Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Friday, 3 October 2014

ငယ်ချစ်ပုံပြင်ဇာတ်သိမ်း


လူကြီးတွေအလုပ်ရှုပ်နေတာတွေ့တော့ဝီလျံဘာမှမမေးရဲဘဲအိမ်ပြန်လာသည်..စိတ်ထဲမှာတော့ရော်လ်နယ်ဘာဖြစ်သွားလဲသိချင်နေမိသည်..သူသိချင်သည့်အဖြေကိုညပိုင်းမိသားစုညစာစားချိန်တွင်မာမီကဒယ်ဒီ့ကိုပြောပြနေတာကြားရသည်..
-
ဟိုဘက်အိမ်ကကောင်လေးလေ..ဒါလင်သိတယ်မဟုတ်လား..ရော်လ်နယ်လေ..
-
သိပါတယ်ကွာ..ဘဖြစ်လို့လဲ..
-
ဒီကောင်လေးပေါ့..သူ့ခြံထဲကသစ်ပင်ပေါ်ဆောက်ထားတဲ့သစ်သားအိမ်လေးပေါ်တက်ဆော့တာပြုတ်ကျလို့လေ..အဲ့ဒါဆေးရုံပို့လိုက်ရတယ်..
-
ဟုတ်လား..တော်တော်ဆိုးလား..
-
အင်း..သေချာမသိရသေးဘူး..မနက်ဖြန်မှသူ့အိမ်ဘက်သတင်းသွားမေးရမှာဘဲ..
-
ညရောက်တော့ဝီလျံဘုရားသခင်ဆီမှာဆုတောင်းနေမိသည်..ရော်နယ်မြန်မြန်နေကောင်းပါစေလို့ပေါ့..ရော်နယ်နေကောင်းရင်သူတို့ကောင်မလေးကိုသူငယ်ချင်းဖွဲ့ကြမည်လေ..ဒါပေမယ့်သူ့ဆုတောင်းတွေမပြည့်ခဲ့ပါ..နောက်တနေ့မနက်မာမီသတင်းသွားအမေးမှာရော်နယ်ဆုံးသွားပြီဆိုသောသတင်းဆိုးတခုကိုသာသယ်ဆောင်လာပါသည်..၀ီလျံဝမ်းနည်းမိသည်..ခေါင်းငိုက်စိုက်ချရင်းကစားကွင်းဆီလျှောက်လာခဲ့သည်..ကစားကွင်းထဲကလှုပ်မြင်းရုပ်ပေါ်ထိုင်နေသောကောင်မလေးကိုသူအသာငေးကြည့်နေမိသည်..ကောင်မလေးလက်ထဲမှာတော့ခွေးရုပ်အညိုလေးကိုပွေ့ပိုက်လျှက်...ကောင်မလေးမျက်လုံးတွေကတစုံတယောက်ကိုရှာဖွေနေသည်..တစုံတရာကိုမျှော်လင့်နေဟန်ရှိသည်..

သူကောင်မလေးနဲ့မလှမ်းမကမ်းမှာထိုင်ရင်းသဲအိမ်လေးတွေဆောက်နေမိသည်..သူမကိုမကြာခဏခိုးကြည့်ရင်းပေါ့..ကောင်မလေးကတော့တခါတရံကစားကွင်းထဲလျှောက်သွားပြီးတစုံတစ်ယောက်ကိုလိုက်လံရှာဖွေလိုက်..မြင်းရုပ်ပေါ်ထိုင်ပြီးတစုံတရာကိုစောင့်စားငေးရီလိုက်ပေါ့..သူစကားသွားမပြောဖြစ်ပါ..ကောင်မလေးရဲ့မလှမ်းမကမ်းမှာဘဲသူနေနေမိသည်..အနားကိုလည်းမသွား..အဝေးကိုလည်းမဆုတ်ခွာဖြစ်ခဲ့..သူမကိုရော်နယ်မလာနိုင်တော့တဲ့သတင်းဆိုးကိုသူမပြောထွက်ခဲ့ပါ..နေ့ရက်များစွာကောင်မလေးရဲ့မလှမ်းမကမ်းမှာသူငေးကြည့်ရင်းတိတ်တဆိတ်စောင့်ရှောက်နေမိသည်..ဒီလိုနဲ့စာသင်နှစ်တနှစ်စာကုန်ဆုံးတော့မည်..သူငေးကြည့်ရင်းစောင့်ရှောက်မိနေဆဲ...
တခါကလည်းငြိမ်သက်စွာထိုင်နေသောကောင်မလေးကိုနောက်ပြောင်ရန်ရည်ရွယ်ပြီးခဲလုံးနှင့်လှမ်းပေါက်သောကောင်လေးတယောက်ကိုသူမြင်သည်..ပထမတလုံးလှမ်းပစ်တာကောင်မလေးကိုမထိပါ..တလောကလုံးတယောက်တည်းရှိနေသလိုအတွေးထဲမှာငြိမ်သက်နေသောကောင်မလေးကသိလိုက်ဟန်ပင်မရှိသော်လည်းကောင်မလေးကိုဂရုစိုက်နေမိသောသူကတွေ့သည်..ဒါကြောင့်နောက်ခဲတလုံးထပ်မပစ်ခင်သူပြေးသွားပြီးထိုကောင်လေးကိုတွန်းလိုက်သည်..ဒီလိုနဲ့ကလေးချင်းရန်ပွဲလေးတခုဖြစ်သွားခဲ့ပြီးသူ့ကိုမာမီကဆူတော့သည်..သူ့ကိုဒဏ်ပေးသည့်အနေနှင့်ကစားကွင်းကိုတပတ်မသွားရဟုမာမီအမိန့်ထုတ်သည်..သူဘာမှမတတ်နိုင်ပါ..
ကစားကွင်းကိုမသွားရသောနေ့များတွင်သူကောင်မလေးကိုအရမ်းသတိရသည်..သူလုပ်နေတာတွေအဓိပ္ပါယ်မရှိဟုထင်လာမိသည်..ဒီတခါဆုံရင်ကောင်မလေးကိုသူမိတ်ဖွဲ့ပြီးသူငယ်ချင်းလုပ်တော့မည်..ကောင်မလေးမျက်နှာမှာအနီကွက်ကြီးကြောင့်ရုပ်ဆိုးနေပေမယ့်အမြဲဝမ်းနည်းနေတတ်သောကောင်မလေး၏မျက်ဝန်းများကအလွန်သနားစရာကောင်းသည်လေ..ဒီမျက်လုံးတွေကိုပျော်ရွှင်မှုဖြင့်အရောင်တွေလင်းလက်လာစေချင်သည်..သူအိမ်ထဲမှာနေရင်းကောင်မလေးအတွက်ပုံလေးဆွဲနေသည်..ပုံလေးထဲတွင်သူရယ်၊ကောင်မလေးရယ်၊ရော်နယ့်ကိုယ်စားခွေးရုပ်လေးရယ်ထဲ့ဆွဲသည်..ကောင်မလေးမကြာခဏ၀တ်တတ်သည့်ဂါဝန်လေးကိုအတတ်နိုင်ဆုံးတူအောင်သူဆေးခြယ်နေမိပါသည်..ကလေးပန်းချီဆိုပေမယ့်ထိုပုံလေးသည်ကောင်မလေးပုံမှန်းသိသာပါသည်..
ဒီလိုနဲ့သူ့ကိုဒဏ်ပေးထားသောတပတ်ပြည့်သည့်ရက်တွင်ဆွဲထားသည့်ပုံစာရွက်ကလေးကိုကိုင်ပြီးကစားကွင်းသို့သူအပြေးထွက်လာပေမယ့်ကစားကွင်းမှာကောင်မလေးကိုမတွေ့ရပါ..ကောင်မလေးနေမကောင်းလို့လား..သူကစားကွင်းထဲလိုက်ရှာလို့မတွေ့တော့ကောင်မလေးစီးနေကျမြင်းရုပ်အပြာပေါ်မှာထိုင်နေမိသည်..ဒီမြင်းရုပ်အပေါ်မှာထိုင်ရင်းတစုံတယောက်ကိုရှာဖွေကာမျှော်နေမိသည့်အလုပ်ကိုကောင်မလေးဆီကသူလက်ပြောင်းယူလိုက်မိဟန်တူပါသည်..ထိုနေ့ကစပြီးနေ့ရက်များစွာသူမြင်းရုပ်ကြီးပေါ်ထိုင်ပြီးမျှော်ခဲ့ပေမယ့်ကောင်မလေးကိုသူထပ်မတွေ့ရတော့ပါ..သူနဲ့ကောင်မလေးသည်သူငယ်ချင်းမဟုတ်..ကောင်မလေးဘယ်မှာနေလဲသူမသိ..မသိခြင်းများစွာနှင့်အတူအမြဲလွဲနေသောသူနဲ့ကောင်မလေးကြားကကံကြမ္မာတွေကိုပိုက်ပြီးသူသတိရနေခဲ့မိသည်..ခုချိန်ဆိုကောင်မလေးဘယ်လိုပုံဖြစ်နေမလဲလို့မကြာခနတွေးဖြစ်တော့ကောင်မလေးပုံကိုသူမှတ်မိသမျှခဲခြစ်ပန်းချီလေးဆွဲထားလိုက်မိသည်..
အခုတော့သူ့ရှေ့တွင်ကောင်မလေးကိုမြင်လိုက်ရသည်..သူပြောပြချင်နေမိသည်..ရော်နယ်အကြောင်း..သူ့အကြောင်း..စကားတွေအများကြီးပြောချင်ပေမယ့်ကောင်မလေးကပြေးထွက်သွားပြီ..သူဘယ်မှာလိုက်ရှာရမလဲ..လူဦးရေငါးသန်းလောက်ရှိသည့်မြို့ကြီးတမြို့ထဲတွင်သူနဲ့ကောင်မလေးလွဲနေတုန်းပါလား..
--------------------------BY KK

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...