★ ★ .ဓမ္မရာဇာ မင်း စိုးစံစဉ်အချိန်က မွန်တို့တိုင်းပြည်
ပဲခူးလို့ခေါ်တဲ့ ဟံသာဝတီမှာ ... ဗောဓိဂမုံး နဲ့ မယ်ထပ် ဆိုတဲ့
လင်မယားနှစ်ယောက် ရှိခဲ့တယ် ... တစ်နေ့မှာ မယ်ထပ် က ... ရဟန်းတစ်ပါး က
မုဒရက်သီး တစ်လုံးနဲ့ ကြာသုံးပွင့် လာပေးတယ်ဆို တဲ့ ထူးဆန်းတဲ့
အိမ်မက်တစ်ခုမြင်မက်ခဲ့ပါတယ်။
ဒါကိုဗေဒင်ဆရာ ကိုမေးတဲ့အခါ ... ရှင်ဘုရင်ဖြစ်မယ် ... သူ့ရဲ့သွေးသား ( ၃ ) ဆက် တိတိ မင်းပြု ရမယ်လို့ ဟောခဲ့ပါတယ် ...
ဒီလိုနဲ့
... သားယောက်ျားလေးမွေးပြီး ... မင်ထန်လို့အမည်ပေးခဲ့တယ် ... မင်းထန်
အရွယ်ရောက် လာတော့ ... မိဘများကလဲ ဆင်းရဲလွန်းတဲ့အတွက် .... ဟံသာဝတီ မြို့
စနုကလ ဘုန်းတော်ကြီးကျောင်း ကို ပို့ခဲ့ပါတယ် ... စနုကလကျောင်း
ခင်ကြီးက မင်းထန်ဟာ ... ကျမ်းဂန် စာပေများကို လျှင်မြန်စွာ တတ်သိ
လွယ်တဲ့အတွက် ... ဓမ္မဓရ ဆိုတဲ့ နာမည်ပေးခဲ့ပါတယ် ....
ဒီကျောင်းမှာပဲ
ပိဋကတ် ကျမ်းဂန်တွေကိုနှုတ်တိုက် အာဂုဏ်ဆောင်နိုင်သော ...
ပကန်ဘောင်ရွာသား ... ကိုရင် တစ်ပါး လည်း ရှိခဲ့ပါတယ် ...
သူ့ရဲ့ဘွဲ့နာမည်ကတော့ ဓမ္မဥာဏ လို့ခေါ်ပါတယ် .. ဥါဏ်အလွန် ထက်မြက် ပြီး
အေးချမ်း စွာနေတတ်လို့ပါ ...
ဆရာတူတပည့် စာသင်ဖက်ဖြစ်တဲ့တွက်
... ဒီနှစ်ဦးဟာ ... အရမ်းချစ်ကြပါတယ် ... အထူးသဖြင့် ဓမ္မဥာဏ ဟာ ...
ရိုးသားအေးချမ်းတဲ့အပြင် ... သူတစ်ပါးကို အမြဲ အလျှော့ပေးတတ်တဲ့အတွက် ...
အမြဲအနိုင်ရ လိုတဲ့ ဓမ္မဓရ သူ့ကိုပိုခင်တာပေါ့ ...။
အခါတစ်ပါးမှာ
... မောင်ရှင် ဓမ္မဓရ ဟာ ... မြန်မာပြည် ... အညာ ပုဂံ အင်းဝ နေပြည်သည် ...
မွန်တိုင်း နှင့် ကွဲပြားစွာ ... ဘုရားရှင် သာသနာတော် အစစ် ထွန်းကားပြီး
လွန်စွာစည်ပင်သာယာလျှက် စာတတ် ပေတတ် ရဟန်း များပြာ၍ အေးချမ်းလှပေသည် ...
စာပေ သင်ကြားရသော် ကောင်းမည် လို့ အကြံပေးပါတယ် ...
ဒီအခါ
ဓမ္မဥာဏက ... ငါ့ရှင် ... ကျုပ်တို့ မွန်ဒေသက ရဟန်းတို့ဟာ .. အင်းအိုင်
ခလှည့်လက်ဖွဲ့ နတ် နဂါး အဂ္ဂိယတ် တို့ကိုသာ ... နားလည်
တစ်ဖက်ကမ်းခတ်ကြပေမယ့် ... မြန်မာ တို့ကတော့ ... ရှင်အရဟံ ကဲ့သို့ ...
ဘာလောကီ ပညာကိုမှ စိတ်မ၀င်စားပဲ ... တရားကျင့်သော ရဟန်းများကိုသာ လက်ခံပြီး
... ဓါတ် နတ် ၀ိဇ္ဇာ ဂါထာ မန္တရား အဂ္ဂိယတ် ထိုးသော ဘုန်းကြီးများကို
လက်မခံတဲ့ အတွက် .. ကျုပ်တို့ အတွက် ... ဆွမ်းကွမ်း ပင် ခက်ခဲ
ဘို့ရှိတယ်လို့ပြောတာပေါ့ ...
ဒီတော့ ... ဓမ္မဓရက ... ဒီအတွက်
ပူစရာမလိုမလိုပါဘူးငါ့ရှင် ... ယ္ခု အညာဒေသ အင်းဝမှာစိုးစံတော်မူတဲ့
မိုးညှင်းမင်းတရားကြီး ... ရဲ့ မိဘုရားရှင်စောပုဆိုတာ
..ငါတို့မွန်လူမျိုးဖြစ်တဲ့အတွက် ... မိဖုရား ကြီး စောင့်ရှောက် မှာပါ
လို့ပြောတာပေါ့ ...
အော် ... အင်းဝမှာ ငတို့ ဟံသာဝတီ မိဖုရားရှိတယ်လား ဓမ္မဓရ ... ဘာလို့ ဟံသာဝတီ မိဖုရားဟာ အင်းဝကိုရောက်သွားရတာတုန်း ....
ငါ့ရှင်ဓမ္မဥာဏ သင်ဟာ မွန်ဖြစ်လျှက် ...မွန်သမိုင်းကိုမသိပါလား ...
သက္ကရာဇ်
( ၇၄၅ ) မှာ ...ဟံသာဝတီမှာ ..ရာဇာဓိရာဇ်မင်း နန်းစံသတဲ့ ... သားတော်ကြီး
ဗညား ဓမ္မရာဇာ ကို ပုသိမ်စား ... ဗညားရန်ခိုက်ကို ဒလစား ... ဗညားကျမ်းကို
မုတ္တမ စားစေပြီး ... သမီးတော် ရှင်စောပု မှာ ... ခင်ပွန်း သည် ဒဂုံစား
သမိန်စည်သူ သေဆုံးပြီး ... သမီး နဲတကာထော် ၊ နဲတကာသင် ၊ နဲ့ သားတော်
သမိန်ပရူ ခလေးသုံးယောက်အမေ မုဆိုးမ ... ဖြစ်ခဲ့ပြီး ... ဒဂုံမှာပဲ
တပင်တိုင်နန်းနဲ့ စံစားနေ တာပေါ့ ....
ရာဇာဓိရာဇ် ကြီး
နတ်ရွာစံတော့ ... သားတော်ကြီး ဓမ္မရာဇာနန်းတက်တဲ့အခါ ... ညီနှစ်ယောက်
ပုန်ကန် တဲ့ အတွက် ... အင်းဝနဲ့မဟာမိတ်ဖွဲ့ဘို့ ... အင်းဝဘုရင် သီဟသူကို
ချစ်လှစွာသော နှမတော် ရှင်စောပု ( အဲ့ဒိအချိန်က ၂၉ နှစ် ) ကို
မြန်မာဘုရင်သီဟသူကို ... ဆက်သလိုက်တယ် ... မြန်မာဘုရင်ကလဲ ... အောက်ပြည်
ဒဂုံထိအောင် သိမ်းပိုက်ပြီး ... သြဇာ ပျံ့နှံ့နေတဲ့
မွန်တို့ရန်ကငြိမ်းအောင် ... ရှင်စောပုကို မိဘုရားခေါင်ကြီး မြှောက်ခဲ့တယ်
....
ဘုရင်သီဟသူရ နတ်ရွာလားတော့ ရှင်စောပုက
သားတော်မင်းလှငယ် ( ဘုရင်သီဟသူနဲ့ .... ရှင်စောပုရဲ့ ညီမအငယ်ဆုံး
တလမည်ကျော်ရဲ့သား .... ရှင်စောပုရဲ့တူအရင်း ) နဲ့ .... မင်းလှငယ်
နတ်ရွာလားတော့ .. ကလေးကျေးတောင်ညိုမင်းနဲ့ .... ပြီးတော့ ပခန်းတရဖျားနဲ့
....အခုတော့ မိုးညှင်းမင်းတရားနဲ့ အဆင့်ဆင့် လက်ဆက်ခဲ့တယ် ငါ့ရှင် .... (
ရှင်စောပုဟာ မွန်တွေက စစ်မက်လာပြုလိမ့်မယ် ဆိုတဲ့ ဥပါယ် တမျဉ်နဲ့ မြန်မာ
ဘုရင်တွေကို အဆင့်ဆင့် ခြိမ်းခြောက် လက်ဆက်ခဲ့ဟန်ရှိပါတယ် ... ကျန်စစ်သား
မင်း လက်ထက်ကလဲ ... မွန်တွေရန်ကိုကြောက် လို့ချစ်ကြည်ရေး လုပ်ပြီး
မွန်မင်းသမီး ခင်ဦးကို လက်ဆက်ခဲ့ရ ပါသေးတယ်)
ငါ့ရှင် ဓမ္မဓရ
... အ၀က မြန်မာတွေဟာ ... တယ်လဲရက်စက်ကြပါပေတကား ... မင်းတပါးသေတာတောင်
ကိုယ့်ပြည် ကိုယ်မပြန်ရပဲ ... တမင်းပြီး တမင်း ဆက်ခါ ဆက်ခါ
ရက်စက်နိုင်ကြပါပေရဲ့ ....
ငါ့ရှင် ဓမ္မဥာဏ ဒါတော့ မှားနေပြီ
ငါတို့ မွန်မင်းတွေက ထီးနန်းလု မှာကြောက်လို့ပြန်အလာ မခံတာပါ ...။
သူတို့မြန်မာမင်း ရက်စက်တာ ဘာဟုတ်သေးလဲ ... ငါတို့မွန်မင်းတွေက
ဒါ့ထက်တောင် ရက်စက် ကြသေးတယ် ...... ဘယ်လောက် ရက်စက်လဲ ဆိုရင် ....
မွန်ဘုရင်
ရာဇာဓိရာဇ် အင်းဝကိုစစ်ချီတော့ .... သမက်တော်စောမရှက်နဲ့ သမီးတော်
တလမည်ကျော် ကို ပြည်မြို့အထက်ခေါင်းလောင်းကျမှာထားခဲ့တယ် ....
မြန်မာတပ်တွေက
ပြည်မြို့ထိ လိုက်တိုက် တော့ သမက်တော် စောမရှက်လဲ ဟံသာဝတီထိပြန်ပြေးရတယ်
... သမီးတော် တလမည်ကျော်ကိုတော့ ... မြန်မာတပ်များဖမ်းမိတော့ ...
အင်းဝဘုရင်မင်းခေါင်က ... သူ့အမီးအရွယ် သနားတော်မူလို့ .... သားတော်
သီဟသူနဲ့ လက်ဆက်ပေးခဲ့တယ် ...
စောမရှက် ဟံသာဝတီရောက်တော့ ... ဒလကျပြီး ပြန်ပြေးလာရတဲ့ ရာဇာဓိရာဇ်က ... သူ့သမက်ကို အသက်ဆုံးစေ လို့စီရင်တော်မူတယ် ....
ဒါပေမယ့်
အင်းဝဘုရင်မင်းခေါင် ... သမက်တော် ကာမဏီနဲ့ သမီးတော် စောပြည့်ချမ်းသာကို
... ရခိုင် စား ပေးထားစဉ်တုန်းက ... ငါတို့ဘုရင် ရာဇာဓိရာဇ်က
ရခိုင်ကိုအလစ်ဝင်တိုက် .... ကာမဏီကိုသတ် .... စောပြည့်မျမ်းသားကို အဓမ္မ
မဖုရားမြှောက်ခဲ့ပါရောလား ... ဒါကြောင့်မြန်မာ ဘုရင်ရက်စက်တာထက် ...
ငါတို့မွန်ဘုရင်ရက်စက်တာက ... သူတစ်ပါး သွက်သွက်ခါသွားတာပဲ လို့ ပြောသတဲ့
...
ဒီလိုနဲ့... မောင်ရှင်နှစ်ပါး ... အင်းဝသို့ ဆန်တက်ကြရာ ... နှစ်ဆယ့်ငါးရက်အကြာ အင်းဝကိုရာက်ကြ ပါတယ် ...
အင်းဝသို့ရောက်
... စစ်ကိုင်းဖက်ကိုကူး .... ဘုန်းတော်ကြီး အရိယဓဇ ကျောင်းတော်မှာ....
စာပေကျမ်းဂန်များ လေ့လာနေစဉ် ... မွန်မိဖုရား ... ရှင်စောပုက မွန်
ရဟန်းနှစ်ပါး ... ရောက်ရှိကြောင်း ကြားပြီး ... စိတ်ချရတဲ့
လူယုံကိုစေလွှတ်ဆက်သွယ်ပါတယ် .... ပြီးတော့ ဟံသာဝတီမှာ လက်ရှိမည်သူ
ထီးနန်းစိုးစံနေကြောင်းစုံစမ်းပါတယ် .....
ဒီအခါ ဓမ္မဓရက ...
ဒကာတော်မကြီးသားတော် ဗညားပရူ နတ်ရွာလားလို့ ဒကာတော်မကြီးမောင်တော် ...
ဗညားကျန်း ထီးနန်းစိုးစံလျှက်ရှိကြောင်း .... ပြောပြပါတယ် ...
ဒီလိုနဲ့မိဖုရာှးင်စောပုဟာ ... သာမဏေ နှစ်ပါးကို ... ပစ္စည်းလေးပါ
ဒါယကာမကြီး ဟူ၍၄င်း .... မယ်တော်အရင်းဟူ၍၄င်း ... မိမိမှလည်း... သားအရင်း
မှတ်ပါမည်ဆိုပြီး ... သားအရင်းအဖြစ်တရားဝင်မွေးစားကြေငြာပြီး ....
မောင်ရင်နှစ်ပါးကို သားပြုမွေးစားထားတာပေါ့ ....
ဒီလိုနဲ့မောင်ရင်နှစ်ပါးဟာ
... ဘုန်းတော်ကြီး အရိယဓဇ ကျောင်းရောက်ပြီး ၃နှစ်အကြာ အသက် ၂၀ပြည့်မှာ
... ရှင်စောပုက ပစ္စည်းလေးပါး ဒါယိကာ ပြုပြီး ရဟန်းခံကြပါတယ် ....
ရဟန်းခံပြီး
... ဦးဇင်းများဟာ ... စာပေလေ့လာခြင်းမပြုကြတော့ပါပဲ ... ယောဂီ ... ၀ိဇ္ဇာ
သိပ္ပံ အတတ်ဖြစ် တဲ့ အင်းအိုင် ... ခလက် ... လက်ဖွဲ့ ... မန္တာန်
တို့ကိုသာ လေ့လာကြတော့တဲ့အတွက် ... ဆရာ ဘုန်းတော် ကြီးက ...
ဟံသာဝတီပြည်
...အကြေအောက်သား ... မောင်ပဉ္စင်းနှစ်ပါးသည် ... ဘုရားမကြိုက်သည့် ...
ဒုစရိုက် ၀သီ ... အလဇ္ဇီ အမှုကို သာ ပြုလုပ်နေသည် ဟု မြည်တွန်တောက် တီးပြီး
ကျောင်းမှနှင်ချတဲ့အတွက် ... သင့်ရဲ့ နားပူသောကျောင်းတွင်လည်း
ကျုပ်တို့ကလဲမနေလိုဟု ပြောကာ ... စစ်ကိုင်း ခ၀ါဆိပ်အရပ်မှာ ...
ကျောင်းဆောက် နေတော် မူပြီး မိဖုရားရှင်စောပု အိမ်သို့ ခနခန
ကြွတော်မူကြသောဟူ၏ ....
မွန်တို့ကောက် သံကောက် ကိုးစင်း
.... မြန်မာကောက် ပဲနေက်ကိုး တင်းဆိုတဲ့အတိုင်း ..... မိုးညှင်း
မင်းတရားကြီး က ... တဖြေးဖြေးနဲ့ မိဖုရား ရှင်စောပုရဲ့ အလိမ် အညာ အပြစ်
များကို သိလာပါတယ် ...
ဒီအခါ ရှင်စောပုဟာ ... ဦးဇင်း ဓမ္မဓရ
တစ်ပါးထဲကို ... တိတ်တဆိတ်တွေ့ဆုံပြီး ... သားကြီးဓမ္မဓရ ...
အခုဆိုမယ်တော် အိုမင်းမစွမ်းရှိပြီ .... အ၀မှာလည်း အဆင်မပြေတော့ဘူး
...မယ်တော်ကို ဟံသာဝတီ ရာက်အောင် ကြံဆောင်ပါ ... ဒဂုံဆံတော်ရှင်ဘုရားကို
ဖူးရအောင်ကြံဆောင်ပါ ... မယ်တော် ပဲခူးရောက်လို့ ... ရွှေမှောက်သနင်း ...
မင်းဖြစ်အောင် ကြံဆောင်ပေးနိုင်ရင် ... သားကြီးကို အိမ်ရှေ့ ဥပရာဇာ ....
အပ်နှင်း ပြီး မယ်တော်လွန်လျှင် မင်းဖြစ်စေရပါမယ်လို့ ပြောခဲ့တာပေါ့
ဓမ္မဓရက
.... မယ်တော် ...မကြောင့်ကျနှင် ... ဂါထာ မန္တာန် အင်းအိုင် ကိစ္စ ကျုပ်
တစ်ဖက်ကမ်း ခတ်မျှ တတ်သည် .... ကျုပ် ရအောင်ကြံမည် လို့ကတိပေးပြီး ...
ဓမ္မဓရ ရဲ့ အစီအမံနဲ့ .... အရင် ရှင်စောပုနဲ့အတူပါလာတဲ့ ... သရိကန်ပိုက်
ဦးဆောင်တဲ့ မွန်ကျေးကျွန် တို့ကို ခေါ်ဆောင်ကာ ... ဟံသာဝတီသို့ လှေဖြင့်
ထွက်ပြေးခဲ့ပါတယ် ... ( ဒီအချိန်တုန်းက အရှင် ဓမ္မဥာဏကလှေဦးစီး ဓမ္မဓရက
ပဲ့ကိုင် တာဝန်ယူသောဟူ၏ )
ဒီလိုနဲ့ဓနုဖြူရွာကိုရောက်လာကြပြီး
... စုံစမ်းတော့ ... ရှင်စောပု၏ မောင်တော် မင်းမော်ဓော ဆင်းဖမ်းသွားရာ
ကျွန်ယုံတစ်ယောက်သတ် ၍ သေပြီး ...ယ္ခု ရှင်စောပု နှမ ရှင်စောနှစ်
နန်းထိုင်တာကိုကြားသိပြီး ...လူသူစုဆောင်း... အရီးပြင်းနှင်ချီတက်ကာ
သံလျှင်ကိုရောက်လာပါတယ် ...
သံလျှင်ကိုရောက်ပြီး ရှင်စောပုဟာ
ဓမ္မဓရရဲ့ အစီအမံနဲ့ .... သံလျင် ... ဓနုဖြူ .... မှော်ဘီ
မြို့စားများကို ဆက်လက်စည်းရုံး သိမ်းသွင်းပြီး .... လူသူစုဆောင်းကာ ...
ဒဂုံကို ဆက်လက် ထွက်ခွာပြီး ... ဒဂုံဆံတော်ရှင်ကိုဖူးမြော်ပါတယ် ... ဒဂုံ
မြို့စားကို ဆုလာဘ်များစွာပေး သိမ်းသွင်းပြန်ပါတယ် .... ဒီနောက် ဗညားထော
ဘွဲ့ကိုခံကာ ... ညီမတော်ရှင်စောနှစ်ကိုတွန်းလှန်ပြီး .... ဟံသာဝတီကို
သိမ်းပိုက် မင်းလုပ်ခဲ့ပါတယ် .... အသက် ၅၃နှစ်ပါ ... ဟံသာဝတီစီပင်ဝပြော
ခဲ့ပါတယ် ...
ဘုရင်မ ရှင်စောပု ဟာ ... မိမိကတိကို
မေ့လျှော့ပြီး ..... ဗညားအိမ် ၊သီရိမနု ၊ ပိုက်ထရာဇာ ၊ ဗရမ်း ၊ ဗညားကျမ်း
စတဲ့ အမတ် ( ၅ ) ယောက် ဦးစီးစေပြီး လက်ခံကံ ကျေးရွာများစွာပေးပြီး
ဝတ်မိုး ၀တ်မြေတို့နှင့်တစ်ကွ ကပ္ပိယ ၃၀၀ နှင့်အတူ ...
လိပ်ပြင်ကျောင်းတော်ကြီးကိုဆောက်လုပ်စေပြီး ဓမ္မဓရ ကို လှူဒါန်းခဲ့ပါတယ်
....
ဗညားလော ၊ ဗရု ၊ ရဲနောင် ၊ ပိုက်ထသူ ၊ အဲကံကောင်း ၊
နန္ဒသင်းရံ ။ မနူကံပိုက် ၊ အက္ကရပ် ၊ လိုက်ကံကောင်း ၊ ဇိမ်လကွမ်း ၊
ပိက်သင်ရန် စတဲ့ အမတ်ကြီး ( ၁၁ ) ယောက်ကို ကြပ်မတ်စေပြီး အတုလ၀ါသ မည်သော
ကျောင်းတော်ကြီးကို ကျောင်းရံ ၃ထပ်နှင့်ဆောက်စေပြီး ... ကြေးပိသာ ၁၀၀၀
ထွက် ၀တ်မြေနှင့်တစ်ကွ ...ကပ္ပိယကျောင်းကျွန် ၃၀၀ နှင့် တစ်ကွ ...
ဓမ္မဥာဏကို လှူ ဒါန်းတော် မူခဲ့ ပါတယ် ....
ဒီနောက်
ရှင်စောပုဟာ မင်းအိုမှုံမှာ အမိတော ဆိုတဲ့နာမတော် အသစ် ခံယူကာ ဘိတ်သိတ်
သွန်းပြန်ပြီး ..ဆက်လက်အုပ်ချုပ်ခဲ့ပါတယ် .... ဒါပေမယ့် သူ့ရဲ့
အောင်မြင်မှု ထင်ရှားမှု အားလုံးဟာ ၀ိဇ္ဇာမယ သိဒ္ဓိလမ်း
ပေါက်လုနီးပါးဖြစ်နေတဲ့ .... ဓမ္မဓရ နဲ့ ဓမ္မဥာဏတို့ရဲ့ တန်ခိုးပျာဋိဟာ
အစွမ်းကြေင့်ဖြစ်ပါတယ် ။ လောကီပညာ စွမ်းပကားက အံ့သြစရာကောင်းပေစွ ....
ဓမ္မဓရ
... ဓမ္မဥာဏ နှစ်ပါးလုံးဟာ .... အင်း အိုင် ဓါထာ ယတြာ ပယောဂနည်း နတ်စိမ်း
နတ်ရဲများကို စေခိုင်းခြင်း များကိုတစ်ဖက်ကမ်းခတ် ကျွမ်းကျင်ကြပါတယ် ....
တစ်နေ့မှာ
အတုဝါလကျောင်းဆရာတော် ဓမ္မဥာဏက ငါသည် လောကီ ၀ိဇ္ဇာ အတတ်ကိုကို
သိဒ္ဓိလမ်းပေါက် လုခမန်း ကျွမ်းကျင်ရကား ...ဗေဒင်ဟော ဆေးကု အင်းအိုင်
လက်ဖွဲ့ မန္တာန် တို့ဖြင့် ကြံစည်နိုင်ခြင်း ပူးခြင်း ကပ်ခြင်း
နတ်သွင်းခြင်း ပယောဂပညာတွင်လည်း တစ်ဖက်ကမ်းခတ် ပုဂ္ဂိုလ်ကျော်တစ်ပါးပင်ဖြစ်
သည် ... ယ္ခု နောက်ဆုံး ငါတတ်အပ်သော .. ချစ်အောင် ခင်အောင် စွဲလမ်းအောင်
ကြည်ညိုအောင် ... အစိမ်းတိုက်ပြီး ပီယလမ်းအတတ်ကိုလည်း တတ်မြောက်ခဲ့ပေပြီ
.. ဒီအတတ်မျာဟာ ... ဗုဒ္ဓဘုရားရှင်အလိုတော်နဲ့ ဆန့်ကျင်သည့်အားလျှော်စွာ
... ရဟန်းဘောင် နှင့် မသင့်တော်တဲ့ အတွက် .... ငါလူဝတ်လဲမှ တော်မည် ဟု
အကြံဖြစ်ပြီး ကျောင်းကို ရဟန်းကောင်း တစ်ပါးကို လွှဲခဲ့တဲ့ကာ အဂ္ဂိယတ် ပညာ
ဆုံးခန်းတိုင်ဆည်းပူးရန်အတွက် လူဝတ် လဲခဲ့ပါတယ် ...
ဓမ္မဥာဏဟာ
လူဝတ်လဲပြီး ဘုရင်မကြီးထံအခစားဝင်တဲ့အခါ ... ရှင်စောပုကပြုံးပြီး ...
သာတော်ငယ် ... ဘာမျှမပူနှင့် မြို့ဝန် ဗညားအိမ် ထံခေတ္တ သွားနေချေ ...
မယ်တော် ကတိအတိုင်း မြို့စား နယ်စား ရာထူးပေးမည် စောင့်ဆိုင်
နေပါဆိုပြီးပြန်လွှတ်သတဲ့ ....
ရှင်စောပုဟာ ... ဓမ္မဥာဏ
လူဝတ်လဲတဲ့အတွက် ... သူ့ရဲ့အစွန်းအစကို သိပြီးရကား ... ထီးနန်းကို
စိတ်ပူတဲ့အတွက် ဓမ္မဓရကို ချက်ချင်း တိတ်တဆိတ် စာပို့စေပါတယ် ....
သာတော်
... မယ်တော်ရဲ့ အရိုက်အရာကို သားတော်အတွက်သာရည်စူးခဲ့ပါတယ် ...
သို့သော်လဲ ဓမ္မဥာဏ သည် ယနေ့ပင် လူဝတ်လဲခဲ့ပေသည် .... အမှန်ဆိုရပါမူ ဓမ္မဥာဏ
၏ကျေးဇူးသည် မယ်တော်အပေါ်တွက် သိတ်မရှိချေ ...
မယ်တော်လည်းမိန်းမသားဖြစ်တယ် .... ဒီအတွက် မယ်တော် စိုးရိမ်တယ် ....
သားတော်ကြီးကိုပဲ အားကိုးတဲ့အတွက် .... နန်းတော်မှာ အနှစ်ကိုပဲထားချင်သည်
... သားတော်လဲ မပျော်ပိုက်ရင် လူထွက်ပါ မယ်တော့်နား
မှာစောင့်ရှောက်ပါလို့ စာပို့တဲ့အတွက် ... အဲ့ဒီနေ့ပဲ ဓမ္မဓရ
လူထွက်ခဲ့ပါတယ် ....
ဓမ္မဓရဟာ ... လူထွက်ပြီနောက်ပိုင်း
ရှင်စောပု အလိုအတိုင်း ဓမ္မဥာဏကို အဆိပ်ခတ် လုပ်ကြံခဲ့ပါတယ် .... မိဖုရား
ရှင်စောပုဟာ .... သူ၏သမီးအကြီး ကိုကတိပေးခဲ့တာက ... သမီးတော်အကြီး နှင့်
လက်ဆက် သူကို ထီးနန်း အရာပေးမည် ... ဒီအတွက် လိပ်ပြင်ကျောင်း ဆရာတော်လူထွက်
လေး ဟာ ဘုရင်ဖြစ်သင့်တဲ့အတွက် ... လိပ်ပြင်ကျောင်းဆရာတော်လေးနဲ့ ...
လက်ထပ်ဖို့ တိုက်တွန်းခဲ့ပါတယ် ...
ဒါပေမယ့် သမီးကြီး
နဲတကာထော်က .... ရှင်စောပု၏ ညီမ ရှင်စောနှစ် က ရင်ခွင်ပိုက်
မင်းလောင်းအဖြစ် လျှာထား ထားသော .... အကိုကြီး၏သား တူတော် ဒဂုံမြို့ဝန်
ဗညားအိမ် (( ရှင်စောပုက ညီမတော် ရှင်စောနှစ် ကို လုပ်ကြံ
ဟံသာဝတီထီးနန်းကိုယူပြီး ... တူတော် ဗညားအိမ် ကိုလည်း မင်းလောင်းလျာ
ကနေပယ်ဖျက်ပြီး .. ဒဂုံစားပေးထားခဲ့ပါတယ် )) နဲ့လက်ဆက်ပြီး ၀ိဟာရဒေ၀ီ
ဘွဲ့ကိုခံယူ ခဲ့ပါတယ် ....
ဒီအခါ ရှင်စောပုဟာ ... ဗညားအိမ်နဲ့ နဲတကာထော်ကို ... ထီးနန်း လုမှာ စိုးတဲ့အတွက် ပုသိမ်ကိုပို့ပြစ်ခဲ့ ပါတယ် ...
ဒီနောက်
ရှင်စောပု အသက် ( ၆၀ ) မှာ ... သားတော်ကြီး ဓမ္မဓရကို ... ဓမ္မစေတီဆိုတဲ့
နာမတော် ဘိတ်သိတ်ပြီး သမီးတော် နဲတကာသင် ကို ရာဇဒေ၀ီ နာမည်ဘိတ်သိတ်ကာ ...
ဓမ္မဓရ ကို အိမ်ရှေ့အရာ အပ်နှင်း ... မိမိကိုယ်တိုင်ကတော့ ... အသက်
ကြီးလာပြီဖြစ်တဲ့အတွက် ပုတီးနှင့် ပျော်ရမည့် အချိန်ဖြစ်ပေသည် ... ဒီအတွက်
ဒဂုံသို့ပြောင်းရွှေ့ခါ ...ဟံသာဝတီနှင့် ဒဂုံ တို့မှာ အလှည့်ကျနေပြီး
မင်းလုပ်မည်လို့ ... ဆုံးဖြတ်ခဲ့ပါတယ် ....
ဒီနောက်
ရှင်စာပုက ... သမီးနှင့်သမက်ကို ဥပါယ်တမျဉ်နဲ့ ဟံသာဝတီသို့
အလည်ခေါ်ဆောင်ပြီး ... သမီးကို ပြန်သိမ်းခဲ့ပါတယ် ... ပြီးနောက်
ရှငစောပုခိုင်းသည့်အတိုင်း ဓမ္မဓရ ခေါ် ဓမ္မစေတီ အိမ်ရှေ့မင်းသားက သမက်တော်
ဗညားအိမ်ကို အဆိပ်ခတ်လုပ်ကြံခဲ့ပြန် ပါတယ် ....
ဓမ္မစေတီ
အိမ်ရှေ့မင်းဟာ ပုသိမ်စား ... သမက်တော် ဗညားအိမ်ကို လုပ်ကြံပြီး
မကြာခင်မှာပဲ ရှင်စောပုက ဓမ္မစေတီအိမ်ရှေ့မင်းကို ... ဗညားအိမ်မယား
ရှင်စောပု၏ သမီး အကြီးမ နဲတကာထော် မုဆိုးမကို ... အဓမ္မ သိမ်းပိုက်
စေခဲ့ပါတယ် ...
နဲတကာထော်ဟာ ... သေဆုံးရှာသူ ကြင်ယာတော်အတွက်
စိတ်မကောင်းနေရသည့်ကြား .... အိမ်ရှေ့မင်းသိမ်းပိုက်တာကိုခံရပြန်တဲ့အတွက်
ပူပင်သောက ပရိဒေ၀မီးမစဲပဲ ... သံဝေဂ ရကာ ...
ဒဂုံဆံတော်ရှင်ဖူးမြော်ပါရစေဟု ခွင့်ပန်ပြီး ... ဒဂုံဆံတော်ရှင်ထံ
မိမိဆံကေသာ အားလုံးကို တင်လှူပြီး ... ကျန်သောဆံပင်အတိုများကို ...
ဆီမီးပူဇော်ကာ ... ဘ၀ဆက်တိုင်း ငါ့လင် ဗညားအိမ်နှင့် ပေါင်းဖက် ရပါစေဟု
ဆုတောင်းပြီး ... ဘ၀နိဂုံးချုပ်ခဲ့ပါတယ်...
ဒိနောက် သက္ကရာဇ်
( ၈၃၃ ) ခုနှစ်မှာ ဘုရင်မရှင်စောပု ... နတ်ရွာစံတော်မူပြီး ... ဓမ္မစေတီ
အိမ်ရှေ့မင်းသားဟာ သီရိပရမမဟာ ဓမ္မရာဇာ ဓိရာဇာ ဟူသော ဘွဲ့ဖြင့်
မင်းအဖြစ်ကိုရောက်ရှိခဲ့ပါတယ် ..... သက္ကရာဇ် ( ၈၅၄ ) နန်းသက် ( ၂၁ )
နှစ်မှာ ... နတ်ရွာစံတော်မူခဲ့ပါတယ် .... ။
★ ★ ★ ဒါဆို
ဓမ္မစေတီမင်းကြီးဟာ ... ဓမ္မစေတီခေါင်းလောင်းကြီးကို ဘယ်အချိန် ...
ဘယ်ခုနှစ်မှာ ... လှူခဲ့တယ်ဆိုတဲ့ သမိုင်းအထောက် အထားရှာကြရအောင်ပါ ....
★
ဓမ္မစေတီမင်းကြီးဟာ ... စာတတ် ပေတတ် ... ရဟန်းလူထွက် ... ဖြစ်တဲ့အပြင်
လောကီ ၀ိဇ္ဇာ အတတ်ပညာ ကို သိဒ္ဓိလမ်းပေါက် မတတ် ကျွမ်းကျင်ပြီး ... အင်းအိုင်
လက်ဖွဲ့ မန္တာန် အတတ်များကို ဖစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့
ဘုရင်ဖြစ်တဲ့အားလျှော်စွာ ... အဂ္ဂိယတ် ပညာကို အထူးလေ့လာလိုက်စားပါတယ် ....
ဘုရင်ဟာ ...သူတင်မက သူ့မူးမတ်များကိုလည်း ကောင်းမှု ကုသိုလ် လုပ်ရန်
ဆော်သြတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ် ....
★ ဓမ္မစေတီမင်းဟာ သူမင်းပြုတဲ့တစ်လျှောက် ... ရေးထိုးခဲ့တဲ့ကျောက်စာများ ရှိခဲ့ပါတယ် .... သူရေးထိုးခဲ့တဲ့ကျောက်စာများကတော့ ....
( ၁ ) ကျိုက် ပွန် ရုပ်ပွားတော် လေးဆူကျောက်စာ
( ၂ ) အဇာပါလ စေတီ ကျောက်စာ
( ၃ ) သူကဌိထ စေတီ ကျောက်စာ
( ၄ ) ပဲခူး ဥပမ သမာဂဓ ကျောက်စာ
( ၅ ) ကလျှာဏီ ကျောက်စာ
( ၆ ) ပါဋိ မွန် မြန်မာ ပါရှိသော ဓမ္မစေတီ ကျောက်စာ ... တို့ဖြစ်ပါတယ် ...
★
ဓမ္မစေတီမင်းဟာ ... မိမိပြုလုပ်သော ကောင်းမှု မှတ်တမ်းကို အတော်ပင်...
တိတိကျကျ ပြည့်စုံအောင် ရေးထိုးလေ့ ရှိသော မင်းတစ်ပါးဖြစ်ပါတယ် ...
သို့သော် ဓမ္မစေတီမင်းကိုယ်တိုင် ရွှေတိဂုံစေတီတော်အား လှူဒါန်းသော ဒါန အလှူ
မှတ်တမ်း ... တစ်ခုကိုမျှ မတွေ့ခဲ့ပါဘူး .... ကလျှာဏီ ကျောက်စာ ( စာ ၇၇ -
၈၈ ) တစ်ခုကလွဲလို့ပေါ့ ....
★ ဓမ္မစေတီမင်းကိုယ်တိုင်ရေးထိုးခဲ့သော ... ကလျှာဏီ မွန်ကျောက်စာ ( စာ - ၇၇ - ၈၈ ) မှာ ဘာရေးထားလဲ ဆိုတော့ .....
★
★ ငါမင်းကိုယ်တိုင်သာလျှင် တိဂုံသို့သွား၍ အချိန် သုံးထောင်ရှိသော
ကြေးစင် .... ငွေ ရောလျှက် သွန်း၍ လုပ်သော ခေါင်းလောင်းကို သက်တော်ထင်ရှား
... မြတ်စွာဘုရား၏ ဆံတော်ဓါတ် ... စေတီတော်အား သီတင်းကျွတ်လပြည့် ...
ပ၀ါရဏာနေ့တွင် ... ပူဇော်ပြီးသည် လို့ရေးထားပါတယ် .... ( အချိန် သုံးထောင်
တိတိပါ )
★ ★ ဒီလိုတင်လှူရတာကလည်း အကြောင်းရှိခဲ့ပါတယ် ...
အရင်က ရွှေတိဂုံဘုရား ၀တ္တကမြေ အ၀န်းအ၀ိုင်းက တော်တော် ကျယ်ပါ တယ်။ ဒါပေမဲ့
ရှင်စောပုနဲ့ ဓမ္မစေတီမင်း လက်ထက်မှာ အခွန်အတုတ်ပိုရအောင် မြို့ရွာ
ချဲ့တော့ ဘုရားဝတ်တော်မြေကို ချုံ့ပလိုက်ပါတယ် .... ဒါပေမဲ့ ဘုရားကို
ရှေးမင်းတွေက လှူထားတဲ့ ၀တ္တကမြေကို ပြန်ယူလို့ မရပါဘူး ။ ဘုရားကို
လှူပြီးသားကို ပြန်ယူတဲ့ ထုံးစံမရှိဘူး။
ဒါပေမယ့်
ရှင်စောပုကလဲ ရွှေတိဂုံဘုရား အနောက်ဖက်မှာ ...
ခံတပ်နန်းဆောင်ကိုဆောက်ခဲ့ပါတယ် ... ဒါကို ဓမ္မစေတီမင်းက ဘယ်လိုဖြေရှင်းလဲ
ဆိုတော့ မြေကိုတော့ ချုံ့လိုက်တယ်။ ဒါပေမဲ့ မြေကို
တန်ဖိုးတွက်လိုက်ပြီးတော့ အဲဒီတန်ဖိုးနဲ့ ညီတဲ့ ... ငွေကို ဘုရားကို
ပေးရမယ်လို့ ဆုံးဖြတ်ပါတယ် .... ( ဘုရား ရှင်အလိုတော်နဲ့
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် တာပါ ... အရမ်းကြောက်စရာကောင်းပါတယ် ...
တစ်နေရာတွက်ရည်စူးတဲ့ငွေကိုတောင် ..တခြားတစ်နေရာမှာ ပြောင်းလှူရင်
ငရဲကျပါတယ် ) ။
ဘုရားပိုင်မြေမှ ... မိမိပိုင်မြေအဖြစ်
ပြောင်းလဲပေးလိုက်တဲ့အတွက် ... ထိုမြေပိုင်ဆိုင်သူ အားလုံဟာ ... ဘုရားကို
တစ်ခုခု ပြန်လည် လှူဒါန်းရမယ်လို့ အမိန့်တော်ရှိခဲ့ပါတယ်
...မိမိကိုယ်တိုင်လည်း ... ရွှေတိဂုံ အနောက်ဖက်ခြမ်း .. ရှင်စောပု
နန်းတော်ရာ .. ရှင်စောပု သင်္ချိုင်း နေရာ များအတွက် ... မိမိကိုယ်အလေးချိန်
ရှင်စောပု ကိုယ်အလေးချိန် နှစ်ဦးအလေးချိန်နှင့်အညီ ရွှေစင်
ကိုချိန်တွယ်ပြီး ... ရွှေသက်န်းကပ်ခဲ့ပါတယ်လို့အဆိုရှိပါတယ် ... (
ဘုရားကို ငွေပေးပြီးမြေ၀ယ်တာပါ )
တစ်ဖန် ...
ပြည်သူလူထုထံသို့လဲ ... ဘုရားမြေကို မိမိအပိုင်ရတဲ့အတွက် ... အိမ်တိုင်း
ကြေးမထည့် မနေရ ... လက်ကျန် ဘုရားဝတ္တမြေ နေသူများမှလည်း ... နောင်အခါ
အပြစ်ပြုမိလျှင် ... ကျေအောင် ဆိုပြီး ... အိမ်တိုင် ကြေးမထည့်မနေရ
ဆိုပြီး ....ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို
ဦးစီးစေလျှက် ... ကြေးများကောက်ခံခဲ့ပါတယ် ... ဒီအမတ်များဟာ ...
အိမ်တိုင်းမှ ကြေး ပိသာလိုက်ေ ကာက်ယူ ခဲ့တဲ့ အတွက် ကြေး တစ်သန်း ရှစ်သိန်း
ရရှိခဲ့ပါတယ် ...
ဒီခေတ်က ငွေကြေးဟာ
ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် ...ကြေးစင် ဆယ်တင်း နှင့် ရှစ်တောင်း
ရခဲ့တယ်ဆိုပါတယ် ...အဲ့ဒီခေတ်ကငွေကြေးဟာ ကြေးဒင်္ဂါးတွေဖြစ်တဲ့အတွက် ....
ဒါတွေဟာ ကြေးဒင်္ဂါး အရေအတွက်ပါ .... ဒီအရေအတွက်ထဲကမှ ... ဒါကို ...
ခေါင်းလောင်း သွန်းလုပ်ခဲ့တာပါ ....
ဒီလိုနဲ့ ( ၁၄၈၄ )
ဖေဖော်ဝါရီ ( ၅ ) ရက်နေ့မှာ စတင်သွန်းလုပ်ပါတယ် ... သို့သော်လည်း
ခေါင်းလောင်းကြီး အသံမမြည်ခဲ့ဘူးလို့ဆိုပါတယ် .... ခုခေတ်မှာတောင်
တန်ခိုးတော် ကြီးမြတ်တော်မူလှတဲ့ ... စတုမဟာရာဇ်
နတ်မင်းများစောင့်ရှောက်တဲ့ ... ဆံတော်ရှင်ဘုရားဟာ ... ဘုရားမြေကို
ကြေးဒင်္ဂါးနဲ့ ၀ယ်သလိုလုပ်ပြီး ... မတရားကောက်ခံထားတဲ့ ငွေနဲ့ ခေါင်းလောင်း
သွန်းခဲ့တဲ့ အတွက် ... အသံမမြည်တာမဆန်းပါဘူး ....
★
ဒါပေမယ့် ... မွန်ရာဇ၀င်ဆရာများကတော့ ... ဒဏ္ဍာရီများနဲ့ အသက်သွင်းကြပါတယ်
.... ခေါင်းလောင်းဟာ မိကျောင်းနကခတ်မှာ သွန်းလို့
မိကျောင်းကလျှာမပါတဲ့တွက် အသံမမြည်ဘူး ... မီကျောင်းဟာရေမှာပျော်တဲ့အတွက်
.... ရေမှာပဲ အချိန်ကြာကြာနေလိမ့်မယ်ဆိုပြီး ... နောက်ပိုင်း ဒဏ္ဍာရီတွေ
လုပ်လာကြပါတယ် .....
★ တချို့ ဒဏ္ဍာရီများမှာလည်း ...
ဘုရင်ကလူစာရင်းကောက်ခိုင်းတာ ကို ... အိမ်မှာရှိ တဲ့ကြေးစာရင်းတွေ
ပါကောက်ပြီးသိမ်းယူပါတယ်လို့ အဓိပါယ်မရှိ လီဆည်ကြပြန် ပါတယ် ....
ဘာဖြစ်ဖြစ်ပါ ။
★ ★ ★ အောက်မှာပေးထားတဲ့ ...
သမိုင်းအထောက်အထားများကိုလဲ လေ့လာကြည့်လို့ရပါတယ် ... ကျောက်စာကလွဲလို့ ...
ကျန်တဲ့ သမိုင်းစာတွေကတော့ မွန်တွေ ချဲ့ကားထားတဲ့ ဒဏ္ဏာရီတွေပါ ...
★ ★ တဖန် ... ကလျာဏီ ကျောက်စာတွင် ...
ဓမ္မစေတီမင်းကြီးသည်
... ရှင်စောပု ဘုရင်မ နန်းသက် ( ၇ ) နှစ် ... သက်တော် ( ၆၀ ) သက္ကရာဇ် (
၈၂၀ - ၈၂၁ ) ကပင် မင်းအဖြစ်လွှဲပြောင်းခံရသည် .. ထိုမင်းသည်
ရာမညတိုင်းအားလုံးကို အစိုးရတော်မူသည် ... မင်းအပေါင်းတို့နှင့်
မဟာမိတ်ဖြစ်တော်မူသည်.... ပြည်သူများကို ရင်ဝယ်သားကဲ့သို့စောင့်ရှောက်၏
.... ဗေဒင်ကျမ်းဂန် ... ဂမ္ဘီရပညာများ တစ်ဖက်ကမ်း ခတ်၏ ကုမုဒြာ ကြာဖြူအဆင်း
... တန်ဆောင်မုန်း လဆန်း အဆင်းရှိ ဆင်ဖြူတော်ပိုင်သောကြောင့် ( စန္ဒီမာသ
မာနတိသ ဂဖ ပတိဘူတော ) လို့ .... ကလျှာဏီ ကျောက်စာမှာ ပါရှိပါတယ် ။ (
ခေါင်းလောင်းအကြောင်းမပါရှိပါ )
★ ★
ရွှေမော်ဓော ရာဇ၀င် သမိုင်း ကျောက်စာ မှာတော့ ....
ထိုမင်းသည်
ဒဂုံမြို့သို့ ထွက်တော်မူလာ၍ မယ်တော်ဘုရင်မကြီးစံရာ သစ်တပ်
နန်းတွင်းစံတော်မူလျှက် ... တိဂုံဆံတော်ရှင်မြတ်ကြီးကို ... အမျိုးမျိုး
ပူဇော် လှူဒါန်းတော်မူသည် ... မိဖုရားကိုယ်လေး ရွှေချိန်ပြီးလျှင် ...
ရွှေမျက်ပါးခတ်စေ၍ ရွှေသက်န်း ကပ်လှူတော် မူသည် ကြေး အချိန် ပိသာ
တစ်သောင်းကို ခေါင်းလောင်း သွန်းလုပ် လှူဒါန်း သည် ... ထိုခေါင်းလောင်ကား
... အ၀ရှစ်တောင် ... ဇောက် တစ်ဆယ့် နှစ်တောင်ရှိ၏ ... ၄င်းနောက်
ကြေးအချိန် ပိသာ ငါးရာ တစ်လုံးကိုလည်း ထပ်မံသွန်းလုပ် လှူတော်မူပြန်သည်
..လို့ ရွှေမော်ဓော ရာဇ၀င် သမိုင်းကျောက်စာမှာဆိုထားပါတယ် ... (
ကြေးတန်ချိန် ၃၀၀ (ပိသာ ၁၈၀၀၀၀ ) မဟုတ်ပဲ ပိသာ တစ်သောင်းလို့ဆိုပါတယ် ...။
★ ★
မူရင်း မွန်ရာဇ၀င် ဦးတင်ပေ ( မူ ) ကျမ်းမှာကတော့ ....
ဓမ္မစေတီ
ခေါင်းလောင်းကြီးနှင့်ပတ်သက်ပြီး မူရင်း မွန်ရာဇ၀င် ဦးတင်ပေ မူ တွင် ...
ဒဂုံဆံတော်ရှင်ဆွဲရအောင် ... ခေါင်းလောင်းကြီးသွန်းစေ ဗညားအိမ်
အမတ်ကြီးကိုခန့်၍ ပယောင်ပုံစောက် တစ်ဆယ့်နှစ်တောင် .... ဘ၀ ခုနှစ်တောင်
သွန်းမည်သောခါ ... သံဃာတော်တို့ကို မပြတ်သင်ရမည် ...တစ်သိန်းရှစ်သောင်းသော
ကြေးကိုလည်း ... ခေါင်းလောင်းသွန်း၍ လှူသည် ... လို့ဆိုထားပြီး ကြေး၁၈၀၀၀၀
ပိသာ လို့တိတိကျကျ ရေးမထားပါဘူး ....
★ ★
သန်လျှင်ရာဇ၀င်တွင်တော့ ....
ဗရင်ဂျီကုလား
ငဇင်ကာသည် .... သိင်္ဂုတ္တရကုန်း ... ဆံတော်ရှင်စေတီတော်ကောင်းမှု ...
ခေါင်းလောင်းကြီးကိုချ၍ အမြောက်သွန်းမည်ကြံသည်တွင် ...
ဘုရားရှင်တန်ခိုးကြောင့် ... ပန်းအလွဲချောင်း တွင်
သဘော်နှင့်တစ်ကွနစ်မွန်း၍ ... အမြောက်မသွန်းရ ရှိသည် ... လို့ပဲပါရှိပါတယ်
....
★ ★ ရွှေတိဂုံ သမိုင်းသစ် မှာတော့ .....
ေ၇ွှတိဂုံသမိုင်းဟောင်းမှာတော့
... ဓမ္မစေတီမင်းအကြောင်း မပါ၇ှိပေမယ့် ... ရွှေလှံတောင်ကျောင်း ... မွန်
ရဟန်း အရိယာဝံသ အာဒိစ္စ ... ပြန်လည်ပြုစု ရေးသားသော သမိုင်းသစ်မှာတော့ ....
သက္ကရာဇ်
( ၈၃၄ ) ခုနှစ်တွင် ... ဥပရာဇာ အိမ်ရှေ့မင်းသည် ... ဓမ္မစေတီမင်း ဟူသော
အမည်ဖြင့် မင်းပြု၏ ထိုမင်းသည် ကြေးစင် အချိန် တစ်သိန်းရှစ်သောင်း ...
အစောက် တစ်ဆယ့်ခုနှစ်တောင် ... အ၀ ငါးတောင် ရှိ ခေါင်းလောင်းကြီး
တစ်လုံးနှင့် ... ပိသာချိန် ငါးရာရှိ ခေါင်းလောင်းငယ် တစ်လုံးလှူတော်မူ၏
..... လို့ပါရှိ ပါတယ် ...
သက္ကရာဇ် ( ၈၅၂ ) မှာ
ရွှေတိဂုံစေတီပေါ်သို့တင်လှူပူဇော်ပြီး .... သက္ကရာဇ် ... (၉၆၅ - ၉၇၄ )
အတွင်း တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ မွန်းတည့် ( ၁၂ ) နာရီအချိန်တွင်
... ပေါ်တူဂီလူမျိုး ... ဒီဘရစ်တို ငဇင်ကာ က ဖြုတ်ယူပြီး သဘော်နှစ်စဖြင့်
ဖောင်ဆောက်သယ်ယူရာ .. ပဲခူးမြစ် ... ရန်ကုန်မြစ် ... ပုစွန်တောင် ချောင်းဝ
မြစ်သုံး ဆိုင်အရောက် ... ဖောင်ကျိုးကာ .လှေနှစ်စီးတိမ်းမှောက် နစ်မြုတ်
ခဲ့ပြီး ရေအောက် စံနေခဲ့ပါတယ် ... လို့ ပြောထားပါသေးတယ် ...
★
★ ဦးဘသန်း ရာဇ၀င်လာ ဒီဗရစ်တို ငဇင်ကာအကြောင်း တွင် ...
သို့နှင့်
ဒီဗရစ်တိုကား မိမိအခြေအနေ ခိုင်ပြီဟု သိလျှင် .... သံလျှင်ဝန်းကျင်ရှိ
ဘုရားစေတီ တို့ကို ဖောက်ဖျက်ပြီး ဌာပနာတို့ကိုယူသည် ...
စေတီများတွင်လှူထားသော .. ကြေးခေါင်းလောင်းများကို
အမြောက်သွန်းလုပ်ရန်ယူသည် ... မြန်မာ မွန် အမြောက်အများကို ...
ဘုရင်အာဏာဖြင့် ဗ၇င်ဂျီ ဘာသာ သို့ ... အတင်း သွတ်သွင်းသည် ...
နတ်ရှင်နောင်သည် ဗရင်ဂျီဘာသာသို့ဝင်ပြီး ... ပြည်သူ များကို လည်း အဓမ္မ
သွတ်သွင်းသည် ...
သက္ကရာဇ် ( ၉၇၄ ) တွင်
အနောက်ဖက်လွန်မင်းတရားသည် ... ငဇင်ကာကို မိစ္ဆာဒိဌိဖြစ်ပြီး
ဘုရားပုထိုးဖျက်စီးသူ ဟူ၍ ... ဖင်ဝတွင် တံကျဉ်လျှို သတ်စေသည် ....
နတ်သျှင်နောင်ကိုလည်း ... ကုလားကျွန် ဟူ၍ သတ်စေသည် ... ဆွေစဉ်မျိုးဆက် လူ
၅၀၀ တို့ကို ... မြောက်ဖက် ရွှေဘိုနယ်တွင် .. ရွာတည်ကာ သီးသန့်ပါယ်ထားခဲ့သည်
... ဗရင်ဂျီ ရွာဟု ယခုတိုင်ရှိသည် ... လို့ပါရှိပါတယ် ...
ခေါင်းလောင်းကြီး အကြောင်း မပါ ခဲ့ပါဘူး ....
★ ★
ခေါင်းလောင်းကြီးကို မျက်မြင်မှတ်တမ်းတင်ခဲ့သူ ... ( ၁၅၈၂ - နိုဝင်ဘာ - ၃
ရက်တွင် ) ဒဂုံသို့ရောက်ခဲ့သော နိုင်ငံခြားသား ဂတ်စ်ပရိုဘယ်လ်တီ က ...
အမိုးနှင့်အညီ
လက်ဝဲဖက်သို့လှည့်ကြည့်ရာ ... လှပသော တန်ဆောင်းအတွင်း ... ကြီးမားသော ..
ခေါင်းလောင်းကြီးတစ်လုံးကို မြင်ရ၏ ... အတူလာသော ပ်ါတူဂီတို့နှင့်
တိုင်းကြည့်ရာ ... ခုနှစ်လှမ်း .. သုံးဖ၀ါးခန့်ရှိ၏ ... အထက်မှသည် အောက်အထိ
စာအပြည့်ရှိ၏ ... အရေးအသား လှပသေသပ် စိပ်လွန်းသဖြင့်
စာတစ်လုံးနှင့်တစ်လုံး ထိလျက်ရှိ၏ ... လို့ရေးထားပါတယ် ... ခေါင်းလောင်အဝ
ကို သူတိုင်းရာ မှာ ခေါင်းလောင်းတစ်ပတ်ဟာ ... သူ့ခြေ ( ၇ ) လှမ်း ( ၃ )
ဖ၀ါး စာ ရှိကြောင်း ... လုံးပတ်က သူ့ သုံးဖက်စာ ၇ှိကြောင်း ဖော်ပြထားပါတယ်
... ( ဒါဆို တန် ၃၀၀ ဖြစ်နိုင်မလား စဉ်းစားစရာပါ )
★ ★ ★ ★ ဒီတော့ နိဂုံးချုပ်ရရင် ...
★
★ ဒီခေါင်းလောင်းကြီးဟာ ရှိချင်ရှိခဲ့ပါလိမ့်မယ် ... ဒါပေမယ့်
အားလုံးမျှော်လင့်တဲ့ တန် ၃၀၀ မဟုတ်ပါဘူး ... ဒီလောက်ကြီးတာကို ...
သွန်းလုပ်မယ်ဆို ... ဘာလုပ်လုပ် တိတိကျကျ မှ ကြိုက်တဲ့ ဓမ္မစေတီမင်းက ...
ဒီလောက် ကြီးမြတ်ဆုံး အလှူတွက် ကျောက် စာရေးမှာ ကျိန်းသေပါတယ် ....
★
★ နောက်တစ်ခုက ... ဓမ္မစေတီမင်းဟာ ... ဘုရားရှင်အလိုတော်နဲ့ဆန့်ကျင်ပြီး
အင်းအိုင် ခလှည့်တွေ စိတ်ဝင်စားခဲ့တာကို ... ပဲခူး ကခေါင်းလောင်း
မှာရှိတဲ့ ... အင်းအိုင် တွေကိုကြည့်ရင်သိမှာပါ ....
★ ★
မြန်မာရာဇ၀င်သမိုင်းမှာလည်း .... စဥ့်ကူးမင်း ခေါင်းလောင်း ကြီး
ကိုဆယ်ခဲ့ဘူးပါတယ် ... လောကပါလ နတ်မင်းကြီးတွေနဲ့ ... ဒဂုံဆံတော်ရှင်
ကိုယ်တိုင်က ... လိုလိုလားလားရှိတဲ့အတွက် ... မြန်မာ့နည်းနဲ့ ဆယ်ပေမယ့်
... လွယ်ကူ အေးဆေး ပေါ့ပါးစွာ ဆယ်နိုင်ခဲ့ပါတယ် ....
★ ★
ခေါင်းလောင်းကြီး ရှိခဲ့ရင်တောင် .... မလိုတဲ့အတွက် ... ဆယ်မရကြတာပါ ...
ဆယ်ဖို့ကြိုးစားသူ ... အဖွဲ့ နှစ်ဆယ်ထက် မနည်း ရှိခဲ့ဘူးပါတယ် ....
အားလုံးဟာ ... ၀ိဇ္ဇာလိုင်း .. နတ် နဂါး ... အင်းအိုင် ခလှည့်
လက်ဖွဲ့တွေကို ယုံကြည်ကြသူ ဓါတ် ဆရာ များချည်းဆိုတာ ထူးဆန်းစွာတွေ့ရမှာပါ
....
★ ★ ဒီတော့ ... ၀ိဇ္ဖာပညာကိုလိုက်စားရင်း ...
နတ်ရွာစံတဲ့ ဘုရင်ဟာ ... ကိုယ်မသိတဲ့ ... ဘုံတစ်နေရာရာမှာ ရှိနေမယ့်ပုံပါ
... ပြီးတော့ သူနဲ့ လိုင်းတူ ဂိုဏ်းတူတွေကို သွေးဆောင်ပြီး ...
ဒီခေါင်းလောင်းကို ကုန်းပေါ်ပြန်ရောက်ဖို့ ...
ကြိုးစားနေတာဖြစ်ဖို့များပါတယ် ....
★ ★ နောက်တစ်ခုက
လက်ရှိသိပ္ပံပညာထါန်းကားတဲ့ခေတ်မှာတောင်မှ ... တန် ၁၀၀
အလေးချိန်ရှိတဲ့ပစ္စည်းရွှေ့ပြောင်းဖို့ဆိုရင် ... အစိုးရအနေနဲ့ ...
တော်တော်တိုင်ပတ်နေချိန်မှာ ... ငဇင်ကာက တန် ၃၀၀ ရှိတဲ့ခေါင်းလောင်းကို
.... လှေနှစ်စင်းမှာ ၀ါးဖောင်တင်ပြီး .. သယ်တယ်ဆိုတဲ့ အချက်ကို ...
ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ... .သေသေချာချာဥဏှောက်နဲ့ စဉ်းစားသင့်ပါတယ်
★
★ ဘာပဲဖြစ်ဖြစ် .... ဂမ္ဘီရ ပညာဆိုတာ ဆန်းကြယ်ပါတယ် ... ဒါကြောင့် ..
မောင်လေး ညီမလေးတို့ကလဲ ... ကာလာမသုတ္တံကို လက်ကိုင်ထားလို့ ...
ဘုရားရှင်အလိုတော်အတိုင်း ... ၀ိဘဇ္ဇ နိုင်ကြပါလို့ ... ပြောပါရစေရှင် ...
ကျမ်းကိုးများကတော့
ဆရာချစ်စံဝင်းရဲ့ ဓမ္မစေတီခေါင်းလောင်းကြီး၏လျှို့ဝှက်ချက်မျာ ...
ဓမ္မစေတီခေါင်းလောင် အထာက်အထားများ .....
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဓမ္မစေတီ
နှင့် အခြား ကျမ်းကိုးများကတော့ စာထဲမှာ ပါ ပါတယ် ....
ချမ်းမြေ့ကြပါစေရှင် ....
Credit From : မာလု (ခေါ်) နှူး