အနောက်ကကျားလိုက်သလို ဒရောသောပါးလုပ်နေရတာတွေက အခုတော့အရှိန်လျော့လာပါပြီ။
ချာလီက တံခါးကိုခွဲဖို့လုပ်နေတဲ့အခ
ခြံထဲမှာ ဗြောင်းဆန်နေလို့ ဟိုပြေးဒီပြေးဖြစ်နေတဲ့ ကြက်တွေရဲ့အသံကိုကြားလိုက်ေ
မြောက်ဘက်တံခါးကို ကျနော်တို့လာကြတုန်းက လမ်းမှာကြက်ခြံတွေရှိတဲ့ နေရာကို
ဖြတ်လာခဲ့ကြပါတယ်။ အဲဒီမှာဖြစ်ချင်တော့ ကျနော်တို့ကိုယ်ပေါ်က ကျည်ကာအင်္ကျ
ီတွေနဲ့ လက်နက်ပစ္စည်းကိရိယာတွေက ကြက်ခြံတွေကိုသွားတိုက်မိတေ
“ ခုနကဟယ်လီကော်ပတာပျက်ကျတယ်ဆ
ဆိုတဲ့ ဝေါ့လ်ထ် အသံကို ကျနော်ကြားလိုက်တယ်။
“ ဟမ်… ဟယ်လီကော်ပတာပျက်ကျတယ် ဟုတ်လား…”
“ နေစမ်းပါဦး… ဘယ်ဟာကိုပြောတာလဲ…”
လို့ နောက်မှရောက်လာပြီး ၀င်တန်းစီနေတဲ့ Chalk Two အဖွဲ့က မောင်တယောက်က ကြောင်တောင်တောင်နဲ့ ပြန်မေ့းပါလေရော။
“ ကျနော်တို့ Chalk One ပါလာတဲ့ ဟယ်လီကော်ပတာပျက်ကျတာလေ…”
လို့ ဝေါ့လ်ထ်က ပြန်ဖြေသံကြားပါတယ်။
အဲဒီနားမှာ ရပ်နေတဲ့အုပ်စုထဲမှာ အခုစစ်ဆင်ရေးရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဂျေး
(Jay) လည်းပါပါတယ်။ သူက Chalk Two အဖွဲ့နဲ့တူတူပါလာတာပါ။ အဲဒီမှာ ဂျေးက
နားစွန်နားဖျားကြားသွားတော့
“ ဝေါ့လ်ထ်… ဘာဖြစ်တာတုန်း…”
“ ကျနော်တို့ ဟယ်လီကော်ပတာပျက်ကျတယ်လေ… အနောက်ဘက်မှာ... ကြည့်ချင်ရင်သွားကြည့်လိုက်
ဆိုပြီး ဝေါ့လ်ကလည်း ဟယ်လီကော်ပတာပျက်ကျတဲ့ အနောက်ဘက်ခြမ်းကို
မေးငေါ့ပြပါတယ်။ အဲဒါကိုကြားလိုက်တဲ့ ဂျေး… အူကြောင်ကြောင်နဲ့
ပါးစပ်ကြီးဟသွားတဲ့ပုံကို NVG ထဲကနေကြည့်ပြီး ကျနော်လည်း ခွီးကနဲ
မရယ်မိအောင် အတော်လေး အောင့်ထားလိုက်ရတယ်။ အဲဒါနဲ့ ဂျေးလည်း ချက်ချင်းပဲ၊
တန်းစီနေတဲ့ အုပ်စုထဲကနေ ခုန်ထွက်ပြီး ခြံနောက်ဘက်ကို
ဒုန်းစိုင်းပြေးသွားပါလေရော
ကြည့်ရတာတော့ Black Hawk (1) ပျက်ကျတာကို Chalk Two ကမောင်တွေတယောက်မှ
သိကြပုံမရဘူး။ ဖြစ်ချင်တော့ ခြံထဲဝင်ဖို့ပဲ အာရုံရောက်နေကြတော့ Chalk One က
ဘယ်သူကမှလည်း ဟယ်လီကော်ပတာ ပျက်ကျတာကို Troop Net မှာမပြောကြဘူး။ Black
Hawk (2) ပိုင်းလော့တွေကလည်း ခြံထဲကို Black Hawk (1) ပျက်ကျသွားတာ
တွေ့တာနဲ့ အုတ်တံတိုင်းကျော်ပြီး ခြံပြင်မှာ Chalk Two ကို
ချပေးလိုက်ကြပေမယ့် သူတို့အာရုံနဲ့သူတို့ Black Hawk (1) ပျက်ကျတာကို Troop
Net မှာမပြောဖြစ်ကြဘူး။
ကျနော်တို့ ပိုင်းလော့ တက်ဒီ နဲ့
သူ့လူတွေကလည်း Black Hawk (1) ရဲ့အင်ဂျင်တွေကို စက်ပိတ်လိုက်ပြီး အထဲက
စက်ပစ္စည်းတွေ အားလုံးကို ရသလောက် အကုန်ဖျက်ဆီးနေပါတယ်။ ဟယ်လီကော်ပတာမှာ
သိသိသာသာ အပျက်အစီးမတွေ့ရတာနဲ့ ပထမတော့ လူမတင်ပဲ ပြန်မောင်းကြည့်မယ်လို့
သူဆုံးဖြတ်လိုက်သေးတယ်။ နောက်မှ လမ်းမှာမတော်တဆ တခုခုဖြစ်ရင်
နောက်ဆက်တွဲပြဿ နာပိုကြီးမှာကို တွက်မိလို့ထင်ပါရဲ့၊
ဖျက်ဆီးလိုက်တော့မယ်လို့ပဲ တက်ဒီကစိတ်ဒုန်းဒုန်းချလိုက
ကျနော်တို့ တန်းစီနေကြတဲ့နေရာက ထွက်သွားတဲ့ ဂျေး လည်း ဟယ်လီကော်ပတာ
အပျက်နားကို ရောက်သွားတော့ အနေအထားကိုကြည့်ပြီး အင်အားထပ်ဖြည့်ဖို့
လိုတယ်လို့ ယူဆလိုက်ပုံရပါတယ်။ ခြံဝင်းနဲ့သိပ်မဝေးတဲ့တနေရာ
Black Hawk (1) က ပျက်ကျသွားပေမယ့် Chalk One က တယောက်မှ ဒဏ်ရာရတာမျိုး
မဖြစ်လိုက်ဘူး။ အသေအပျောက်လည်း လုံးဝမရှိဘူး။ အခုတော့
အိမ်ကြီးကိုဝင်စီးဖို့ နှစ်ဖွဲ့လုံးရဲ့ DEVGRU Operator အားလုံး
လူစုံတက်စုံနဲ့ စုမိနေကြပါပြီ။ အဲဒါနဲ့ QRF က 47 နှစ်စီးနဲ့
လာနေတုန်းမှာပဲ၊ လက်ရှိရောက်နေတဲ့နေရာမှာ ခဏဆင်းစောင့်နေဖို့ ဂျေး က
အချိန်မှီလှမ်းပြောလိုက်ပါတ
" QRF...Hold your position..."
(ဆက်ရန်) by KK
0 comments:
Post a Comment