွေ​ကို​တောင်​အကူအညီ​တောင်း​ထားမိ​သေး​သည်..​ကလေး​မိဘ​များ​ကစစ်​ရာထူး​ခန့်​ချုပ်​ရုံး​မှာ​ဖြစ်​နေ​တာ​ကြောင့်​အကူအညီ​တောင်း​မိ​ခြင်း​ပါ..

အခု​တော့​ကျွန်မ​ဖေ့​ဘုတ်​အ​ကော​င့်​မှာ​သွား​စကားပြော​မိ​သော​သူ့​ သူငယ်ချင်း​က​ကျွန်မ​ကို​တခြား​မိန်း​ကလေး​တယော​က်​နှင့်​မှား​နှုတ်ဆက်​ သည်..​အလိုက်​အ​ထိုက်​ပြော​ကြည့်​တော့​သိ​လိုက်​ပါ​ပြီ..​သူ့​မှာ​နောက်ထပ်​ ချစ်​သူ​တယော​က်​ရှိ​နေ​တာ​ဘဲ..​ကျွန်မ​ရင်​တွေ​ကွဲ​ကြေ​မတတ်​ခံစား​လိုက်​ရ ​ပါ​ပြီ..​ကျွန်မ​ကတော့​သူ့​ကို​ယုံကြည်​လိုက်​ရ​တာ..​မိဘ​ဆွေ​မျိုး​ အသိုင်းအဝိုင်း​တွေ​တား​နေ​ရက်​နဲ့​သူ့​ကို​ချစ်​မြတ်နိုး​ယုံကြည်​မှု​နဲ့​ အားလုံး​ကို​အ​တိုက်​အ​ခံ​လုပ်​ပြီး​သူ့​ကို​လက်ခံ​ပေး​ဖို့​ကြိုးစား​ခဲ့​ သူ​ပါ..

အခု​တော့​ကျွန်မ​သူ့​အကြောင်း​စုံစမ်း​ရ​ပြီ..​အားလုံး​ဝိုင်း​ပြော​ပြတာ​ တွေ​ဆက်​စပ်​လိုက်​တော့​ဇာတ်​လမ်း​က​ရုပ်​လုံး​ပီပီ​ပြင်​ပြင်​ပေါ်လာ​ပါ​ ပြီ..​ဇင်​မောင်​မောင်​က​ရုရှား​မှာ​နေ​စဉ်​ကတည်းက​အွ​န်​လိုင်း​မှာ​ကြူ​ ထား​သော​အမျိုးသမီး​တယော​က်​ရှိ​သည်..​ချစ်​စနိုး​အခေါ်​ဝက်​ဖြူ​ပေါ့..​ မိန်း​ကလေး​က​အ​ကော​င့်​ထဲ​မှာ​၂​၃​နှစ်...​အပြင်​မှာ​အသက်​၃​၀...​ကလေး​ တယော​က်​အမေ...​အိမ်ထောင်သည်..​ခင်ပွန်း​နဲ့​စိတ်ဆိုး​ပြီး​မိဘ​ဆီ​ပြန်လာ​ နေ​သူ..​တရားဝင်​ကွာရှင်း​ထား​ခြင်း​မ​ရှိ..

ခင်ပွန်း​လုပ်​သူ​က​လည်း​ကလေး​မျက်နှာ​ဖြင့်​အိမ်ထောင်​ပြန်​ပေါင်း​ဖို့​ ကြိုးစား​နေ​သူ...​အမျိုးသမီး​ကယော​က်ျ​ား​က​စိတ်​ဆင်းရဲ​အောင်​လုပ်​ကြော​ င်း..​နှိပ်စက်​ကြော​င်း​ဇင်​မောင်​မောင်​ကို​ရင်​ဖွင့်​သည်..​ဇင်​မောင်​ မောင်​က​ကယ်တင်​ရှင်​ကြီး..​အဓိက​အကျ​ဆုံး​ကတော့​အမျိုးသမီး​က​ချမ်းသာ​ပါ​ သည်..​မြန်မာ​ပြည်​ပြန်​ရောက်​ကတည်းက​ဇင်​မောင်​မောင်​လို​သ​မျှ​ဝယ်​ပေး​နေ ​သူ..​ဖုန်း​ကို​၁​၅​မိ​နစ်​တ​ခါ​ဆက်​သူ..​ကျွန်မ​ကတော့​တူ​နှစ်​ကိုယ်​နီး​ ဖို့​အရေး​စု​ရ​ဆောင်း​ရ​မို့​သူ့​ကို​အဲ့​လို​မ​ထောက်ပံ့​နိုင်​ခဲ့​ပါ..

ကျွန်မ​ကတော့​ရသ​မျှ​ဝင်ငွေ​ထဲ​က​နှစ်​ယောက်​ဆင်​တူ​လက်​စွပ်​လေး​ဝတ်​ဖို့​ စုဆောင်း​နေ​တုန်း​အမျိုးသမီး​ကတော့​ဇင်​မောင်​မောင့်​ကို​စိန်​လက်​စွပ်​ ဝယ်​ဆင်​ပေး​နေ​ပြီ..​နောက်ဆုံး​တော့​ကျွန်မ​မ​သိ​ချင်​ယောင်​ဆောင်​မ​ထား​ နိုင်​တာ​မို့​အမျိုးသမီး​နဲ့​နှစ်​ဦးချ​င်း​တွေ့​ဆုံ​စကားပြော​ကြည့်​သည်.. ​အမျိုးသမီး​က​ဇင်​မောင်​မောင်​ဗ​ထူး​မှာ​သင်​တန်း​တက်​စဉ်​ကတည်းက​လိုက်​ သွား​ပြီး​ဗ​ယ်​လင်​တိုင်း​ဒေး​ဆင်​နွှဲ​ခဲ့​သည်​က​အစ​ပြော​သည်..​ကျွန်မ​ နဲ့​ချစ်​သူ​ဖြစ်​နေ​မှန်း​အမှန်​တကယ်​မ​သိ​ကြော​င်း​ဝန်ခံ​သည်..

ဘယ်လောက်​အထိ​ရင်နာ​စရာ​ကောင်း​သလဲ​ဆို​ရင်​ဇင်​မောင်​မောင်​အမျိုးသမီး​ကို ​ပေး​သော​လက်ဆောင်​သည်​ကျွန်မ​တို့​ချစ်​သူ​သက်​တမ်း​နှစ်​နှစ်​ပြည့်​က​ ကျွန်မ​လက်ဆောင်​ပေး​သော​အ​နွေး​ထည်​အပြာ​လေး​ဖြစ်​နေ​သည်..​ရက်စက်​လိုက်​ တာ..​တကယ်​ဆို​သူ​ဒီ​အိမ်ထောင်သည်​အမျိုးသမီး​ကို​ဘဲ​သဘောကျ​နေ​ရင်​လည်း​ ကျွန်မ​၏​အညွန့်​တ​လူ​လူ​တက်​နေ​သော​ဘ၀​လေး​ကို​မ​ဖျက်ဆီး​သင့်​ပါ..​ ပတ်ဝန်းကျင်​တ​ခု​လုံး​သိ​ပြီး​လူအ​များ​လေးစား​ရ​သော​ဆရာ​မ​လေး​ဘဝ​မှာ​ ကျွန်မ​မျက်နှာ​ဘယ်​လို​ထား​ရ​မ​လဲ..

ဇင်​မောင်​မောင်​ကို​ထိပ်​တိုက်​ဆွေးနွေး​တော့​လည်း​မ​ရေ​မ​ရာ​ယောင်​ဝါး​ ဝါး​လုပ်​နေ​သည်..​လို​တိုင်း​တ​ပေး​နိုင်​သော​အမျိုးသမီး​ကို​လည်း​ စွန့်ခွာ​နိုင်​ပုံ​မ​ပေါ်...​အမျိုးသမီး​က​လည်း​သူ့​ကို​ဇင်​မောင်​မောင်​ တကယ်​ယူ​မည်​ဆို​ပါ​က​ခင်ပွန်း​နှင့်​ကွာ​ဖို့​ကြိုးစား​မည်​ဆို​တော့​ ကျွန်မ​အရှက်​မ​ရှိ​သူ​ထို​နှစ်​ယောက်​ကို​ကျောခိုင်း​ထွက်​ခဲ့​ပါ​သည်..​ ငယ်​ငယ်​ကတည်းက​မိဘ​သွန်သင်​မှု​နှင့်​ဗို​င်း​ကောင်း​ကျောက်​ဖိ​နေ​လာ​ခဲ့​ သူ​အဖြစ်​က​ပတ်ဝန်းကျင်​၏​သရော်​လှောင်​ပြောင်​မှု​တွေ​ကို​ကျွန်မ​ခံ​ရ​ တော့​သည်..

ကျွန်မ​မိ​ခင်​အို​ကြီး​လည်း​အသက်ကြီး​မှ​သမီး​အတွက်​သောက​များ​ရ​ပြီး​စိတ် ​ဆင်းရဲ​လွန်း​လို့​တရား​အား​မ​ထုတ်​နိုင်​ဘဲ​နေ့​တိုင်း​မျက်ရည်ကျ​နေ​ရသ​ ည်..​အရ​င်​က​လာ​ရောက်​တောင်းရမ်း​သူ​မှန်​သ​မျှ​ကို​ခေါင်းခါ​ခဲ့​သူ​မို့​ စောင့်​ကြည့်​နေ​သူ​များ​၏​မေး​ငေါ့​အတင်းပြော​သံ​များ​ကြား​နှလုံးသား​တ​ခု ​လုံး​အချစ်​ကြောင့်​ကွဲအက်​ကြေမွ​နေ​တဲ့​ကျွန်မ​ဒီ​လောက​ကြီး​ထဲ​ဆက်​ပြီး​ အသက်​ရှင်​ချင်​စိတ်​လည်း​မ​ရှိ​တော့​ပါ..​ကျွန်မ​စုဆောင်း​ထား​သ​မျှ​ငွေ​ အားလုံး​နဲ့​မိ​ခင်ကြီး​ကို​နှုတ်ဆက်​သည့်​စာ​တ​စောင်​ရေး​ပြီး​ကျွန်မ​ထွက် ​လာ​ခဲ့​ပါ​တော့​သည်..

မိ​ခင်ကြီး​ကျွန်မ​ထားခဲ့​သော​ငွေ​ဖြင့်​တရား​စခန်း​မှာ​ရာ​သက်​ပန်​ယော​ဂီ​ ဝတ်​ပါ​စေ​တော့..​ကျွန်မ​ကတော့​ရင်​တ​ခု​လုံး​ပူ​လောင်း​ပြင်းပြ​စွာ​လောင်​ မြိုက်​နေ​သော​အပူ​မီး​တို့​က​နေ​ပြေး​ထွက်​ဖို့​ကိုယ့်ကိုယ်ကို​အဆုံးစီရင် ​ဖို့​ဆုံးဖြတ်​လိုက်​သည်..​ပထမ​ဆုံး​အချစ်​မှာ​တင်​နှလုံးသား​တ​ခု​လုံး​မွ ​မွ​ကြေ​ခဲ့​ပါ​ပြီ..
------------------------------------By KK
ဆက်​ရန်
 — with မဟာ စစ်​သွေး, Chit Thu Yae Chaw, Myanmar ThuyaeKaung and 23 others.

သက်​ဆုံး​တိုင်..(၇)



----------------------
ကျွန်မ​အကြိမ်ကြိမ်​စဉ်းစား​ပြီး​ဘဝ​ချင်း​တူမျှ​သူ​မို့​ဘဝ​တ​ခု​ကို​နှစ်​ ယောက်​တူ​တူ​ရုန်း​ကန်​တည်ဆောက်​နိုင်​ကောင်း​ပါ​ရဲ့​လို့​တွေး​မိ​သ​လို​ သူ့​အပေါ်​တ​ဖြည်း​ဖြည်း​တွယ်​ငြိ​လာ​သော​ချစ်​ခြင်း​သံယောဇဉ်​ကြောင့်​ဇင်​ မောင်​မောင့်​အချစ်​ကို​လက်ခံ​ခဲ့​သည်..​နှစ်​ယောက်​လုံး​က​မ​ပြည့်စုံ​သူ​ တွေ​ဆို​ပေ​မယ့်​ကျွန်မ​ဝင်ငွေ​က​တ​လ​နှစ်​သိန်း​ကျော်​ရ​နေ​သ​လို​သူ့​လ​စာ ​လေး​လည်း​ရှိ​တယ်​ဆို​တော့​နှစ်​ဘက်​မိဘ​ကို​တတ်နိုင်​သ​မျှ​ထောက်ပံ့​ပြီး ​ဘဝ​တ​ခု​စ​မယ်​လို့​ကျွန်မ​ရ​ည္​ရွယ်​ခဲ့​မိ​ပါ​သည်..

သူ​ရုရှား​မှာ​သင်​တန်း​တက်​ရန်​နှစ်​နှစ်​ကျန်​သေး​တာ​မို့​ထို​အချိန်​ အတွင်း​ကျွန်မ​ကိုယ်​ပိုင်​ခြံ​လေး​တ​ကွက်​ရ​ရှိ​ဖို့​ကျား​ကုတ်​ကျား​ခဲ​စု ​ခဲ့​သည်..​အလုပ်​ကို​ပို​အားစိုက်​လုပ်​နေ​ရ​တာ​မို့​အရ​င်​လို​တ​ပတ်​နှစ် ​ရက်​တောင်သူ​နဲ့​မ​တွေ့​နိုင်​ဘဲ​သောကြာ​တရက်​တည်း​ကို​သာ​သတ်သတ်​မှတ်​ မှတ်​နေ့​တဝ​က်​စာ​အချိန်​ယူ​ပြီး​သူ​နဲ့​စကားပြော​ဖြစ်​သည်..​ကျွန်မ​လာ​ မည့်​အချိန်​ကို​ဇင်​မောင်​မောင်​က​လည်း​အ​မြဲ​စောင့်​ပေး​နေ​တတ်​သည်..

သူ​ပြန်​မ​ရောက်​ခင်​လေး​မှာ​ကျွန်မ​ခြံ​လေး​တ​ကွက်​ခပ်​သေး​သေး​ဝယ်​နိုင်​ သွား​ပါ​သည်..​သူ​က​ပြန်လာ​ပြီး​ရင်​သူ့​မိဘ​တွေ​အတွက်​စီးပွား​ရေး​တ​ခု​ခု ​လုပ်​ပေး​နိုင်​ဖို့​အချိန်​နှစ်​နှစ်​လောက်​စောင့်​ပါ​ဆို​လာ​တော့​လည်း​ ကျွန်မ​လက်ခံ​ပါ​သည်..​တ​ပတ်​မှာ​တရက်​တည်း​တွေ့​ရ​သော​ကျွန်မ​တို့​နှစ်​ ယောက်​မှာ​ရန်​ဖြစ်​လိုက်​ပြန်​ချစ်​လိုက်​အချိန်​တွေ​လည်း​ရှိ​ခဲ့​ပါ​ သည်..

သူ​နဲ့​အဆက်​အသွယ်​ရ​ဖို့​ရသ​ည့်​ဝင်ငွေ​ထဲ​က​စုဆောင်း​ပြီး​ဖုန်း​တ​လုံး​ လည်း​ရအောင်​ဝယ်​ခဲ့​သည်..​ချစ်​သူ​သက်​တမ်း​နှစ်​နှစ်​ပြည့်​လာ​တော့​ ကျွန်မ​မိ​ခင်​နှင့်​တ​ကွ​သူငယ်ချင်း​အ​တော်​များ​များ​လည်း​ကျွန်မ​တို့​ အကြောင်း​သိ​ကုန်​ကြ​ပြီ..​ကျွန်မ​သူ့​အပေါ်​သစ္စာရှိ​သ​လို​သူ​လည်း​ သစ္စာရှိ​မည်​လို့​ကျွန်မ​ယုံကြည်​ခဲ့​သည်..​ချစ်​သူ​သက်​တမ်း​နှစ်​နှစ်​ ပြည့်​အတွက်​သူ​ရှိ​ရာ​ရုရှား​ကို​လူ​ကြုံ​နဲ့​အ​နွေး​ထည်​အပြာ​ရောင်​လှ​လှ ​လေး​တ​ထည်​ကျွန်မ​ပို့​ပေး​ခဲ့​ပါ​သည်..

သင်​တန်း​ကာလ​ပြီး​ဆုံး​ပြီး​သူ​မြန်မာ​ပြည်​ပြန်လာ​ချိန်​မှာ​တော့​ကျွန်မ​ ၏​အ​ပျော်​ဆုံး​အချိန်​များ​ဖြစ်​သည်..​စစ်ကြော​ရေး​နဲ့​တည်းခို​ရေး​က​ ဆိုင်​လေး​ထဲ​မှာ​သူ့​ကို​ကျွန်မ​သွား​တွေ့​ရသ​ည်..​ကျွန်မ​နှင့်​အတူ​ ခင်မင်​ရ​သော​အမ​တ​ဦး​ကို​အဖော်​ခေါ်​သွား​သည်..​ထို​နေ့​ရက်​ကလေး​သည်​ အရမ်း​ပျော်​စရာ​ကောင်း​ခဲ့​သည်..​သူ့​သူငယ်ချင်း​တွေ​အကုန်​လာ​ဝိုင်း​ ထိုင်​ကာ​စ​လိုက်​နောက်​လိုက်​နှင့်​လက်​ဘက်​သုတ်​ပန်းကန်​တွေ​လည်း​တက်တက်​ ပြောင်​လို့..

နောက်​ရက်​များ​တွင်​သူ​နဲ့​ဘုရား​သွား​ကြ၊လျှောက်​လည်​ကြ​သည်..​ဇင်​မောင်​ မောင်​က​ကျွန်မ​ကို​အိမ်​ပြန်​လိုက်ပို့​ပေး​ပြီး​ကျွန်မ​မေမေ​နဲ့​လည်း​ တွေ့​ပါ​သည်..​သူ​တာဝန်​ကျ​ရာ​တပ်​ကို​ရောက်​သွား​ပေ​မယ့်​အ​မြဲ​တမ်း​အဆက်​ အသွယ်​မ​ပြတ်​ခဲ့​ပါ..​ကျွန်မ​မှာ​ရခိုင်ပြည်နယ်​တွင်​တာဝန်​ကျနေ​သော​သူ့​ အတွက်​နေ့​တိုင်း​စိတ်ပူ​စိုးရိမ်​ပေး​နေ​ခဲ့​သည်..​စားစရာ​များ​ကြော်လှော် ​ချက်​ပြုတ်​ပြီး​ပို့​ပေး​ခဲ့​သည်.

သူ​ဗ​ထူး​မှာ​သင်​တန်း​တက်​တော့​လည်း​စားစရာ​များ​ပို့​ပေး​ရင်း​လွမ်း​ကြော ​င်း​ဖုန်း​တွေ​ဆက်​ခဲ့​သည်..​ဗ​ထူး​မှာ​သင်​တန်း​တက်​နေ​စဉ်​အတွင်း​ဇင်​ မောင်​မောင်​အ​ချိုး​တွေ​ပြောင်း​လာ​သည်..​ဖုန်း​ခေါ်​မ​ရ​ဘဲ​ဖုန်း​က​ဆက်​ သွယ်​မှု​ဧ​ရိ​ယာ​ပြင်​ပ​ရောက်​နေ​တာ​များ​သ​လို​သူ့​ဘက်​က​ဖုန်း​ခေါ်​ဆို​ မှု​လည်း​နည်း​လာ​သည်..​သူ​စာ​တွေ​များ​နေ​လို့​ဖြစ်​မည်​ဆို​ပြီး​ကျွန်မ​ နားလည်​ပေး​ဖို့​ကြိုးစား​ခဲ့​ပါ​သည်..​သင်​တန်း​ဆင်း​လာ​ပြီး​နောက်​ပိုင်း ​ကျွန်မ​တို့​ဆက်ဆံ​ရေး​က​ပြန်လည်​အဆင်​ပြေ​နေ​တာ​မို့​ကျွန်မ​သူ့​ကို​သံသယ ​မ​ဝင်​ခဲ့​မိ​ပါ..

သူ့​အိမ်​ဘက်​က​လည်း​သိ​လာ​ပြီ​ဖြစ်​တာ​ကြောင့်​ကျွန်မ​သူ့​အကို​တွေ​အကူအညီ ​တောင်း​သည့်​ကိစ္စ​များ​ကို​ပင်​အလုပ်​ပျက်​ခံ​လိုက်​လုပ်​ပေး​နေ​မိ​သည်.. ​ပတ်ဝန်းကျင်​က​လည်း​သိ​နေ​ပြီ​မို့​ဘယ်​တော့​စား​ရ​မှာ​လဲ​မေး​နေ​ကြ​ပြီ.. ​ကျွန်မ​တို့​နှစ်​ယောက်​ရှေ့​ရေး​အတွက်​ငွေစု​ကြ​ရအောင်​လို့​သူ့​ကို​ တိုက်တွန်း​မိ​သည်..​ကျွန်မ​တို့​ချစ်​သူ​သက်​၃​နှစ်​ကျော်​လာ​ပြီ​မို့​ ရှေ့​ရေး​အတွက်​ခု​ကတည်းက​ကြိုတင်​စီစဉ်​သင့်​ပြီ​လေ..

ကျွန်မ​နဲ့​သူ​ရဲ့​ဆက်ဆံ​ရေး​က​အဆင်​ပြေချော​မွေ့​နေ​သည်​လို့​ကျွန်မ​ထင်​ နေ​ပေ​မယ့်​ခင်မင်​ရ​ပြီး​ကျွန်မ​တို့​အကြောင်း​သိ​သော​အမ​များ​က​ကျွန်မ​ ကို​ဖေ့​ဘုတ်​သုံး​သင့်​ကြော​င်း​တိုက်တွန်း​လာ​ရုံ​တင်​မက​ဘဲ​ဖေ့​ဘုတ်​အ​ ကော​င့်​တ​ခု​ဖွင့်​ပေး​ကာ​သူ​ပြန်​ရောက်​ကတည်းက​အင်​တာ​နက်​နဲ့​အဆက်​အသွယ် ​ပြတ်​နေ​သော​ကျွန်မ​ကို​အွ​န်​လိုင်း​တက်​ဖို့​တွန်း​အားပေး​ကြ​သည်..​တရက် ​တော့​ကျွန်မ​အတွက်​ဖွင့်​ပေး​ထား​သော​ဖေ့​ဘုတ်​အ​ကော​င့်​ကို​ဘာ​ရယ်​မဟုတ် ​စ​သုံး​ကြည့်​မိ​သည်..​အ​ကော​င့်​ဖွင့်​ပေး​သော​အမ​က​ဇင်​မောင်​မောင့်​ သူငယ်ချင်း​များ​ကို​အပ်ပေး​ထား​တာ​ကြောင့်​ကျွန်မ​မီး​စိမ်း​နေ​သော​အ​ကော​ င့်​တ​ခု​ကို​သူ့​သူငယ်ချင်း​မို့​စကား​လှမ်း​ပြော​ကြည့်​လိုက်​သည်..

ထို​နေ့​က​ကျွန်မ​မ​သိ​သော​သူ့​လိမ်လည်​မှု​မာယာ​တွေ​ကို​စ​သိ​ခဲ့​ရ​သော​ နေ့...​ကျွန်မ​၏​ယုံကြည်​မှု​များ​ပြို​ပျက်​ခဲ့​ရ​သော​နေ့​ဖြစ်​ခဲ့​ပါ​ သည်..​အ​ကော​င့်​ဖွင့်​ပေး​သော​အမ​ဆီ​ကျွန်မ​ဖုန်း​ဆက်​လိုက်​ပြီး​မေး​ လိုက်​တော့​မှ​ကျွန်မ​ကိုယ်တိုင်​သိ​စေ​လို​တာ​ကြောင့်​ဆို​သော​ကျွန်မ မ​သိ​သည့် ကျွန်မ​ချစ်​သူ​အကြောင်း​တွေ အများ​ကြီး​သိ​လိုက်​ရ​ပါ​တော့​သည်..
----------------------------------------------By KK
ဆက်​ရန်
 — with Myanmar ThuyaeKaung, ကလေး​လေး ပါ​ကွယ် ကလေး​လေး, Jessica Lin and 23 others.

သက်​ဆုံး​တိုင်..(၆)



----------------------
ဖေ​ဖေ​မ​ရှိ​တော့​သည့်​နောက်​ပိုင်း​ကျွန်မ​တို့​သားအမိ​နှစ်​ယောက်​တည်း​သာ ​ကျွန်မ​တို့​ကမ္ဘာ​ဖြစ်​သည်..​အိမ်​၏​ဝင်ငွေ​သည်​ကျွန်မ​စာ​ပြသ​ည့်​ဝင်ငွေ ​တ​ခု​တည်း​အပေါ်​မှီခို​နေ​သည်..​ကျွန်မ​သွား​လေ​ရာ​မိ​ခင်ကြီး​က​ လိုက်ပို့​လိုက်​ကြို​ပေး​သည်..​ကျွန်မ​၏​စာ​အသင်​အ​ပြ​ကောင်းမှု​ကြောင့်​ နာမည်​အ​တော်​ရ​လာ​ပြီး​ဂို​က်​အလုပ်​ကလက်​မ​လည်​အောင်​ဖြစ်လာ​တာ​ကြောင့်​ ကျွန်မ​မူ​ကြို​ဆရာ​မ​လေး​အလုပ်​က​ထွက်​လိုက်​သည်..​နေ့​လည်​ပိုင်း​တွင်​ တော့​ကျောင်းသား​များ​ကျောင်း​တက်​ခ်ိ​န်​ဖြစ်​တာ​ကြောင့်​ကျွန်မ​အားလပ်​ချိန်​ခဏ​ရ​ပါ​သည်..

မိဘ​ကို​လုပ်ကျွေး​ပြုစု​ရင်း​အလုပ်​တဖက်​နှင့်​မ​အားလပ်​သော​ကျွန်မ​ကို​ သား​ရှင်​တော်တော်​များ​များ​က​သဘောကျ​ပြီး​လာ​ရောက်​စကား​ကမ်းလှမ်း​ကြ​ သည်..​ကျွန်မ​စိတ်​မ​ဝင်စား​ပါ..​ကျွန်မ​ဘဝ​တွင်​မေမေ​မ​ရှိ​လို့​မ​ဖြစ်​သ​ လို​မေမေ့ကို​လုပ်ကျွေး​ပြုစု​ရန်​ကျွန်မ​လို​အပ်​ပါ​သည်...​အိမ်ထောင်​ပြု​ လိုက်​ပါ​က​မေမေ့ကို​တ​ပါ​တည်း​လက်ခံ​နိုင်​သူ​ဖြစ်​ရင်​ကံကောင်း​နိုင်​ သော်လည်း​မေမေ့ကို​လက်မ​ခံ​နိုင်​သူ​ဖြစ်​ပါ​က​ကျွန်မ​ရော​မေမေ​ပါ​စိတ်​ ဆင်းရဲ​ရ​မှာ​မို့​ကျွန်မ​အိမ်ထောင်​ပြု​ရန်​စိတ်​မ​ကူး​မိ​ခဲ့​ပါ..​ချစ်​ ရေး​ဆို​သူမ​ည်​သူ​တ​ဦး​တယော​က်​ကို​မှ​လက်မ​ခံ​ခဲ့​ဘဲ​ဘဝ​ကို​ရိုး​ရှင်း​ စွာ​ကျော်​ဖြတ်​ခဲ့​သည်..

ပို​နေ​သော​အချိန်​လေး​ကို​ကျွန်မ​ကွန်​ပြူ​တာ​သင်​တန်း​တက်​ရင်း​ကွန်​ပြူ​ တာ​သင်​တန်း​မှ​အပို​ဆောင်း​သင်ပေး​သော​အင်​တာ​နက်​အသုံးပြု​ပုံ​ကို​ပါ​ တတ်မြောက်​လာ​ခဲ့​သည်..​စ​တတ်​ကာ​စ​ဆို​တော့​အင်​တာ​နက်​အလွန်​သုံး​ချင်​မိ ​သည်..​ခင်မင်​သော​အမ​တယော​က်​က​အီး​မေး​လ်​တ​ခု​ဖွင့်​ပေး​သည်..​ပြီး​တော့ ​ဂျီ​တော့​လ်​အသုံးပြု​ပုံ​ကို​သေချာ​ရှင်း​ပြသ​ည်..​ဒီ​လို​နဲ့​ကျွန်မ​ ချက်​တင်​ထိုင်​တယ်​ဆို​တာ​ဒါ​မျိုး​ပါ​လား​ဆို​တာ​စတင်​သဘောပေါက်​လာ​သည်..

ပထမ​တော့​ကျွန်မ​ဂျီ​တော့​လ်​ထဲ​တွင်​စာ​သင်​ဖော်​သူငယ်ချင်း​ဂို​က်​ဆရာ​မ​ လေး​များ​သာ​ရှိ​သည်..​တ​ဖြည်း​ဖြည်း​ဟို​က​ဒီ​က​အပ်​လာ​တာ​တွေ​နဲ့​လူ​တွေ​ များ​လာ​သည်..​ခင်မင်​နေ​သော​အမ​များ​က​လည်း​ကျွန်မ​စကားပြော​ဖော်​ရ​ရန်သူ​ တို့​အ​ကော​င့်​ထဲ​မှ​သူငယ်ချင်း​များ​ကို​အပ်ပေး​ကြ​သည်..​ကျွန်မ​၏​အလုပ်​ ကြောင့်​တ​ပတ်​လျှင်​နှစ်​ရက်​သာ​အင်​တာ​နက်​သုံး​နိုင်​သော်လည်း​ဖေ​ဖေ​မ​ ရှိ​တော့​သည့်​နောက်​အထီးကျန်​နေ​သော​စိတ်​က​ချက်​တင်​ပြော​နေ​ချိန်​မှာ​ ပျော်​ရွှင်​ရသ​ည်...

တ​နေ့​တော့​ကျွန်မ​ကို​လာ​အပ်ထား​သော​အ​ကော​င့်​သစ်​တ​ခု​က​စကား​လှမ်း​ပြော ​သည်..​ဒီ​တ​ခါ​စကားပြော​မိ​ခြင်း​က​ကျွန်မ​ဘဝ​အတွက်​အပြော​င်း​အလဲ​ကြီးမား ​စွာ​ဖြစ်​သွား​ခဲ့​မည်​မှန်း​သာ​သိ​ခဲ့​ပါ​ရင်​အဲ့​ဒီ​တုန်း​က​ပြန်​ စကားပြော​ဖြစ်​ခဲ့​မည်​မဟုတ်​ပါ..
-
ဟိတ်..​ဘာ​လုပ်​နေ​လဲ
-
ဒီ​လို​ပါ​ဘဲ..​ဟို​ကြည့်​ဒီ​ကြည့်..​သူငယ်ချင်း​က​ဘယ်​သူ​လဲ..
-
ကျွန်တော်​လည်း​ပျင်း​လို့​အွ​န်​လိုင်း​ဖွင့်​လိုက်​တာ..​ဖ​ရင့်​ကို​မီး​ စိမ်း​နေ​တာ​တွေ့​လို့​လှမ်း​စကားပြော​လိုက်​တာ..​ဖ​ရင့်​က​ဘယ်​က​လဲ..
-
ရန်ကုန်​က​ပါ..
-
ဟုတ်​လား..​ကျွန်တော်​က​ကူ​ဝိ​တ်​မှာ​အလုပ်​လုပ်​နေ​တာ​ဗျ..​ဖ​ရင့်​အသက်​ဘယ်လောက်​ရှိ​ပြီ​လဲ..
-
​၂​၅​နှစ်
-
ကျွန်တော်​က​၂​၄​နှစ်​ဆို​တော့​မမ​ပေါ့..​ကျွန်​တော့်​နာမည်​ဇင်​မောင်​မောင်​ပါ..
-
အင်း..​ဇင်​မောင်​မောင်​က​ကူ​ဝိ​တ်​မှာ​အလုပ်​လုပ်​တာ​ဆို​တော့​ကူ​ဝိ​တ်​က​အရမ်း​ချမ်း​လား​ဟင်..
-
ဟာ...​မ က​လဲ..​နောက်​နေ​ပြီ.. ကူ​ဝိ​တ်​ပါ​ဆို​မှ​ပူ​တာ​ပေါ့..
-
မ​သိ​ဘူး​လေ..​ဇင်​မောင်​တင်​ထား​တဲ့​ပုံ​က​နှင်း​တော​ထဲ​မှာ​အ​နွေး​ထည်​ကြီး​ဝတ်​ထား​တာ​ကိုး..
-
အယ်​ဗျာ..​အဲ့​ဒါ​က...​အ​ဟီး..
-
လိမ်​တာ​လည်း​ပိပိရိရိ​လိမ်​ပါ​ရှင်..
-
ဆောရီး​ပါ​မ​ရယ်... ကျွန်တော်မ​လိမ်​တော့​ပါ​ဘူး..​ကျွန်တော်​က​ရုရှား​မှာ​ပါ..
-
အဲ့​လို​မှ​ပေါ့..​မမ​က​လည်း​သူ​များ​ကို​မလိမ်​ဖူး​ဘူး..​ကိုယ့်​အပေါ်​လည်း​စိတ်​ရင်း​နဲ့​ပြော​တာ​ဘဲ​ဖြစ်​စေ​ချင်​တယ်..
-
ဟုတ်ကဲ့​ပါ​ခင်ဗျာ..​နောက်​ဆို​မ​ဖြစ်​စေ​ရ​ပါ​ဘူး..
-
ဒါ​ဆို​တာ့​တာ​နော်..​မမ​အလုပ်​ရှိ​သေး​လို့​စက်​ပိတ်​တော့​မယ်..
-
ဟာ​ဗျာ..​နေ​ပါ​ဦး..​မက​ဘာ​လုပ်​တာ​လဲ
-
တို့​က​ဂို​က်​ဆရာ​မ​လုပ်​တာ​လေ..​ခ​န​နေ​ကလေး​တွေ​ကျောင်း​ဆင်း​တော့​မယ်..​စာ​သင်​ချိန်​တွေ​ရှိ​သေး​လို့​သွား​တော့​မယ်..
-
ခဏ​လေး..​ခဏ​လေး..​ကျွန်တော်​သိ​ချင်​တာ​လေး​ရှိ​လို့..​မနက်​ဖြန်​ရော​လာ​မှာ​လား..
-
တို့​က​အင်္ဂါ​နဲ့​သောကြာ​နှစ်​ရက်​ဘဲ​နေ့​လည်​ပိုင်း​တွေ​လာ​သုံး​တာ..​ကျန်​တဲ့​ရက်မ​အား​ဘူး..
-
ဟာ.​အ​ကြာ​ကြီး​စောင့်​ရ​တော့​မှာ​ဘဲ..​နောက်​တ​ခါ​လာ​ရင်​ခေါ်​ပါ​နော်..
-
အင်း..​ပိတ်​ပြီ..​ဘို​င့်​ဘိုင်
-
ပထမ​အကြိမ်​တွေ့​ဆုံ​ခြင်း​က​ဘာ​မှ​မဟုတ်​ပေ​မယ့်​ကျွန်​အင်​တာ​နက်​သုံး​ သည့်​အချိန်​တိုင်း​ဇင်​မောင်​မောင်​စောင့်​နေ​တတ်​သည်..​နောက်​ပိုင်း​ ရင်းနှီး​လာ​ပြီး​စကား​တွေ​အများ​ကြီး​ပြော​ဖြစ်​ခဲ့​ကြ​သည်..
ဇင်​မောင်​မောင်​သည်​ဧရာဝတီတိုင်း​သား​တယော​က်​ဖြစ်​သည်..​မောင်​နှမ​များ​ သည်..​ဆင်းရဲ​သည်...​ငယ်​စဉ်​က​မိ​ခင်​နှင့်​အတူ​ငါး​လိုက်​ရောင်း​ပြီး​ အလုပ်​လုပ်​ခဲ့​ရ​ကြော​င်း၊နာ​ဂ​စ်​ကြောင့်​မိသား​စု​နာ​လန်​ပြန်​ထူ​နိုင်​ အောင်​ကြိုးစား​ခဲ့​ရ​ကြော​င်း၊သူ​အခု​နိုင်ငံ​ခြား​မှာ​ရသ​ည့်​လ​စာ​ကို​စု ​ပြီး​အိမ်​ကို​ပြန်​ပို့​ရ​ကြော​င်း​တွေ​ပြော​ပြသ​ည်..

ကျွန်မ​က​လည်း​ကျွန်မ​ဘဝ​အကြောင်း​အ​တော်​များ​များ​ပြန်ပြော​ပြ​မိ​သည်..​ ဇင်​မောင်​မောင်​ကို​တပ်မ​တော်​အရာရှိ​တယော​က်​မှန်း​သိ​လိုက်​ရ​တာ​ကြောင့် ​ကျွန်မ​မိဘ​များ​သည်​ဝန်​ထမ်း​မိသား​စု​ပီပီ​စစ်​တပ်​ကို​အမြင်​မ​ကြည်လင်​ ကြော​င်း​ကို​တော့​ထုတ်ဖော်​မ​ပြော​ပြ​ခဲ့​ပါ..​ဌာန​ဆိုင်​ရာ​တွေ​မှာ​ဝန်​ ထမ်း​တွေ​ဘယ်လောက်​ကြိုးစား​ပေ​မယ့်​ရာထူး​ကြီး​ပိုင်း​မှန်​သ​မျှ​မိုး​ကျ​ ရွှေ​ကိုယ်​များ​သာ​ယူ​လေ့​ရှိ​တာ​ကြောင့်​ကြိုးစား​မှု​ရလဒ်​ကို​မ​ခံစား​ရ ​သော​ဝန်​ထမ်း​များ​ကစစ်​တပ်​ကို​အမြင်​မ​ကြည်လင်​ဖြစ်​တတ်​ကြ​တာ​သ​ဘာ​ဝ​ဘဲ ​လေ..

ကိုယ့်​လို​ဘဲ​ဘဝ​ကို​ရုန်း​ကန်​ရ​သူ​ဖြစ်​ပြီး​မိဘ​ကျေးဇူးသိ​တတ်​သူ​အဖြစ် ​ကျွန်မ​ဇင်​မောင်​မောင်​ကို​လေးစား​ခဲ့​သည်..​ကျွန်မ​အပေါ်​ဇင်​မောင်​ မောင်​ချစ်​ရေး​ဆို​လာ​ချိန်​မှာ​လည်း​အလေး​အနက်​ထား​စဉ်းစား​ပေး​သည်..​ ကျွန်မ​မိ​ခင်​ဖြစ်​သူ​ကို​သူ​လက်ခံ​နိုင်​ပါ့​မ​လား...​ကျွန်မ​မိ​ခင်​ဖြစ် ​သူ​က​ရော​သူ့​ကို​လက်ခံ​ပေး​နိုင်​မ​လား​သေချာ​စဉ်းစား​ရသ​ည်..​ကျွန်မ​ ချစ်​သူမ​ရှိ​ခဲ့​ဖူး​ပါ..​မျက်နှာ​လည်း​မ​များ​ချင်​ပါ..​ကျွန်မ​ဘဝ​တွင်​ ချစ်​သူ​ရှိ​လာ​ပါ​က​ထို​သူ​ကို​သာ​အိမ်ထောင်​ဖက်​အဖြစ်​ရွေးချယ်​ရန်​ ဆုံးဖြတ်​ထား​တာ​မို့​ကိုယ့်ကို​အ​ပျော်​သဘော​မျိုး​တွဲ​တာ​လည်း​မ​လိုချင်​ ပါ...​ဇင်​မောင်​မောင်​ကတော့​သူ့​စိတ်​ဓါတ်​နဲ့​ကိုယ်ကျ​င့်​တရား​ကို​ ယုံကြည်​ဖို့​အတန်တန်​ပြော​ပါ​သည်..
---------------------------------------------By KK
ဆက်​ရန်

သက်​ဆုံး​တိုင်..(၅)



----------------------
ကျွန်မ​တို့​မိသား​စု​လေး​သည်​သာမန်​ဝန်​ထမ်း​မိသား​စု​လေး​သာ​ဖြစ်​သည်..​ ဖေ​ဖေ့​လ​စာ​ပေါ်​တွင်​မှီခို​နေ​ရင်း​မေမေ​က​လည်း​အိမ်​မှာ​တ​နိုင်​လုပ်​ လို့​ရ​တာ​လေး​တွေ​အပို​ဝင်ငွေ​အတွက်​လုပ်​သည်..​မေမေ​အသက်​၄​၀​ပြည့်​မှ​ ကျွန်မ​ကို​မွေး​ခဲ့​တာ​မို့​ဖေ​ဖေ​ရော​မေမေ​ရော​အချစ်​ပို​ကြ​သည်..​ကျွန်မ ​ကို​မွေး​ပြီး​နောက်ထပ်​ကလေး​လည်း​ထပ်​မ​ရ​တော့​တာ​မို့​ကျွန်မ​က​တ​ဦး​ တည်း​သော​သမီး​ဖြစ်​ခဲ့​သည်..​မေမေ​က​ကျွန်မ​ကို​အရမ်း​ချစ်​သော်လည်း​ စည်းကမ်း​ကြီး​သည်..​စိတ်ကြီး​သည်..

ဖေ ​ဖေ​ကတော့​လူ​အေး..​မေမေ​ဘာ​ပြော​ပြော..​ဘာ​အော်​အော်​စိတ်ရှည်​လက်ရှည်​ သည်းခံ​သည်..​နား​ပူ​လာ​လျှင်​အပြင်​ထ​ထွက်​သွား​သည်...​တ​ဦး​တည်း​သော​သမီး ​ကျွန်မ​၏​ဆော့​ဖော်​ကတော့​ဖေ​ဖေ​ဘဲ​ပင်တိုင်​လုပ်​ပေး​ပါ​သည်..​တ​ခါ​တ​ရံ​ ကျွန်မ​ဆိုး​လို့​မေမေ​ရိုက်​လျှင်​ဖေ​ဖေ​က​သူ့​ကိုယ်​နှင့်​ဝိုင်း​ကာ​ပေး​ ပြီး​သူ​ပါ​အ​ရိုက်​ခံ​သည်..​မေမေ​စိတ်တို​လာ​လျှင်​ကျွန်မ​ကို​ချီ​ပြီး​ဖေ ​ဖေ​ထွက်ပြေး​သည်...​မေမေ​က​တုတ်​နဲ့​လိုက်​ရိုက်​လို့​မ​မိ​ရင်​အိမ်​ ပြန်လာ​ရင်​တွေ့​မယ်​ဆို​ပြီး​ကြိမ်းမောင်း​ကာပြန်​သွား​တော့​သည်..

ကျွန်မ​နဲ့​ဖေ​ဖေ​ကတော့​ဗိုက်​ဆာ​လာ​ရင်​ဖေ​ဖေ့​သူငယ်ချင်း​အိမ်​တ​အိမ်​ အိမ်​ဖေ​ဖေ​က​ဝင်​လည်​ပြီး​သွား​စား​ကြ​သည်..​တ​ခါ​တ​လေ​ဖေ​ဖေ့​အိတ်​ထဲ​ ပိုက်ဆံ​လေး​ပါလာ​ရင်​ဖေ​ဖေ​က​ကျွန်မ​ကို​မုန့်​ဝယ်​ကျွေး​ပြီး​သူ​ကတော့​မ​ ဆာ​ဘူး​ဆို​ကာ​နေ​တတ်​သည်..​ဖေ​ဖေ​က​မေမေ့ကို​လ​စာ​အကုန်​အပ်​ပြီး​ရုံး​ သွား​ချိန်​မှ​ကား​ခ​နဲ့​လက်​ဘက်​ရည်​ဖိုး​ပြန်​တောင်း​သူ​ဖြစ်​တာ​ကြောင့်​ ဖေ​ဖေ​အ​မြဲ​ဘိုင်​ကျနေ​တတ်​တာ​မ​ဆန်း..

ညနေစောင်း​လာ​တော့​သားအဖ​နှစ်​ယောက်​ကုတ်​ချောင်းချောင်း​ပြန်လာ​ပြီး​ နောက်ဖေး​ပေါက်​က​အိမ်​ပေါ်​အသာ​တက်​လာ​ချိန်​တွေ​မှာ​တော့​မေမေ​က​မ​သိ​ ကျိုး​ကျွံ​ပြု​နေ​တာ​များ​ပါ​သည်..​သားအဖ​နှစ်​ယောက်​ယောင်​လည်​လည်​နဲ့​ ထမင်းအိုး​အသာ​ဖွင့်​ပြီး​ကြိတ်​ကြ​တော့​မေမေ​ခိုး​ပြုံး​တတ်​သည်..​ကျွန်မ​ က​စာ​အ​တော်​ကြီး​မဟုတ်​ပေ​မယ့်​တ​နှစ်​တ​တန်း​တော့​မှန်​မှန်​အောင်သည်..​ စာ​မေး​ပွဲ​တ​ခါ​မှ​မ​ကျ​ခဲ့​စဖူး..​ကျွန်မ​ကျု​ရှင်မ​ယူ​နိုင်​ပါ..​ကျွန်မ ​၏​ကျု​ရှင်​ဆရာ​မ​သည်​မေမေ​သာ​ဖြစ်​သည်..

ကျွန်မ​၏​ငယ်​ငယ်​ကတည်းက​ဝါသနာ​က​ဓါတ်​ပုံ​ရိုက်​တာ​ဖြစ်​သည်..​လူ​မှန်း​သိ ​တတ်​စ​ကတည်းက​ဓါတ်​ပုံ​ရိုက်​မယ်​ဆို​လို့​က​အိ​မွန်​တို့​ပဲ​ပေး​ပြီး​ သား...​ကျွန်မ​ဆယ်​တန်း​အောင်​တော့​တက္ကသိုလ်​တက်​ချိန်​မှာ​အကောင်း​စား​ တွေ​မ​ဝတ်​နိုင်​မ​စား​နိုင်​ပေ​မယ့်​အများနည်း​တူ​သင့်တင့်​အောင်​တော့​မိဘ ​နှစ်​ပါး​က​ဖြည့်​ဆည်း​ပေး​ခဲ့​သည်..​ဘွဲ့​ရ​တော့​ကျွန်မ​ရ​ရာ​အလုပ်​ဝင်​ လုပ်​ခဲ့​သည်...​နောက်​တော့​သူငယ်ချင်း​တယော​က်​၏​အကူအညီ​ဖြင့်​သူ​လုပ်​သော ​ကိုယ်​ပိုင်​နေ့​ကလေး​ထိန်းကျောင်း​လေး​တ​ခု​မှာ​မူ​ကြို​ဆရာ​မ​လေး​ဝင်​ လုပ်​ခဲ့​သည်..

မူ​ကြို​ဆရာ​မ​လေး​လုပ်​နေ​ရင်း​က​ကိုယ်​ထိန်း​ခဲ့​သောက​လေး​များ​ကျောင်း​ တက်​တဲ့​အချိန်​မိဘ​များ​က​စာ​ပြ​ပေး​ဖို့​အကူအညီ​တောင်း​ရင်း​က​ဂို​က်​ဆရာ ​မ​လေး​အလုပ်​ပါ​တွဲ​ရ​လာ​သည်..​မူ​ကြို​ကျောင်း​ဆင်း​လျှင်​ကလေး​တွေ​ကို​ အိမ်​မှာစာ​လိုက်​သင်​တဲ့​အလုပ်​က​ဝင်ငွေ​ထပ်​ရ​တော့​ကျွန်မ​မှာ​ကိုယ်​ ပိုင်​အချိန်နည်း​သ​ထက်​နည်း​လာ​ပြီး​အလုပ်​လုပ်​နေ​ချိန်​သာ​များ​လာ​တော့​ သည်..

ပတ်ဝန်းကျင်​ကြီး​ခော​တ်​နဲ့​အညီ​တိုးတက်​နေ​ပေ​မယ့်​ကျွန်မ​ကတော့​ဘဝ​ကို​ ရိုး​ရှင်း​စွာ​ဖြတ်​ကျော်​နေ​ဆဲ..​ဟ​န်း​ဖုန်း​လေး​တ​လုံး​တောင်​ဝယ်​မကို​ င်​နိုင်​သေး..​အင်​တာ​နက်​ဆို​တာ​ဘာ​မှန်း​ကို​မ​သိ..​ကျွန်မ​နဲ့​လုပ်​ ဖော်​ကိုင်​ဖက်​ဆရာ​မ​တွေ၊ကလေး​မိဘ​တွေ​အင်​တာ​နက်​အကြောင်း​ပြော​ရင်​ ကျွန်မ​ငေး​မော​နားထောင်​ရသ​ည်..​ကျွန်မ​နှစ်​ဆ​ယ့်​သုံး​နှစ်​ပြည့်​မွေး​ နေ့​တွင်​ဖေ​ဖေ​က​ကျွန်မ​ကို​ပို​လာ​ရွို​က်​ကင်​မ​ရာ​တ​လုံး​လက်ဆောင်​ပေး​ သည်..​ကျွန်မ​အရမ်း​ပျော်​ရွှင်​ခဲ့​သ​လို​အလွန်​လည်း​အံ့ဩ​ခဲ့​သည်...

ကျွန်မ​တို့​မိသား​စု​လေး​က​ဖေ​ဖေ့​လ​စာ​နဲ့​ကျွန်မ​ဝင်ငွေ​နှစ်​ခု​တည်း​ အပေါ်​မှာ​ကျစ်​ကျစ်​လစ်လစ်​သုံးစွဲ​ပြီး​ရပ်​တည်​နေ​တာ​လေ..​ဖေ​ဖေ့​မှ​ အပို​ဝင်ငွေ​ဘာ​မှ​ရှိ​တာ​မဟုတ်​ဘူး​ဆို​တာ​ကျွန်မ​သိ​သည်..​လူ​ရိုး​လူ​အေး ​ဖေ​ဖေ​က​ဘာ​မှ​အကြံ​အဖန်​မ​လုပ်​တတ်​ပါ..​ဖေ​ဖေ့​ကို​မေး​တော့​ဖေ​ဖေ​က​သူ့ ​မနက်​လက်​ဘက်​ရည်​ဖိုး​တွေ​ကို​မ​သောက်​ဘဲ​စုဆောင်း​ထားခဲ့​တာ​ကြာ​ပြီ​ တဲ့..​အခု​တော့​သူ့​သူငယ်ချင်း​ကို​သမီး​အတွက်​မှာ​ပေးလိုက်​တာ​လို့​ပြော​ သည်..​အို..​ဖေ​ဖေ​မနက်​တွေ​မှာ​ဗိုက်​အရမ်း​ဆာ​ရှာ​မှာ​ဘဲ..​ကျွန်မ​ဖေ​ဖေ့ ​ကို​သနား​သွား​သည်..

ဒီ​ကင်​မ​ရာ​လေး​နဲ့​ကျွန်မ​တို့​မိသား​စု​တွေ​ရဲ့​ပျော်​စရာ​အချိန်​တွေ​ ကို​မှတ်တမ်း​တင်​ခဲ့​သည်..​ကျွန်မ​၏​စာ​သင်​ခ​များ​ထဲ​မှ​ငွေ​တချို့​ကို​ ဒီ​ကင်​မ​ရာ​အတွက်​သီး​သန့်​ဖယ်​ပြီး​စုဆောင်း​ခဲ့​သည်..​မေမေ့​ထက်​၄​နှစ်​ ငယ်​သော​ဖေ​ဖေ​က​ထို​နှစ်​မှာ​ပင်​ပင်စင်​ယူခဲ့​သည်..​ပင်စင်​ယူ​ပြီး​မ​ကြာ ​ခင်​ဖေ​ဖေ့​မှာ​မ​ကြာ​ခဏ​ဗိုက်​နာ​တတ်​လာ​သည်..​အစားစား​တော့​လည်း​ပြန်​ အန်​ထွက်​လာ​တာ​မျိုး​တွေ​ဖြစ်လာ​တာ​ကြောင့်​ဖေ​ဖေ့​ကို​ဆေး​ရုံ​သွား​ပြ​ကြ ​သည်..

ဖေ​ဖေ့​ကို​ဆေး​ရုံ​သွား​ပြသ​ည့်​နေ့​က​ကျွန်မ​အလုပ်​နဲ့​မို့​လိုက်​မ​သွား ​နိုင်​ခဲ့​ပါ..​အိမ်​ပြန်လာ​ချိန်​မှာ​တော့​မျက်နှာ​မ​ကောင်း​သော​ဖေ​ဖေ​ နဲ့​မေမေ့ကို​တွေ့​လိုက်​ရသ​ည်..​ဖေ​ဖေ​ဖြစ်​နေ​တာ​အစာအိမ်​ကင်​ဆာ​တဲ့..​နေ ​ရ​မယ့်​အချိန်​က​နောက်​ခြောက်​လ​ဟု​ဆို​သည်..​ကျွန်မ​တို့​မိသား​စု​လေး​ ရဲ့​ပျော်​ရွှင်​အေးချမ်း​မှု​တောင်​ကြီး​လဲ​ပြို​ကျ​သော​နေ့​ကလေး​ပေါ့...​ ဒီ​အဖြစ်​ဆိုး​ကြီး​မဟုတ်​ပါ​စေ​နဲ့​လို့​အကြိမ်ကြိမ်​ဆုတောင်း​ခဲ့​သည်..​ ကျွန်မ​ဖေ​ဖေ့​ကို​ခေါ်​မ​သွား​ဖို့​သေမင်း​ဆီ​မှာ​အကြိမ်ကြိမ်​အ​သနား​ခံ​ ခဲ့​သည်..​အလုပ်​ထဲ​မှာ​စိတ်​မ​ပါ..​တ​ရွေ့​ရွေ့​ကုန်​သွား​သော​အချိန်​တွေ​ ကို​ဆွဲထား​ချင်​မိ​သည်..

ကျွန်မ​တို့​မ​လိုချင်​သော​အချိန်​သည်​ကျွန်မ​တို့​မိသား​စု​ထံ​တိတ်ဆိတ်​ စွာ​ချဉ်းကပ်​လာ​သည်..​သေမင်း​၏​အေး​စက်​သော​လက်တံ​များ​သည်​နောက်​လေး​လ​အ​ ကြာ​တ​နေ့​လည်​မှာ​ကျွန်မ​တို့​လက်​ထဲ​က​ဖေ​ဖေ့​ကို​ဆွဲ​ခေါ်​သွား​တော့​ သည်..​သေမင်း​ကို​ကျွန်မ​ဘဝ​မှာ​နီး​ကပ်​စွာ​ပထမ​ဆုံး​အကြိမ်​ခံစား​လိုက်​ ရသ​ည်...
---------------------------------------------By KK
ဆက်​ရန်

သက်​ဆုံး​တိုင်..(၄)



----------------------
-
ကျွန်မ​က​ဓါတ်​ပုံ​ရိုက်​တာ​ဝါသနာ​ပါ​တယ်​လေ..​ဒီ​ကင်​မ​ရာ​လေး​က​ကျွန်မ​အတွက်​ဖေ​ဖေ့​ရဲ့​မွေး​နေ့​လက်ဆောင်​ပေါ့..
-
သူ​များ​တွေ​က​အခု​ဆို​ဖုန်း​နဲ့​အ​လွယ်​တ​ကူ​ဓါတ်​ပုံ​ရိုက်​ကြ​တယ်..​မင်း​က​ဘာ​လို့​ကင်​မ​ရာ​သုံး​တာ​လဲ..
-
ကျွန်မ​က​ကိုယ်​ရိုက်​ထား​တဲ့​ဓါတ်​ပုံ​လေး​တွေ​ကို​ပြန်​ကြည့်​ရ​တာ​ဝါသနာ​ ပါ​တယ်..​ဓါတ်​ပုံ​ဆို​တာ​လောက​မှတ်တမ်း​တ​ခု​ဘဲ..​ကျွန်မ​တို့​အသက်ကြီး​လာ ​တဲ့​အခါ​ငယ်ရွယ်​နုနယ်​စဉ်​က​ပုံ​ရိပ်​တွေ​ကို​အပြင်​မှာ​ပြန်​မ​ရ​ပေ​မယ့် ​ဓါတ်​ပုံ​တွေ​ထဲ​မှာ​ပြန်​ရ​နိုင်​တယ်..
အလွန်​လှပ​တဲ့​အခိုက်အတန့်​တွေ၊သ​ဘာ​ဝ​တရား​တွေ၊ရှု​ခင်း​တွေ၊တ​ခါပြ​န်​မ​ရ ​နိုင်​တဲ့​အချိန်​အခါ​တွေ​ကို​ဓါတ်​ပုံ​ထဲ​မှာ​သိမ်းဆည်း​ထား​နိုင်​တယ်..
ကုန်​သွား​တဲ့​အချိန်​တွေ​ကို​ပြန်​မ​ရ​တော့​ပေ​မယ့်​အဲ့​ဒီ​အချိန်​တွေ​နဲ့ ​အတူ​ကျန်​ရစ်​ခဲ့​တဲ့​နုပျို​မှု​တွေ..​ပျော်​ရွှင်​ကြည်နူး​မှု​တွေ..​ ဝမ်းနည်း​ကြေကွဲ​မှု​တွေ..​ဘယ်​တော့​မှ​ပြန်​မ​ဆုံ​တော့​တဲ့​သူ​တွေ​ကို​ဒီ​ ဓါတ်​ပုံ​တွေ​ထဲ​မှာ​ပြန်​တွေ့​နိုင်​တယ်..
အရာ​ရာ​ဟာ​အချိန်​နဲ့​အမျှ​ပြောင်းလဲ​နေ​တယ်..​အစ​ရှိ​ရင်​အဆုံး​ရှိ​မယ်..​ ဖြစ်​တည်​ပြီး​ရင်​ပျက်စီး​မယ်..​ဖျက်ဆီး​ခံ​ရ​မယ်..​အချိန်​တွေ​ကို​ ရပ်တန့်​လို့​မ​ရ​ပေ​မယ့်​ကိုယ်​ရပ်တန့်​စေ​ချင်​တဲ့​အချိန်​အခါ​လေး​တွေ​ ကို​ဓါတ်​ပုံ​နဲ့​မှတ်တမ်း​တင်​ထား​ရင်​ပြန်​ကြည့်​တိုင်း​အဲ့​ဒီ​အချိန်​ ကို​ပြန်​ခံစား​ကြည့်​လို့​ရ​တယ်..
အပြင်​လောက​မှာ​အချိန်​နဲ့​တ​ကွ​ပျောက်​ဆုံး​သွား​တဲ့​ချစ်​ခြင်း​နဲ့​ပျော် ​ရွှင်​နုပျို​ခြင်း​တွေ​ကို​ဓါတ်​ပုံ​ထဲ​မှာ​သိမ်းဆည်း​ထား​လို့​ရ​တယ်..​ ကျွန်မ​တို့​နှစ်​ယောက်မ​နက်ဖြန်​နေထွက်​တာ​ကို​မ​မြင်​ရ​တော့​ပေ​မယ့်​ ကျွန်မ​တို့​အသက်​ရှင်​နေ​တဲ့​အခိုက်အတန့်​ကို​ဒီ​ဓါတ်​ပုံ​တွေ​ထဲ​မှာ​ထဲ့​ ခဲ့​နိုင်​တယ်..
သေမင်း​ရဲ့​တံခါး​ကို​ကျွန်မ​တို့​ဘယ်​လို​သွား​ခေါက်​ခဲ့​တယ်​ဆို​တာ​လူ​ တွေ​မြင်​နိုင်​တယ်..​ဟိုး​အရ​င်​က​ကျွန်မ​ရိုက်​ခဲ့​တဲ့​ဓါတ်​ပုံ​တွေ​က​ သိပ်​လှ​တယ်..​ပန်းပွင့်​တွေ..​ရှု​ခင်း​တွေ..​လူ​နေ​မှု​ပုံစံ​တွေ..​ဘာ​ ကြောင့်​လဲဆို​တော့​ကျွန်မ​စိတ်​က​တက်​ကြွ​နေ​တယ်..​မြင်​ရ​တဲ့​မြင်​ကွင်း​ တွေ​တိုင်း​ထဲ​ကလော​က​ရဲ့​အ​လှ​အပ​တွေ..​သ​ဘာ​ဝ​တရား​တွေ​ကို​ခံစား​နေ​လို့ ​ရ​တယ်..​အ​လှ​ဆုံး​အချိန်​တွေ​ကို​ကျွန်မ​ရဲ့​ပျော်​ရွှင်​မှု​အတွက်​ မှတ်တမ်း​တင်​ခဲ့​တယ်..​အခု​တော့​ကြေကွဲ​ဝမ်းနည်း​စရာ​အချိန်​တွေ​ရဲ့​ အဆုံးသတ်​မှတ်တမ်း​ပေါ့..
-
ကျွန်တော်​လည်း​ဓါတ်​ပုံ​ရိုက်​ဖူး​တယ်..​မင်း​လို​တော့​မစ​ဉ်း​စား​နေ​ခဲ့​ဖူး​ဘူး..
-
အင်း..​လူ​တွေ​က​ပျော်​နေ​ချိန်​မှာ​အ​လွယ်​တ​ကူ​ဓါတ်​ပုံ​ရိုက်​ခဲ့​ကြ​ တယ်..​အ​လှ​ဆုံး​ပုံ​တွေ​ကို​သိမ်းထား​ကြ​ပြီး​မလှ​တဲ့​ပုံ​တွေ​ကို​ဖျက်​ ပစ်​ကြ​တယ်..​တကယ်​တော့​ဘဝ​ဆို​တာ​ခဲ​ဖျက်​သုံး​လို့​ရ​တဲ့​စာ​မျက်နှာ​ မဟုတ်​ဘူး..​မလှ​ပ​တဲ့​အချိန်​တွေ​ကို​လည်း​သိမ်းဆည်း​ထား​သင့်​တယ်..​ အချိန်​တွေ​တ​နှစ်​ပြီး​တ​နှစ်​ကုန်​သွား​တာ​နဲ့​အမျှ​အ​လှ​ဆုံး​အချိန်​တွေ ​ရော..​မလှ​ပ​တဲ့​အချိန်​တွေ​ရော​ထားခဲ့​ကြ​ရ​တယ်..​ဒါ​ပေ​မယ့်​ဓါတ်​ပုံ​ တွေ​ကို​ပြန်​ကြည့်​ရင်​တော့​ကုန်​ဆုံး​သွား​တဲ့​အချိန်​တွေ​ကို​ခဏ​ပြန်​ ငှား​လို့​ရ​တာ​ပေါ့..
-
မင်း​က​စိတ်ဝင်စား​ဖို့​ကောင်း​တယ်..​ကျွန်တော်​တို့​သေ​ဖို့​အချိန်​ကို​တူ ​တူ​စောင့်​နေ​ရင်း​နဲ့​မင်း​စိတ်​ထဲ​က​ပြော​ချင်​မယ်​ဆို​ရင်​မင်း​ အကြောင်း​ကျွန်​တော့်​ကို​ပြော​ပြ​နိုင်​မ​လား..​မင်း​ဘာ​ကြောင့်​ဒီ​လို​သေ ​ခြင်း​ရဲ့​တံခါး​ကို​လာ​ခေါက်​ပြီး​တမလွန်​ကို​ရွေးချယ်​ခဲ့​တယ်​ဆို​တာ​ ကျွန်​တော့်​ကို​ပြော​ပြ​နိုင်​မယ်​ဆို​ရင်​ပြော​ပြ​ပါ​လား..
-
အင်း...​ပြော​ပြ​နိုင်​ပါ​တယ်..​ရှင်​က​ရော​ဘာ​လို့​သေ​ချင်​နေ​တာ​လဲဆို​တာ ​ကို​ကျွန်မ​ကို​ပြန်ပြော​ပြ​နိုင်​မ​လား..​ရှင်​အနေ​နဲ့​ပြော​ချင်​တယ်​ဆို ​ရင်​ပေါ့..
-
ကျွန်တော်​လည်း​ပြော​ပြ​နိုင်​ပါ​တယ်..​ဒါ​ပေ​မယ့်​မင်း​အရ​င်​ပြော​ပြတာ​ကို​နားထောင်​ချင်​တယ်..
-
ကျွန်မ​တို့​ခု​ထိ​တယော​က်​ကို​တယော​က်​မ​သိ​ကြ​သေး​ဘူး​နော်..​အတူတူ​သေ​ ဖို့​လုပ်​နေ​ကြ​တဲ့​သူ​ချင်း​နာမည်​လေး​တောင်​မ​သိ​ကြ​ဘဲ​တူ​တူ​သေ​သွား​ကြ ​မယ်​ဆို​ရယ်​စရာ​ကြီး...
-
ဟုတ်​ပါ့​ဗျာ..​အဲ့​ဒါ​ကို​ကျွန်တော်​တို့​မေ့​နေ​ကြ​တယ်..​လူ​တွေ​က​ ကျွန်တော်​တို့​နှစ်​ယောက်​ကို​တူ​တူ​တွေ့​ရင်​ထင်​ကြေး​တွေ​အမျိုး​မျိုး​ ပေး​ကြ​မှာ​ဘဲ...​သေချာ​တာ​အဲ့​ဒီ​ထင်​ကြေး​တွေ​ထဲ​မှာ​ကျွန်တော်​တို့​နှစ် ​ယောက်​တယော​က်​နာမည်​တောင်​တယော​က်​မ​သိ​တဲ့​သူစိမ်း​တွေ​ဆို​တာ​တော့​ဘယ်​ သူ​မှ​ထင်​မှာ​မဟုတ်​ဘူး..
-
ဟုတ်​တယ်နော်..​ကျွန်မ​တို့​နှစ်​ယောက်​ကို​အချစ်​အတွက်​သတ်​သေ​ကြ​သူ​များ​ လို့​ထင်​ကြ​မှာ..​လူ​ငယ်​တွေ​အတွက်​တော့​အချစ်​သူရဲကောင်း​တွေ​ပေါ့..​လူ​ ရွယ်​ပိုင်း​တွေ​ကျ​တော့​ရုး​ပါ့​ကွာ​လို့​ပြော​မှာ..​လူကြီး​တွေ​က​မိုက်​ လိုက်​တာ​လို့​ဝေဖန်​ပြီး​သက်ကြီး​ရွယ်​အို​တွေ​က​ငယ်​ငယ်​လေး​တွေ​နှမြော​ စရာ​လို့​တွေး​မယ်..​မိန်းမ​ကြီး​ငယ်​တော်တော်​များ​များ​က​သနား​လိုက်​တာ​ လို့​မြိန်​ရေ​ရှက်​ရေ​အချင်းချင်း​ပြော​ကြ​မယ်..
ရဲ​တွေ​က​သူ​တို့​ကို​အလုပ်​ရှုပ်​အောင်​လုပ်​တယ်​ဆို​ပြီး​မေတ္တာပို့​ မယ်..​တချို့​က​လည်း​အား​မ​နာ​လျှာ​မ​ကျိုး​အမ​နာ​ပါ​န​ပြော​ကြ​မယ်..​ အင်း..​မ​သေ​ခင်​သေ​ပြီး​နောက်​ကို​စဉ်းစား​ရ​တာ​အရသာ​တ​မျိုး​ဘဲ..​ကိုယ်​မ ​မြင်​ရ​တော့​မယ့်​အချိန်​တွေ​ကို​စိတ်ကူး​နဲ့​ဓါတ်​ပုံ​ရိုက်​ကြည့်​ရသ​လို ​ဘဲ..
-
ဟုတ်​တယ်​ဗျ...​ကျွန်တော်​လည်း​ထူးဆန်း​တဲ့​အ​တွေး​သစ်​တွေ​ပေါ်လာ​တယ်..​သေ ​ပြီး​နောက်​ကျွန်တော်​တို့​တကယ်​ဘာ​မှ​မ​သိ​တော့​ဘူး​လား..​ဇာတိ​တ​ခု​တကယ် ​ပြန်​စ​မှာ​လား..​ဘာ​မှ​ကို​မှန်း​မ​ရ​ဘူး​ဗျ..​အခု​ကျွန်တော်​သေချာ​သိ​လာ ​တာ​လက်​ရှိ​အချိန်​က​အရေး​အကြီး​ဆုံး​ဆို​တာ​ကို​ဘဲ..
-
ဟုတ်​တယ်..​ကျွန်မ​တို့​အတိတ်​တွေ​ကို​ထားခဲ့​ချင်​လို့​တမလွန်​တံခါး​ဝ​မှာ ​ရပ်​နေ​တာ...​အနာဂတ်​ကို​ကျွန်မ​တို့​မှန်း​ဆ​လို့​မ​ရ​နိုင်​တော့​ဘူး..​ ကျွန်မ​တို့​နှစ်​ယောက်​အတွက်​လက်​ရှိ​အချိန်​လေး​ဘဲ​ကျန်​တော့​တယ်..​ရှင်​ ကြောက်​နေ​သလား..
-
ဟင့်​အင်း.​ကျွန်တော်မ​ကြောက်​တော့​ဘူး..​သေ​ရ​မှာ​ကို​ကျွန်တော်​ကြောက်​ ခဲ့​တယ်..​အခု​ကျွန်တော်​တ​ခု​ခု​ကို​သဘောပေါက်​လာ​သ​လို​ဘဲ..​ဘာ​မှန်း​ တော့​မ​သိ​ပေ​မယ့်​ကျွန်တော်​သေ​ခြင်း​ကို​မ​ကြောက်​တော့​ဘူး..
-
အင်း..​ကျွန်မ​လည်း​မ​ကြောက်​တော့​ဘူး..
-
ကဲ..​အချိန်​သိပ်​မ​ကျန်​တော့​လောက်​ဘူး​ဗျ..​မင်း​အကြောင်း​ပြော​ပြ​မယ်​ဆို​ရင်​ပြော​ပြ​တော့​လေ..
-
ဒီ​လို​ရှ​င့်..​ကျွန်မ​နာမည်​က​အိ​မွန်​လင်း​တဲ့..
-------------------------------------By KK
ဆက်​ရန်

သက်​ဆုံး​တိုင်..(၃)


----------------------
ကျွန်တော်​သူမ​မျက်နှာ​ကို​ငေး​ကြည့်​နေ​မိ​သည်..​လှပ​သော​သူမ​မျက်နှာ​ပေါ် ​မှာ​သေမင်း​ရဲ့​အရိပ်​တွေ​ကို​မြင်​နေ​ရ​ပြီ..​ကျွန်တော်​ပြင်ဆင်​ပေး​ထား​ သော​အ​လှ​အပ​တရား​များ​သည်​မွန်း​ကြပ်​မှု​နှင့်​အတူ​ထွက်​ခွာ​သွား​တော့​ မည့်​တမလွန်​ခရီး​ဆီ​ကို​မ​လိုက်​ပါ​နိုင်​ပါ...​သူမ​မျက်နှာ​သည်​သေ​ခြင်း​ တရား​ကြောင့်​အရုပ်ဆိုး​အကျည်းတန်​နေ​ပြီ...​ကျွန်​တော့်​လက်​က​သူမ​မျက်နှာ ​ပေါ်​က​ပ​လတ်​စ​တစ်​စ​ကို​ဆွဲ​ဖြဲ​ပစ်လိုက်​သည်...​ရုတ်​တရက်​ရ​ရှိ​လာ​သော ​လေ​ကို​အ​ငမ်း​မ​ရ​ရှု​ရှိုက်​နေ​သော​သူမ​ကို​ကြည့်​ပြီး​ကျွန်တော်​အော်​ ရယ်​မိ​သည်..
သူမ​က​မောပန်း​စွာ​အသက်​ရှု​နေရာ​မှ​ဖြည်း​ဖြည်း​ခ် ​င်း​ပြုံး​လာ​ပြီး​လိုက်​ရယ်​ပါ​တော့​သည်..​သေ​ခြင်း​တရား​ဆီ​ကို​သွား​ရ​ တာ​မလွယ်​ကူ​တာ​ကို​ကျွန်တော်​တို့​နှစ်​ယောက်​လုံး​စတင်​သဘောပေါက်​လာ​ သည်..​သေ​ခြင်း​၏​တံခါး​ဝ​ကို​ဖြတ်​သန်း​ဖို့​က​အ​တော်​ခက်ခဲ​ပါ​သည်..​စိတ် ​ကို​အ​တော်​ကြံ့ခိုင်​မှ​ဖြစ်​မည်..​တံခါး​ဝ​ကို​ဖြတ်​သန်း​ချိန်​မှာ​ပြော ​ပြ​ရန်​ခက်ခဲ​လှ​သည့်​ဝေဒနာ​ဆိုး​ကို​ခံစား​ရသ​ည်..​ထို​အချိန်​ကို​ဖြတ်​ ကျော်​နိုင်​မှ​တမလွန်​ဘက်​ခြမ်း​ကို​ရောက်​နိုင်​မည်..
ကျွန်တော်​ရော၊သူမ​ပါ​ထို​ဝေဒနာ​ဆိုး​ကြီး​ကို​ဖြတ်​ကြည့်​ခဲ့​ဘူး​ပြီ..​ လွန်မြောက်​အောင်​မ​သွား​ဖြစ်​ကြ​ပေ​မယ့်​ရုန်း​ထွက်​ဖို့​စိတ်ကူး​တော့​မ​ ရှိ​ကြ..​ခက်​တာ​က​တံခါး​၏​ဟို​ဘက်​ခြမ်း​ကို​မ​ရောက်​ခင်​တယော​က်​ကို​တယော ​က်​ပြန်​ဆွဲ​ခေါ်​နေ​မိ​ခြင်း​ဖြစ်​သည်..​တယော​က်​က​တံခါး​ကို​ဖြတ်​ကျော်​ နေ​ချိန်​ကို​နောက်​တယော​က်​က​စောင့်​ကြည့်​နေ​ခြင်း​က​ကျွန်တော်​တို့​နှစ် ​ယောက်​လုံး​ရဲ့​ရည်​မှန်း​ချက်​ကို​ပျက်​ပြယ်​စေ​သည်..
-
ဒီ​တ​ခါ​တော့​ကျွန်တော်​တို့​နှစ်​ယောက်​လုံး​တူ​တူ​သေ​ဖို့​လုပ်​ရအောင်..
-
အင်း..​ဟုတ်​တယ်..​တယော​က်​ခြင်း​စီ​ဆို​အလုပ်​မ​ဖြစ်​ဘူး..​ခု​န​က​ရှင်​ဘာ​လို့​ပ​လတ်​စ​တစ်​ကို​ဆွဲ​ဖြဲ​လိုက်​တာ​လဲ..
-
ဟာ..​မင်း​က​လှ​လှ​လေး​သေ​ချင်​တာ​လေ..​ကျွန်တော်​ကြည့်​နေ​တာ​လှ​မှ​မလှ​ တော့​တာ..​ဒါ​ကြောင့်​ရပ်​ခိုင်းလိုက်​တာ..​ကျွန်တော်​တို့​နှစ်​ယောက်​လုံး ​ရုပ်​ပျက်​ဆင်း​ပျက်​မ​ဖြစ်​ဘဲ​သေ​ရ​မယ့်​နည်း​နောက်​တ​ခု​လုပ်​ကြ​တာ​ ပေါ့..​ကျွန်တော်​ခင်ဗျား​ပြော​တာ​စဉ်းစား​မိ​တယ်..​ကျွန်တော်​တို့​သေ​ပြီး ​သွား​ရင်​လူ​တွေ​က​ကျွန်တော်​တို့​အလောင်း​ကို​ဝိုင်း​အုံ​ကြည့်​ကြ​မှာ​ ဗျ..
-
ဟုတ်​တယ်​လေ..​လူ​တွေ​က​အဲ့​ဒါ​မျိုး​ဆို​အလုပ်​ပျက်​ခံ​ကြည့်​ဖို့​ကို​ ဝါသနာ​ပါ​ကြ​တာ..​ပြီး​တော့​သနား​စရာ​ကောင်း​တယ်..​မ​ကောင်း​ဘူး..​အလောင်း​ က​ဘယ်​လို​ဆို​တာ​မျိုး​ဝေဖန်​ပြော​ကြ​ဦး​မယ်..​သူ​တို့​မ​သိ​တဲ့​ကျွန်မ​ တို့​အကြောင်း​ကို​ထင်​ကြေး​နဲ့​မှန်း​ပြော​ကြ​မယ်..
-
ဘယ်​က​မ​လဲ..​လက်​အား​သူ​တွေ​က​ဖုန်း​နဲ့​ဓါတ်​ပုံ​ရိုက်​ပြီး​လူ​မှု​စာ​ မျက်နှာ​တွေ​ပေါ်​တင်​မယ်..​အွ​န်​လိုင်း​ပေါ်​မှာ​ဖွ​မယ်..​မ​သိ​တဲ့​သူ​ တွေ​က​ထင်​ကြေး​အမျိုး​မျိုး​နဲ့​ကွန်​မ​န့်​တွေ​ပေး​မယ်..​စကား​တွေ​ကား​ မယ်..
-
ဟုတ်​တယ်နော်..​တ​ဖြည်း​ဖြည်း​နဲ့​လူ​ပေါင်း​ထောင်​သောင်း​ချီ​ပြီး​မြင်​ ကြ၊တွေ့​ကြ၊မ​သိ​ဘဲ​မှန်း​သမ်း​ဝေဖန်​ပြောဆို​စုတ်​သပ်​ကြ​ဦး​မှာ...
-
ဟုတ်​တယ်​ဗျ..​ဒါ​ကြောင့်​အသေ​လှ​ဖို့​လို​တယ်​လို့​မင်း​ပြော​တာ​ကျွန်တော်​လက်ခံ​တယ်..
-
သေ​ခြင်း​တရား​က​အ​တော်​ကျယ်​ပြန့်​တာ​ဘဲ..​သေ​သွား​ပြီး​တဲ့​နောက်​ပိုင်း​ တောင်​ရှင်​ကျန်​ခဲ့​သူ​တွေ​က​ဘာ​အကျိုး​တရား​မှ​မ​ရ​ဘဲ​လက်ညောင်း​ခံ​ဝေဖန် ​ကြ​ရ​ရှာ​မှာ..​ကျွန်မ​တို့​သေ​သွား​တာ​က​အချိန်​ပိုင်း​လေး​ဘဲ..​ရှင်​နေ​ သူ​တွေ​က​တ​ပတ်​လောက်​ဝိုင်း​တွေး​ပြီး​ဝိုင်း​ရေး​နေ​ကြ​ရ​မှာ​သနား​စရာ​ နော်..
-
ဟုတ်​ပါ့​ဗျာ..​အချိန်ကုန်​ခံ​နိုင်​သူ​တွေ​က​ဘာ​ကြောင့်​သေ​တာ​လဲ..​ဘယ်​ လို​အကြောင်း​တရား​တွေ​ရှိ​လို့​လဲဆို​တာ​တောင်​ကိုယ်​ပိုင်​အချိန်ကုန်​ခံ​ ပြီး​စပ်​စု​ကြ​ဦး​မှာ..​ဒီ​တော့​ရှင်​ကျန်​ပြီး​ဝေဖန်​ချင်​သူ​တွေ​ အချိန်ကုန်​ပါး​စပ်​ညောင်း၊လက်ညောင်း​ခံ​ရ​တာ​တန်​အောင်​လှ​လှ​လေး​သေမ​ယ်​ ဗျာ..​တင်​မ​ကျွေး​ထား​နိုင်​ဘဲ​နှမြော​လိုက်​တာ..​ငယ်​ငယ်​လေး​တွေ​ရှိ​သေး ​တယ်​လို့​ပြော​မယ့်​သူ​တွေ​အတွက်​ပေါ့..​ရုပ်​ဆိုး​နေ​ရင်​သူ​တို့​ဘယ်​ နှမြော​မ​လဲ...
-
ဟား​ဟား​ကျွန်မ​တကယ်​ကို​နှစ်​နှစ်ခြိုက်​ခြိုက်​မ​ရယ်​ဖြစ်​တာ​ကြာ​ပြီ..​ အခု​မှ​လူ​တွေ​အကြောင်း​တွေး​မိ​ပြီး​ရယ်​ချင်​သွား​တော့​တယ်..​ဟုတ်​တယ်..​ အလုပ်​ပို​လုပ်​ကြ​မယ့်​လူ​တွေ​အတွက်​ကျွန်မ​တို့​သေ​နည်း​အသစ်​စဉ်းစား​ရ​ မယ်..
-
မစ​ဉ်း​စား​နေ​နဲ့..​ကျွန်တော်​တွေး​ထား​ပြီး​သား..​မီးဖို​ထဲ​က​ဂ​က်​စ်​ မီးဖို​ကို​ဂ​က်​စ်​ဖွင့်​ထား​လိုက်​မယ်​လေ..​ကျွန်တော်​တို့​နှစ်​ယောက်​ အေးအေး​ဆေး​ဆေး​အိပ်​စောင့်​ကြ​တာ​ပေါ့..​သိပ်​လည်း​ဝေဒနာ​မ​ခံစား​ရ​ဘူး​ လေ..​အ​လှ​မ​ပျက်​ဘူး​ပေါ့..
-
ရှ​င့်​အကြံကောင်း​တယ်..​အဲ့​ဒါ​က​သေ​ဖို့​၁​၀​၀%သေချာ​တယ်..
-
အို​ကေ..​စကြ​မယ်..
-
ကျွန်တော်​မီးဖို​ထဲ​ဝင်​ပြီး​ဂ​က်​စ်​အိုး​ကို​ဂ​က်​စ်​ဖွင့်​လိုက်​သည်..​ အိမ်​ရှေ့​ခန်း​မှာ​စန့်​စန့်​လေး​လှဲ​နေ​သော​သူမ​၏​ဆန့်ကျင်​ဖက်​က​နေ​ ကျွန်တော်​လှဲချ​လိုက်​သည်...​သူမ​ခြေထောက်​တွေ​ကတောင်​ဘက်​ကို​ဆန့်​ ထုတ်ထား​ပြီး​ကျွန်​တော့်​ခြေထောက်​တွေ​ကမြော​က်​ဖက်​ကို​ဦးတည်​ထား​သည်..​ သူမ​ဦးခေါင်း​နှင့်​ကျွန်​တော့်​ဦးခေါင်း​က​ပြောင်းပြန်​အနေအထား​ဖြင့်​ဘေး​ ချင်း​ယှဉ်​နေ​သည်..
သူမ​က​ကင်​မ​ရာ​ကို​ဆွဲ​ယူ​ပြီး​ကျွန်တော်​တို့​နှစ်​ယောက်​၏​မျက်နှာ​ကို​ ဓါတ်​ပုံ​ရိုက်​လိုက်​သည်..​ဓါတ်​ပုံ​ကို​ဒီ​တ​ခါ​ကျွန်တော်​ဆွဲ​ယူ​ပြီး​ ကြည့်​လိုက်​သည်...​ဓါတ်​ပုံ​ထဲ​မှာ​ဇောက်​ထိုး​ဖြစ်​နေ​သော​မျက်နှာ​နှစ်​ ခု​သည်​ကြည်လင်​နေ​သည်..​တမလွန်​ကို​ပျော်​ပျော်ပါး​ပါး​ခရီး​ထွက်​မယ့်​သူ​ တွေ​လို​ဖြစ်​နေ​သည်..​သောက​ရဲ့​အရိပ်​အ​ယောင်​တွေ​ကို​မ​တွေ့​ရ..​တကယ်​ တော့​ပူလောင်​ဒုက္ခ​များ​လှ​သော​စိတ်​သောက​ဝန်ထုပ်​ဝန်ပိုး​ကြီး​ကို​တကယ်​ သေ​တော့​မည်​ဟု​ဆုံးဖြတ်​လိုက်​ချိန်​မှာ​ကျွန်တော်​တို့​လွှတ်​ချ​လိုက်​မိ ​ကြ​ပြီ​ဘဲ..
သေ​ခြင်း​တံခါး​ဆီ​ကို​ပူလောင်​မှု​တွေ​ကို​သယ်​သွား​စရာ​မ​လို​တော့​တာ​ဘယ် ​အချိန်​က​ကျွန်တော်​တို့​စ​သိ​ခဲ့​ပါ​လိမ့်..​ဘယ်​အချိန်​က​လွှတ်​ချခဲ့​မိ ​ပါ​လိမ့်..​ပျော်​ရွှင်​နေ​ချိန်​မှာ​သေ​ခြင်း​တံခါး​ဝ​ကို​သမင်​လည်​ပြန်​ ကြည့်​ဖို့​တောင်​ကျွန်တော်​တို့​ကြောက်​ခဲ့​ကြ​သည်..​သံယောဇဉ်​နှောင်ဖွဲ့​ မှု​တွေ​ထဲ​က​ရုန်း​မ​ထွက်​ချင်​ကြ..​အခု​ချက်ချင်း​နတ်ပြည်​တက်​ရ​မည်​ခေါ် ​ရင်တောင်​ကိုယ်​ချစ်ခင်​သော​သူ​တွေ​ကို​ထားခဲ့​ပြီး​တယော​က်​တည်း​သွား​ ဖို့​တွန့်​ဆုတ်​နေ​မိ​သေး​သည်..
ပူလောင်​သောက​တွေ​နဲ့​ထွက်ပေါက်​ပိတ်​လာ​တော့​သေမင်း​တံခါး​ဝ​ကို​သွား​ ခေါက်​ကြည့်​ချင်​သူ​တွေ..​သေမင်း​ဆီ​ထွက်ပြေး​ရ​မ​လား​စဉ်းစား​သူ​တွေ..​ သေမင်း​ထံ​ပါး​မှာ​လွတ်​လမ်း​ရှာ​သူ​တွေ​များ​လာ​သည်..​ကျွန်တော်​တို့​လည်း ​ကိုယ်​ကြုံတွေ့​နေ​ရ​တဲ့​အခြေအနေ​အရ​သေမင်း​ဆီ​မှာ​လွတ်​လမ်း​ရှာ​မိ​သူ​ တွေ​ဖြစ်​သည်..​ထွက်ပေါက်​ရှာ​မ​တွေ့​သည့်​အဆုံး​သေ​ခြင်း​တံခါး​ဆို​သောတ​ ခု​တည်း​သော​ထွက်ပေါက်​ကို​တံခါး​ခေါက်​နေ​မိ​သူ​တွေ​ဖြစ်​သည်..​ကျွန်တော်​ ဓါတ်​ပုံ​လေး​ကို​ပြန်​ချထား​လိုက်​သည်...​ပြီး​တော့​သူမ​ကို​တိုး​ညှင်း​ စွာ​မေး​လိုက်​မိ​သည်..
-
မင်း​ဘာ​ကြောင့်​တ​ချိန်​လုံး​ဓါတ်​ပုံ​တွေ​ရိုက်​နေ​တာ​လဲ​ဟင်..
-----------------------------------------------------By KK
ဆက်​ရန်

သက်​ဆုံး​တိုင်..(၂)


-------------------------
ကျွန်​တော့်​အိမ်​ရှေ့​ခန်း​က​ရှင်း​နေ​သည်..​ကျွန်တော်​ဘုရား​စင်​ရှိ​ရာ​ ကို​လျှောက်​သွား​ပြီး​ဘုရား​မီး​ကို​ဖွင့်​လိုက်​သည်..​အခန်း​ကို​လှည့်ပတ် ​ကြည့်​နေ​သော​မိန်း​ကလေး​ကို​ပြန်​လှည့်​ကြည့်​ပြီး​ပြော​လိုက်​သည်..
-
ကျွန်​တော့်​ရည်းစား​နဲ့​မ​မြင်​ရ​သေး​တဲ့​ကလေး​ကို​သတ်​လိုက်​တယ်​ဆို​တာ​ ကျွန်တော်​ညာ​ပြော​တာ​ပါ..​ကျွန်​တော့်​အမေ​ဆုံး​သွား​တာ​တ​နေ့​ကရ​က်​လည်​ တယ်​လေ..​ဒါ​ကြောင့်​အိမ်​ရှေ့​ခန်း​က​ရှင်း​နေ​တာ​ပါ.
-
အင်း..​ဒါ​ဆို​ရှင်​က​ဘာ​လို့​သေ​ချင်​နေ​တာ​လဲ..​ကျွန်မ​က​ဘဝ​မှာ​ဘာ​မှ​ထပ်​မျှော်လင့်​စရာ​မ​ရှိ​တော့​လို့​သေ​ချင်​နေ​တာ​ကို..
-
ကျွန်​တော့်​မှာ​လည်း​အကြောင်း​ရှိ​လို့​ပေါ့​ဗျာ..
-
မိန်း​ကလေး​သည်​အခန်း​ထောင့်​က​ထိုင်​ခုံ​ကို​သွား​ယူလာ​ပြီး​အခန်း​အလည်​က​ မီး​ဆိုင်း​ချိတ်​ထား​သည့်​အောက်​တွင်​ချ​ကာ​ထိုင်​ခုံ​ပေါ်​တက်​ပြီး​မီး​ ဆိုင်း​ကို​ဖြုတ်​လိုက်​သည်...​ဖြုတ်​ထား​သော​မီး​ဆိုင်း​ကို​ကျွန်​တော့်​ ကို​လှမ်း​ပေး​သည်..​ကျွန်တော်​လည်း​သူ​ဘာ​လုပ်​မ​လဲ​စိတ်​ဝင်​တ​စား​ကြည့်​ ရင်း​လှမ်း​ယူ​လိုက်​သည်..​သူမ​က​ဘေး​အိတ်​ထဲ​မှ​ပု​ဝါ​စ​ကို​ထုတ်ယူ​ပြီး​ လိမ်​ကျစ်​နေ​သည်..​ကွင်း​ပုံစံ​ချည်​လိုက်​ပြီး​မီး​ဆိုင်း​ချိတ်​ဖို့​ လုပ်​ထား​သည့်​ချိတ်​မှာ​ချိတ်​လိုက်​သည်..
-
ဟိတ်.​မင်း​ဘာ​လုပ်​မ​လို့​လဲ..
-
အင်း...​ကြိုးကွင်း​စွပ်​သေမ​လို့​လေ..
-
အဲ့​လို​မ​တရားမ​လုပ်​နဲ့​လေ..​ဒါ​က​ငါ့​အိမ်..​ငါ​အရ​င်​သေ​ဖို့​အခွင့်အရေး​ပေး​သင့်​တယ်..
-
ဟုတ်​သား​ဘဲ..​ဒါ​ဆို​ရှ​င့်​ကို​အရ​င်​အခွင့်အရေး​ပေးလိုက်​မယ်..
-
သူမ​က​ထိုင်​ခုံ​ပေါ်​က​ဆင်း​ပေးလိုက်​တာ​ကြောင့်​ကျွန်တော်​ထိုင်​ခုံ​ပေါ် ​ကို​တက်​ရပ်​လိုက်​သည်..​ကြိုးကွင်း​ကို​ကျွန်​တော့်​မေး​အောက်​တွင်​သေချာ ​ထား​လိုက်​သည်..​မ​ရွှေ​ချော​က​ကျွန်တော်​လုပ်​နေ​တာ​ကို​ဓါတ်​ပုံ​ရိုက်​ ပြီး​သေချာ​သိမ်း​လိုက်​သည်..​ကျွန်တော်​သူမ​ကို​လှမ်း​မေး​လိုက်​သည်..
-
ဒီ​နည်း​က​သေ​ဖို့​သေချာ​လား..
-
အင်း..​၉​၅%သေချာ​တယ်..
-
ကျန်​တဲ့​၅%က​ရော..
-
မတော်တဆ​ကြိုး​ပြတ်​ကျ​ရင်​ဖြစ်​ဖြစ်..​ရှင်​စိတ်​ပြောင်း​သွား​ရင်​ဖြစ်​ဖြစ်..​ဒါ​ဆို​ရင်​တော့​သေ​ဖို့​မ​သေချာ​တော့​ဘူး..
-
ငါ​က​သေ​ဖို့​ဆုံးဖြတ်​ထား​တာ​ဘဲ..​စိတ်​မ​ပြောင်း​ပါ​ဘူး..
-
ဒါ​ဆို​ရှ​င့်​ခြေထောက်​အောက်​က​ကုလားထိုင်​ကို​ကန်​လိုက်​တော့..​ရှင်​အဆင်သင့်​ဖြစ်​ပြီ​မဟုတ်​လား..
-
ကျွန်တော်​ကုလားထိုင်​ကို​ကန်​ထုတ်​လိုက်​သည်.​ရုတ်​တရက်​ကျွန်​တော့်​တ​ ကိုယ်​လုံး​အလေး​ချိန်​သည်​ကျွန်တော်​လည်ပင်း​အပေါ်​ကျ​ရောက်လာ​သည်..​အသက်​ ရှု​မ​ရ​တော့​ဘဲ​ပြင်းထန်​သော​ဝေဒနာ​က​ပေါ်လာ​သည်..​ကျွန်​တော့်​လက်​နှစ်​ ဖက်​က​ကြိုး​စ​ကို​ဆုပ်​ကိုင်​ထား​မိ​သည်..​ခြေထောက်​တွေ​က​ဘာ​ကို​မှ​မစ​ မ်း​မိ​ဘဲ​လေ​ထဲ​တွင်​ယက်​ကန်​ယက်​ကန်​ဖြစ်​နေ​သည်..​ကျွန်တော်​စောင့်​နေ​ သော​အချိန်​သည်​လျှင်​မြန်​စွာ​နီး​ကပ်​လာ​သည်..​အမြင်​တို့​ကဝေ​ဝါး​သွား​ ကြ​သည်.

.​ပြင်းထန်​သော​ဝေဒနာ​၏​အဆုံးသတ်​လု​အချိန်​လေး​မှာ​ကျွန်​တော့်​ခြေထောက်​တွေ​တ​စုံ​တ​ခု​ပေါ်​ထောက်​မိ​သွား​သည်..
ခံစား​နေ​ရ​သော​ဝေဒနာ​ဆိုး​ကြီး​က​ရုတ်​ချည်း​သက်သာ​သွား​သည်..​ကျွန်တော်​ ငုံ့​ကြည့်​လိုက်​တော့​မိန်း​ကလေး​က​ကျွန်​တော့်​ကို​မော့ကြည့်​နေ​သည်..​ ကျွန်​တော့်​ခြေထောက်​တွေ​အောက်​ကို​ကုလားထိုင်​ထဲ့​ပေး​ပြီး​ကျွန်​တော့်​ ကို​သေမင်း​လက်​က​ပြန်​ဆွဲ​ခေါ်​လိုက်​တာ​ဖြစ်​သည်..
-
မင်း​ဘာ​လို့​ဒီ​လို​လုပ်​တာ​လဲ..
-
ဒီ​မှာ​ကြည့်..​ကျွန်မ​ရှ​င့်​ကို​ဓါတ်​ပုံ​ရိုက်​ထား​တယ်..​ဘယ်လောက်​ရုပ်​ဆိုး​လဲ..
-
ဟင်..​အဲ့​ဒါ​ဘာ​ဖြစ်​လို့​တုန်း..
-
ကျွန်မ​တို့​သေ​ပြီး​ရင်​အနည်း​ဆုံး​သတင်းစာ​တွေ၊ဂျာနယ်​တွေ​မှာ​ပါ​မှာ​ဘဲ..​အဲ့​ဒီ​အခါ​ရုပ်​ဆိုး​နေ​မှာ​ပေါ့
-
ဟော​ဗျာ..​သေ​ပြီး​မှ​ဘဲ..​ရုပ်​ဆိုး​မ​ဆိုး​က​ဘာ​လုပ်​ဖို့​လဲ..
-
ရှင်​က​လဲ..​ကျွန်မ​တို့​အလောင်း​ကို​လူ​တွေ​က​ဝိုင်း​ကြည့်​ကြ​မှာ..​ဒီ​ တော့​လှ​လှပ​ပ​ဖြစ်​ဖို့​လို​တယ်..​နောက်ဆုံး​ကျွန်မ​ရည်းစား​မြင်​ရင်တောင် ​လှ​လှပ​ပ​လေး​သေ​နေ​တဲ့​ကျွန်မ​ကို​ကြည့်​ပြီး​သူ​နောင်တရ​ချင်​ရ​နေ​မှာ..
-
မင်း​တို့​မိန်း​ကလေး​တွေ​က​အဆ​န်း​ဘဲ..​သေမ​ယ့်​ဟာ​တောင်​လှ​ချင်​နေ​သေး​ တယ်..​နေ​ဦး..​မင်း​အတွက်​နည်း​လမ်း​စဉ်းစား​မိ​ပြီ..​ခဏ​စောင့်..
-
ပြော​ပြောဆို​ဆို​ကျွန်တော်​အခန်း​ထဲ​ဝင်​ပြီး​လို​အပ်​သည့်​ပစ္စည်း​များ​ ယူလာ​ခဲ့​သည်..​ထိုင်​စောင့်​နေ​သော​သူမ​ရှေ့​သို့​ကျွန်တော်​ယူလာ​တာ​တွေ​ ချ​ပေးလိုက်​သည်..​ကျွန်တော်​ချ​ပေး​သော​အ​လှ​ပြင်​ပစ္စည်း​များ​ကို​ကြည်​ျ ​ပြီး​သူမ​အံ့ဩ​သ​လို​ကျွန်​တော့်​ကို​ပြန်​ကြည့်​သည်..
-
ကျွန်​တော့်​ကို​မ​ကြည့်​နဲ့​ဗျ..​ဒါ​တွေ​က​ကျွန်​တော့်​အမေဟာ​တွေ..​အမေ​က​အ​လှ​ပြင်​ဆရာ​မ​လေ..
-
အော်..​ဒီ​လို​ကိုး...
-
မ​သေ​ခင်​မင်း​အ​လှ​ပြင်​လို့​ရအောင်..​သေချာ​လှ​အောင်​ပြင်​ထား​ရင်​ရုပ်​ ဆိုး​မှာ​မ​ပူ​ရ​တော့​ဘူး​လေ..​ဒီ​မှာ​ကျွန်တော်​ပ​လတ်​စ​တစ်​စ​တွေ​ယူလာ​ တယ်..​အဲ့​ဒါ​တွေ​နဲ့​မင်း​ခေါင်း​ကို​ချည်​ပေး​မယ်..​ဒါ​ဆို​မင်း​အသက်​ရှု ​ကြပ်​ပြီး​သေ​ဖို့​၉​၉%သေချာ​ပြီ..
-
ကျန်​တဲ့​၁%က​ရော..
-
ဒါ​ကတော့​ကံ​တရား​ဘဲ​လေ..
-
ဒါ​ဆို​ရှင်​အ​လှ​ပြင်​တတ်​လား..
-
အမေ့​ကို​ကူ​နေ​တော့​နည်း​နည်း​တော့​ပြင်​တတ်​ပါ​တယ်..
-
ကျွန်မ​ကို​လှ​လှ​လေး​ဖြစ်​အောင်​ရှင်​ပြင်​ပေး​ပါ..
-
ဟာ​ဗျာ..​ကိုယ့်​ဖာ​သာ​ပြင်​ပါ..​ကျွန်တော်မ​ပြင်​ပေး​ချင်​ဘူး..
-
လုပ်​ပါ...​ခု​ချိန်​မှာ​ဘဝ​တူ​တွေ​ဘဲ​ဟာ​ကို..​စေတနာ​ထား​စမ်း​ပါ..
-
ကျွန်တော်​သူမ​ကို​မိတ်​ကပ်​စ​လိမ်း​ပေး​သည်..​သူမ​အသား​အရည်​က​နု​ညံ့​ချော ​မွတ်​နေ​သည်..​မျက်နှာ​ကျ​ပုံ​လေး​က​လည်း​အ​တော်​ပြေပြစ်​သည်..​ကျွန်တော်​ စိတ်ပါ​လက်​ပါ​သေချာ​ပြင်ဆင်​ပေး​မိ​သည်..​အပြီးသတ်​နှုတ်ခမ်း​နီ​ပန်းရောင် ​လေး​ဆိုး​ပေး​ပြီး​တော့​ကြွေ​ရုပ်​လေး​လို​ကြွ​ကြွရွ​ရွ​လေးမျက်နှာ​လေး​က​ လှ​လာ​သည်..​သူမ​က​မှန်​ထောင်​ကြည့်​ပြီး​သဘောကျ​စွာ​ပြုံး​သည်..​ပြီး​တော့ ​သူမ​ပုံ​ကို​ဓါတ်​ပုံ​ရိုက်​လိုက်​သည်..
ပြီး​တော့​သူမ​မျက်လုံး​ကို​အသာ​မှိတ်​ပြီး​ထိုင်​နေ​သည်..​ကျွန်တော်​ အလိုက်​တ​သိ​ဖြင့်​ပ​လတ်​စ​တစ်​အ​ကြည်​စ​ကို​ယူ​ပြီး​သူမ​ဦးခေါင်း​ကို​သေ​ သေ​သပ်သပ်​ပတ်​ပြီး​ထုတ်ပေး​လိုက်​သည်..​အရုပ်​တ​ရုပ်​ကို​ပ​လတ်​စ​တစ်​စွပ် ​ထား​သ​လို​ပုံ​မျိုး​လေး​ဖြစ်​သွား​ပြီး​အ​ထဲ​မှာ​ရွှေ​ငါး​လေး​ရေ​ထဲ​က​ ကုန်း​ပေါ်​ပစ်​တင်​ထား​သ​လို​သူမ​ဟ​စိ​ဟ​စိ​နှင့်​အသက်​ရှု​ကျပ်​နေ​တာ​ မြင်​ရသ​ည်..
-------------------------------By KK
ဆက်​ရန်

သက်​ဆုံး​တိုင်..(၁)


-----------------------------
ကျွန်​တော့်​ခြေဖဝါး​အောက်အ​တော်​ဝေး​ဝေး​မှာ​လှမ်း​မြင်​နေ​ရ​တဲ့​မည်း​ ပြောင်​သော​ကား​လမ်းမ​နဲ့​လမ်း​မီးတိုင်​များ​ကို​ကျွန်တော်​ငုံ့​ကြည့်​ လိုက်​သည်..​လေ​က​ကျွန်​တော့်​ဆံပင်​တွေ​ကို​တိုး​ပြီး​တိုက်​ခတ်​နေ​တာ​ကို ​ခံစား​နေ​ရသ​ည်..​အောက်​ဘက်​က​မြင်​ကွင်း​ကို​ကြည့်​ရင်း​ကျွန်​တော့်​ ဆုံးဖြတ်ချက်​ကို​အကောင်အထည်​ဖော်​ဖို့​စိတ်​ကို​တင်း​နေ​ရသ​ည်...​အုတ်​ ဘောင်​ပေါ်​ထောက်ထား​သော​လက်​ကို​ဆုပ်​ကိုင်​ထား​ရာ​မှ​လွှတ်​ပြီး​ကိုယ်​ ကို​ရှေ့​ကို​ကြွ​ရုံ​မျှ​ဖြင့်​ကျွန်​တော့်​စိတ်​ဆင်းရဲ​မှု​သောက​အားလုံး​ အဆုံးသတ်​သွား​လိမ့်​မည်...
-
ချပ်.....​မ​ဆိုး​ဘူး..​ဒီ​ပုံ​ကောင်း​တယ်..
-
အ​သံ​ကြောင့်​ကျွန်တော်​နောက်​ကို​လှည့်​ကြည့်​လိုက်​တော့​တိုက်​ခေါင်​မိုး ​ပေါ်​က​အုတ်​ရေ​လှောင်​ကန်​ကို​မှီ​ရပ်​ရင်း​ကျွန်​တော့်​ကို​ကြည့်​နေ​သော ​မိန်း​ကလေး​တယော​က်...​အပြာ​ရင့်​ရောင်​ခပ်​ပျော့​ပျော့​ဂါဝန်​က​လေတိုး​ မှု​ကြောင့်​တ​ဖျတ်ဖျတ်​ခါ​နေ​သည်..​လက်​ထဲ​တွင်​တော့​တွေ့​ရ​ခဲ​သည့်​ပို​ လာ​ရွို​က်​စ်​ကင်​မ​ရာ​တ​လုံး...​ရိုက်​ပြီး​တ​ခါ​တည်း​ထွက်​လာ​သော​ဓါတ်​ ပုံ​လေး​ကို​ကြည့်​ပြီး​သူ​စလွယ်​သိုင်း​လွယ်​ထား​သော​အိတ်​ထဲ​ထဲ့​လိုက်​ သည်..​ပြီး​တော့​အုတ်​ကန်​ပေါ်​တင်​ထား​သည့်​အအေး​ဘူး​ကို​ယူ​ပြီး​ကျွန်​ တော့်​ဆီ​လျှောက်​လာ​သည်..
-
ရှင်​ဘာ​လုပ်​နေ​တာ​လဲ...
-
ကျွန်တော်​လား..​ကိုယ့်ကိုယ်ကို​သတ်​သေမ​လို့..
-
ဟုတ်​လား...​ဒါ​ဆို​စိတ်ဝင်စား​တယ်...​ကျွန်မ​လည်း​တူ​တူ​သေမ​ယ်​လေ..
-
မင်း​က​ဘာ​ဖြစ်​လို့​တူ​တူ​လိုက်​သေ​မှာ​လဲ..​မင်းကို​ငါ​မ​သိ​ပါ​လား..
-
ကျွန်မ​လည်း​ရှ​င့်​ကို​မ​သိ​ပါ​ဘူး...​ကျွန်မ​မှာ​လည်း​သေ​ချင်​လောက်​အောင်​စိတ်ညစ်​စရာ​တွေ​ရှိ​လို့​ပေါ့..
-
မင်း​စိတ်ညစ်​စရာ​က​ဘယ်လောက်​ကြီး​လို့​လဲ..
-
ကျွန်မ​က​သိပ်​မိုက်မဲ​တဲ့​သူ​လေ..​ကျွန်မ​ရဲ့​မ​မွေး​ရ​သေး​တဲ့​ကလေး​ကို​ သတ်​တဲ့​သူ​ပေါ့..​အဲ့​ဒီ​အတွက်​ကျွန်မ​အရမ်း​ပူလောင်​နေ​တယ်..​ဒါ​ကြောင့်​ ကျွန်မ​ဒီ​တိုက်​အမိုး​ပေါ်​တက်​လာ​တာ...
-
အင်း..​ကျွန်တော်​ကတော့​ကျွန်​တော့်​ချစ်​သူ​ကို​ရော၊ မ​မြင်​ရ​သေး​တဲ့​ကျွန်​တော့်​ရင်သွေး​ကို​ပါ​သတ်​မိ​သူ​လေ..
ဒါ​ကြောင့်​သေ​သင့်​တယ်​လို့​ဆုံးဖြတ်​ထား​တာ..
-
ဒါ​ဆို​ကျွန်မ​တို့​တူ​တူ​သေ​ဖို့​လုပ်​ကြ​မယ်​လေ...
-
သူမ​က​ပြော​ပြောဆို​ဆို​အုတ်​ဘောင်​ပေါ်​အအေး​ဘူး​ကို​တင်​လိုက်​သည်..​ပြီး ​တော့​တိုက်​အောက်​ခြေ​က​ကား​လမ်းမ​ကို​ဓါတ်​ပုံ​ရိုက်​လိုက်​သည်.​ဓါတ်​ပုံ ​ကို​ဆွဲ​ယူ​ပြီး​သေချာ​ကြည့်​လိုက်​သေး​သည်..​ပြီး​တော့​မှ​ဘေး​လွယ်အိတ်​ လေး​ထဲ​ထဲ့​လိုက်​သည်..​တိုက်​အောက်​ကို​တ​ချက်​ထပ်​ငုံ့​ကြည့်​ပြီး​အုတ်​ ဘောင်​ကို​ခြေ​တဖက်​ခွ​ကျော်​တက်​နေ​သည်..​ကျွန်တော်​သူ့​ကို​စိတ်​ဝင်​တ​ စား​ကြည့်​နေ​တုန်း​နောက်​က​အော်​ပြော​လိုက်​သံ​ကြားလိုက်​ရသ​ည်..
-
ဟိတ်..​မင်း​တို့​နှစ်​ယောက်​ဒီ​အပေါ်​မှာ​ဘာ​တက်​လုပ်​နေ​ကြ​တာ​လဲ..
-
လှည့်​ကြည့်​လိုက်​တော့​တိုက်​လုံခြုံ​ရေး​အစောင့်​ယူ​နီ​ဖောင်း​နှင့်​ဦး​ လေး​ကြီး​တယော​က်​မျက်မှန်​တဝ​င်း​ဝင်း​နဲ့​ကျွန်တော်​တို့​ကို​ မျက်လုံးပြူး​ပြီး​ကြည့်​နေ​သည်..​မိန်း​ကလေး​က​ခွ​ကျော်​နေ​သော​ခြေထောက်​ ကို​ပြန်​ချ​ပြီး​နောက်ပြန်​လှည့်​ကြည့်​စဉ်​အအေး​ဘူး​ကို​တိုက်မိ​ပြီး​ အအေး​ဘူး​လေး​တိုက်​အောက်​ခြေ​သို့​လွင့်​ကျ​သွား​သည်...​ကျ​သွား​သော​အအေး​ ဘူး​ကို​ငုံ့​ကြည့်​ရင်း​မိန်း​ကလေး​က​ပြန်​ဖြေ​လိုက်​သည်..
-
ကျွန်မ​တို့​သတ်​သေ​ကြ​မ​လို့​ပါ..
-
ဘုရား​ရေ..​မင်း​တို့​က​သတ်​သေ​ကြ​မ​လို့..​ရူး​နေ​လား...​အခု​အောက်​ပြန်​ဆင်း​ကြ​စမ်း..
-
ဟင့်​အင်း..​ဆုံးဖြတ်​ပြီး​သွား​ပြီ..
-
အေး..​ဆုံးဖြတ်​ထား​လည်း​တခြား​သွား​ကြ..​ငါ​က​ဒီ​နေ့​မှ​ဒီ​အလုပ်​ကို​စ​ ဝင်​တာ..​ငါ့​ရဲ့​ပထမ​ဆုံး​အလုပ်​ဝင်​တဲ့​ရက်​မှာ​ငါ့ကို​ဒုက္ခ​မ​ပေး​ကြ​ပါ ​နဲ့..​ငါ့​မှာ​မိသား​စု​တွေ​ရှိ​တယ်..​သွား..​သွား..​သွား​ကြ..​ပြန်​ဆင်း​ ကြ​စမ်း..
-
ကျွန်တော်​အုတ်​ဘောင်​အတွင်း​ဘက်​ကြမ်းခင်း​ပေါ်​ကိုယ်​ကို​ပြန်​လှည့်​ လိုက်​ပြီး​ခြေ​ချ​လိုက်​သည်..​မိန်း​ကလေး​က​ကျွန်​တော့်​ဘေး​မှာ​လာ​ရပ်​ သည်..​လုံခြုံ​ရေး​ဦး​လေး​ကြီး​က​ကျွန်တော်​တို့​နောက်​က​လိုက်​ဆင်း​လာ​ ရင်း​အမိုး​ပေါ်​တက်​သည့်​တံခါး​ကို​သော့​ခတ်​လိုက်​သည်..​သွား​ပြီ..​ ကျွန်တော်​ရွေး​ထား​သော​နေရာ​လေး..​ဒီ​မိန်း​ကလေး​ရောက်လာ​လို့​အကောင်​အ​ည် ​မ​ဖော်​လိုက်​ရ..​စိတ်​က​အ​တော်​ပေါက်သွား​သည်..​တိုက်​အောက်​လှေကားရင်း​ နား​မှာ​စက်ဘီး​တ​စီး​ထောင်ထား​တာ​တွေ့​လိုက်​သည်..​သော့​ခတ်​မ​ထား..

ကျွန်တော်​လှေကား​ပေါ်​က​ပြေး​ဆင်း​လိုက်​တော့​မိန်း​ကလေး​က​ပါ​ကျွန်​တော့် ​နောက်​က​ပြေး​ဆင်း​လာ​သည်..​ကျွန်တော်​စက်ဘီး​ကို​ဆွဲ​ယူ​ပြီး​နင်း​ထွက်​ လိုက်​သည်..​မိန်း​ကလေး​က​စက်ဘီး​နောက်​ထိုင်​ခုံ​ပေါ်​ခုန်​တက်​ပြီး​လိုက် ​လာ​သည်..​လုံခြုံ​ရေး​ဦး​လေး​ကြီး​က​သူ့​စက်ဘီး​နောက်​အော်ဟစ်​ပြီး​ပြေး​ လိုက်​ပေ​မယ့်​မ​မှီ​ဘဲ​ကျန်​ရစ်​ခဲ့​သည်..​ကျွန်တော်​ရော​သူမ​ပါ​ရယ်မော​မိ ​ပါ​သည်...​အ​တော်​ဝေး​ဝေး​ကို​စက်ဘီး​နင်း​ပြီး​မှ​နောက်​ကြော​င်း​ပြန်​ လှည့်​လာ​ခဲ့​သည်..
ကျွန်​တော့်​အိမ်​က​ခု​န​တိုက်​နှင့်​နောက်​ဖက်​ကပ်​လျက်​တိုက်ခန်း​တွဲ​ များ​မှာ​ဖြစ်​သည်..​ကျွန်တော်​စက်ဘီး​ကို​ရပ်​လိုက်​ပြီး​အောက်​ဆင်း​လိုက် ​သည်..​မိန်း​ကလေး​ကို​လှည့်​ကြည့်​လိုက်​ပြီး​မေး​မိ​သည်..
-
ဟေ့..​မင်း​အိမ်​ပြန်​တော့​လေ..​ကျွန်တော်​က​အခု​ကျွန်​တော့်​အိမ်​ကို​သွား ​မှာ..​အိမ်​မှာ​ဘဲ​ဘယ်​လို​သေ​ရင်​ကောင်း​မ​လဲ​စဉ်းစား​ပြီး​လုပ်​တော့​ မယ်..
-
ကျွန်မ​က​သွား​စရာ​မ​ရှိ​ဘူး..​သေ​ဖို့​ဘဲ​ထွက်​လာ​တာ..​ရှ​င့်​အိမ်​လိုက်​ခဲ့​မယ်..
-
ဟာ..​မ​လိုက်​ခဲ့​ပါ​နဲ့..
-
လိုက်​မှာ​ဘဲ..
-
ကျွန်​တော့်​လှည့်​ထွက်​လာ​တော့​သူ​နောက်​က​လိုက်​လာ​သည်..​ကျွန်တော်​ဘာ​မှ ​ထပ်ပြော​ချင်​စိတ်ရှိ​မ​နေ​တော့​ပါ..​ကိုယ့်​တိုက်ခန်း​လှေကားရင်း​မှာ​ စက်ဘီး​ကို​ထောင်​လိုက်​သည်..​လုံခြုံ​ရေး​တွေ​လှည့်​လာ​ရင်​စက်ဘီး​ကို​ ပြန်ယူ​သွား​ပါ​လိမ့်​မည်..​ကျွန်တော်​တိုက်​လှေကား​အတိုင်း​တက်​လာ​ခဲ့​ သည်..​တိုက်ခန်း​တံခါး​ကို​ကျွန်တော်​ဖွင့်​ဝင်​တော့​မိန်း​ကလေး​က​ကျွန်​ တော့်​ကို​တိုး​ပြီး​အ​ထဲ​ကို​ဝင်​သွား​သည်..​ကျွန်တော်​မီး​ခလုတ်​ကို​လက်​ နှင့်​စမ်း​ပြီး​ဖွင့်​လိုက်​သည်..
-------------------------------------------By KK
ဆက်​ရန်

Friday 3 October 2014

သွေးကြွေး (ဇာတ်သိမ်း)


အခုနက အခန်းဘက်ကို ကျနော်ပြန်လျှောက်လာခဲ့တော့ အသက်ငယ်ငယ်နဲ့ မိန်းကလေးက ခုတင်ပေါ်မှာ ခြေသလုံးကိုကိုင်ပြီး ငိုယိုနေတယ်။ သူ့ခြေထောက်မှာ နည်းနည်းလေး ရှပ်ထိထားတယ်။

ဝေါ့လ်ထ်ကတော့ အလောင်းဘေးမှာရပ်နေပါတယ်။ အခန်းထဲမှာကလည်း မှောင်နေတော့ NVG ထဲကနေ အလောင်းကဘယ်သူဘယ်ဝါဆိုတာ သေချာမသဲကွဲဘူး ဖြစ်နေပါတယ်။ အခုတော့ သုံးလွှာတထပ်လုံးလဲ ရှင်းလင်းပြီးပြီ၊ အခန်းထဲက ပြတင်းပေါက်တွေအားလုံးကလဲ အပြင်ကမမြင်ရအောင် ကာထားတာဆိုတော့ ဓါတ်မီးသုံးလို့ရပါပြီ။

အဲဒီအလောင်းရဲ့ခေါင်းမှာ ညာဘက်နဖူးတခြမ်းက ပွင့်ထွက်သွားပါတယ်။ ကျနော်တို့ထပ်ပစ်ထားတဲ့ ကျည်ဝင်ပေါက်တွေရှိပါတယ်။ ကျနော်လည်း သေချာမြင်ရအောင် အနားကပ်ကြည့်လိုက်ပါတယ်။ အဲဒီအချိန်မှာ တော်မ်လည်းပေါက်ချလာပြီး အလောင်းကိုလာကြည့်ပါတယ်။

“ ကြည့်ရတာကျနော်တို့လိုချင်တဲ့လူထင်တယ်…” လို့ တော်မ်ကဆိုပါတယ်။

အခုစစ်ဆင်ရေးကို White House မှာလည်း ကြည့်နေပြီး၊ ကျနော်တို့ရဲ့ ဆက်သွယ်ပြောဆိုမှုတွေကိုလည်း အဲဒီကြားနေရတော့၊ မှားသွားရင် မကောင်းတတ်တာနဲ့ ဒါဘယ်သူဘယ်ဝါလို့ တော်မ် က နာမည်တပ်မပြောတာပါ။
ကျနော့်ခေါင်းထဲက ပစ်မှတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေအရ…
ခုသေနေတဲ့လူက သုံးလွှာမှာရှိတဲ့ ယောက်ျား၊ အရပ်တော်တော်ရှည်တယ်၊ ၆ ပေ၊ ၄ လက်မ လောက်ရှိမယ်ထင်တယ်။ အဲဒီအချက်တွေအားလုံးကိုက်ပါတယ်။

ဆက်သားနှစ်ယောက်ဖြစ်တဲ့ အာမက်တို့ညီအကိုတွေ ရှိနေကြတဲ့ နေရာတွေကလည်း ထောက်လှမ်းရေးသတင်းအတိုင်း ကွက်တိပဲ။
ကြည့်နေရင်းနဲ့ ကျနော့်မျက်လုံးက အဲဒီလူရဲ့နှာခေါင်းကိုရောက်သွားပါတယ်။ နှာခေါင်းကမပျက်စီးပဲ အကောင်းအတိုင်းရှိနေပါတယ်။ ကျနော်လည်း ကျနော့်မှာပါလာတဲ့ စာအုပ်လေးကိုထုတ်ပြီး စာအုပ်ထဲက ပစ်မှတ်ရဲ့ ဖြစ်နိုင်တဲ့ မျက်နှာပုံအမျိုးမျိုးကို တချက်ကြည့်လိုက်တော့ သေးသေးရှည်ရှည် နှာခေါင်းက သွားကိုက်နေပါတယ်။ မုတ်ဆိတ်ကလည်းအမည်းတွေ။

ကျနော့် ရာဘာလက်အိတ်နဲ့ ကင်မရာတွေထုတ်ပြီး ဓါတ်ပုံတွေရိုက်ယူပါတယ်။ ဝေါ့လ်ထ်ကတော့ DNA Sample တွေယူပါတယ်။ အာရဗီစကားတတ်တဲ့ ၀ီလ်လည်းရောက်လာပီး ငိုနေတဲ့ ကောင်မလေးခြေထောက်ကို ဆေးထည့်ပေးနေပါတယ်။ အဲဒီကောင်မလေးနာမည်က အမားလ်အယ်ဖာတာ (Amal al-Fatah) ပါ။ ပစ်မှတ်လူရဲ့ ငါးယောက်မြောက်မယားပါ။ ခြေသလုံးမှာ နည်းနည်းလေးထိထားတယ်။ ကျည်စတခုခုမှန်ထားတဲ့ပုံပါ။

“ အောက်ဘက်မှာ သတင်းအချက်အလက်ယူလို့ရမယ့် ပစ္စည်း (SSE) တွေအပုံလိုက်ပဲ… အင်အားလိုနေတယ်…”

အဲဒါနဲ့ တော်မ်လည်း ထွက်သွားတော့ Command Net ကနေ သူ့အသံကိုကြားလိုက်ရပါတယ်။

“ သုံးလွှာမှာ ရေနံတွင်းမိလိုက်တယ်ဟေ့…”

ဝေါ့လ်ထ်က သူ့ CamelBak ကျောပိုးရေဗူးက ပိုက်လေးထုတ်ပြီး အလောင်းရဲ့မျက်နှာပေါ်ကိုဖြန်းချလိုက်ပါတယ်။ ကျနော်လည်း အိပ်ယာပေါ်ကစောင်တခုယူပြီး အလောင်းရဲ့မျက်နှာပေါ်ကို သုတ်ချရင်းနဲ့မှ သူ့မျက်နှာကိုပိုပိုမှတ်မိလာပါတယ်။

ဒီလူ့ ကြည့်ရတာ ရွှေနိုင်ငံက ဗိုလ်ချုပ်ကြီးတွေ အားကျလို့ထင်ပါရဲ့။ မုတ်ဆိတ်တွေကလည်း ဆေးအမည်းဆိုးထားတော့ မည်းနက်နေတယ်။ ဒီလူ့မျက်နှာက ကျနော်ထင်ထားသလိုတောင် မဟုတ်ဘူး။ အင်း… ဒီလူ့မျက်နှာကို အနီးကပ်မြင်ရတာ နည်းနည်းတော့တမျိုးပါပဲ။
ပြီးခဲ့တဲ့ဆယ်စုနှစ်တခုလုံး ကျနော်တို့တိုက်နေရတဲ့ အဓိကဇစ်မြစ်က ဒင်းပေါ့ဗျာ။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံးလူရဲ့ မျက်နှာပေါ်ကသွေးတွေကို သုတ်ပြီး ဓါတ်ပုံရိုက်ရမှာ နည်းနည်းတော့ စိတ်ကူးယဉ်ဆန်သလိုပဲ။ လောလောဆယ်တော့ ကျနော်တို့ အနေနဲ့ အရည်အသွေးကောင်းတဲ့ ဓါတ်ပုံတွေရဖို့လိုပါတယ်။ အခုရိုက်မယ့် ဓါတ်ပုံတွေကို လူတွေအများကြီးကကြည့်ကြမှာဆိုတော့၊ ဂဂျိုးဂဂျောင်မဖြစ်တာ အကောင်းဆုံးပါပဲ။

လက်ထဲက စောင်ကိုဘေးချလိုက်ပြီး ပါလာတဲ့ကင်မရာကိုထုတ်လိုက်ပါတယ်။ အခုရိုက်ရမယ့်ဓါတ်ပုံမျိုးတွေကို ကျနော်တို့အဖွဲ့သားတွေ ကောင်းကောင်းလေး ရိုက်တတ်ပါတယ်။ ကျနော်တို့တွေ အာဖဂန်နစ္စတန်မှာ CSI Afghanistan လုပ်နေကြတာ တော်တော်တောင်ကြာနေပါပြီ။ တကိုယ်လုံးကိုရိုက်ပြီး၊ မျက်နှာပုံတွေပါ ထပ်ရိုက်ယူလိုက်ပါတယ်။

နှာခေါင်းကြီးကတော့ထင်းနေတာပဲဗျာ။ ကျနော်တို့ ဓါတ်ပုံရိုက်နေတုန်းမှာပဲ ကျနော်တို့အဖွဲ့သားတွေက အောက်ထပ်မှာတွေ့တဲ့ ကွန်ပြူတာတွေ၊ မယ်မိုရီကဒ်တွေ၊ မှတ်စုစာအုပ်တွေ၊ ဗီဒီယိုတွေအားလုံးကို သိမ်းနေပါတယ်။ ခြံပြင်မှာတော့ CIA စကားပြန်အလီနဲ့ အပြင်စည်းလုံခြုံရေးယူထားတဲ့အဖွဲ့လည်း အနီးအနားက ကိုစပ်စု၊ မစပ်စုတို့နဲ့ နည်းနည်းပွားနေရလေရဲ့။

“ ဖောက်ခွဲရေးအဖွဲ့… ခွဲဖို့ပြင်တော့…”

Troop Net ကနေ မိုက်ခ် အသံတချက်ကြားလိုက်ပါတယ်။ အဲဒီနောက်တော့ ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech နဲ့ ခြံနောက်ဖက် သွားနေကြတာကို Troop Net နေ ကြားနေရပါတယ်။ (EOD Tech – Explosive Ordnance Disposal Technician)

“ အဲဒါကိုခွဲပစ်ရမှာနော်…” ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် ပြောလိုက်တာကိုကြားရပါတယ်။

“ ကြားတယ်…” EOD Tech က ပြန်ပြောပါတယ်။

အဲဒါနဲ့ EOD Tech လည်း ဖောက်ခွဲရေးယမ်းတွေထုတ်ပြီး အိမ်ကြီးရဲ့ မြေညီထပ်မှာ လိုက်ဆင်ပါတော့တယ်။

“ What the fuck…? ”

ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင် က ဗြုန်းဆိုထမေးပါလေရော။ သူမေးလိုက်တော့ အားလုံးလဲ ကြောင်တောင်တောင်တွေဖြစ်ကုန်ကြတယ်။

“ ခုနက ခွဲမလို့ဆို…” EOD Tech ကပြန်ပြောပါတယ်။

“ အိမ်ကိုပြောတာမဟုတ်ဘူး… ဟယ်လီကော်ပတာကိုပြောတာ…”

“ အမ်… ဘယ်ကဟယ်လီကော်ပတာတုန်း…”

ကျနော်တို့စီမံချက်တွေထဲမှာ အဆင်မပြေတာရှိရင် အိမ်ကြီးကိုပဲ ဖောက်ခွဲပစ်ဖို့ပါပါတယ်။ အဲဒီတော့ EOD Tech ကလည်း အိမ်ကြီးကိုဖောက်ခွဲရမယ်လို့ ထင်တာပေါ့။ ကျနော်တို့ဟယ်လီကော်ပတာ ပျက်ကျတဲ့သတင်းက ခုထိသိပ်မသိကြသေးဘူးဖြစ်နေတယ်။

ကျနော်တို့စစ်ဆင်ရေးကို ၀ါရှင်တန်မှာလည်း ကင်မရာတပ်ထားတဲ့ Drone နဲ့ တိုက်ရိုက်ကြည့်နေကြတော့ သူတို့မြင်ရတာက ဟယ်လီကော်ပတာက ခြံထဲဆင်းရပ်ပြီး လူတွေကိုချပေးနေသလိုဖြစ်နေတယ်။ သမ္မတနဲ့ အိမ်ဖြူတော် အထက်တန်းအရာရှိတွေလည်း အူကြောင်ကြောင်တွေဖြစ်ပြီး ဘာတွေဖြစ်နေတုန်းဆိုပြီး JSOC ကိုတောင် လှမ်းမေးလိုက်ကြသေးတယ်။

ခြံနောက်မှာတော့ ဟယ်လီကော်ပတာ အဖွဲ့သားတွေက ဖျက်ဆီးရမယ့် ပစ္စည်းကိရိယာတွေ အားလုံးကို ဖျက်ဆီးနေပြီးသွားကြပါပြီ။ ဟယ်လီကော်ပတာထဲကနေ နောက်ဆုံးမှ ဆင်းလာတာကတော့ ပိုင်းလော့တက်ဒီပါ။ သူဆင်းဖို့အောက်ကိုကြည့်လိုက်တော့ ခြောက်ပေလောက်အမြင့်ဖြစ်နေတယ်။ အကျမတော်ရင်ဒဏ်ရာရနိုင်ပါတယ်။ အဲဒါနဲ့ ဟယ်လီကော်ပတာထဲက ကျနော်တို့မချဖြစ်လိုက်တဲ့ ကြိုးကိုကန်ချပြီး သူကြိုးဆွဲဆင်းလာလိုက်တယ်။ ဒီနေ့ညမှာ Fast-rope ဆင်းလိုက်ရတဲ့ တဦးတည်းသောပုဂ္ဂိုလ် ပေါ့ဗျာ။ ကျနော်တို့ထက်နှာတဖျားသာသွားတာပေါ့... ဟဲဟဲ...

ဖောက်ခွဲရေး အဖွဲ့ခေါင်းဆောင်နဲ့ EOD Tech တို့လည်း ဟယ်လီကော်ပတာ အတွင်းထဲနဲ့ အမြီးပိုင်းလက်လှမ်းမှီသလောက်မှာ ဖောက်ခွဲရေးယမ်းတွေ လိုက်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ Black Hawk (2) နဲ့ QRF ကိုတင်လာတဲ့ Chinook ကလည်း အနားတ၀ိုက်မှာ ပတ်ပျံနေကြပါတယ်။

Ten minutes…!

Troop Net ကနေ မိုက်ခ် အသံကိုကြားလိုက်ရပါတယ်။ သုံးလွှာမှာလည်း မီးတွေလင်းလာပြီး ကျနော်ကဓါတ်ပုံဆက်ရိုက်၊ ဝေါ့လ်ထ်က DNA Sample တွေယူနေပါတယ်၊ သွေးနဲ့ သွားရည် နမူနာတွေကို နားကြပ်တံလေးတွေနဲ့ ယူပြီးသွားတော့၊ ပါလာတဲ့ ဆေးထိုးအပ်နဲ့ ပြွန်ကိုထုတ်ပြီး သူ့ပေါင်ရိုးကနေ ရိုးတွင်းခြင်ဆီ ယူဖို့လုပ်ပါတယ်။ အဆင်မပြေတော့ ကျနော့်ပစ္စည်းတွေ ထုတ်ပေးလိုက်ပါတယ်။ အဲဒါတွေနဲ့လည်း အဆင်မပြေဘူး။

ကျနော်ကတခြား SEAL တယောက်ရဲ့ ကင်မရာကိုပါယူပြီး ဓါတ်ပုံနောက်တစုံ ထပ်ရိုက်လိုက်ပါတယ်၊ ဝေါ့လ်ထ်ကလည်း DNA Sample နှစ်စုံယူပြီး တစုံကို Chalk Two က SEAL တယောက်ကို ပေးလိုက်ပါတယ်။ တကယ်လို့ "ဂျလာလာဘတ်" ကိုပြန်တဲ့ အပြန်လမ်းမှာ ဟယ်လီကော်ပတာ နှစ်စီးထဲကတစီး ပစ်ချခံရရင် နောက်တစီးမှာ တစုံကျန်နိုင်အောင်လို့ပါ။ ကျနော်တို့အနေနဲ့ အဲဒီဓါတ်ပုံတွေကို သက်သေအထောက်အထားအနေနဲ့ ပါကစ္စတန်အစိုးရနဲ့ တကမ္ဘာလုံးကို ပြဖို့လိုအပ်ပါတယ်။

သေနေတဲ့လူဘယ်သူဆိုတာကို အခန်းထဲလသာဆောင်မှာထိုင်နေတဲ့ကြတဲ့ ကလေးတွေထဲက မိန်းကလေးတယောက် နဲ့ ဒဏ်ရာရမထားတဲ့ ကျန်တဲ့မိန်းမတယောက်ကို မေးကြည့်ပြီး အတည်ပြုလိုက်နိုင်ပါတယ်။ ထိုလူဘယ်သူဆိုသည်အား စာဖတ်သူအနေနှင့် မိမိဘာသာစဉ်းစားကြည့်ပါရန်…

“ Geronimo EKIA…”

--------------------------------------------BY KK

Related Posts Plugin for WordPress, Blogger...