ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Monday 24 November 2014

သက်​ဆုံး​တိုင်..(၁)


-----------------------------
ကျွန်​တော့်​ခြေဖဝါး​အောက်အ​တော်​ဝေး​ဝေး​မှာ​လှမ်း​မြင်​နေ​ရ​တဲ့​မည်း​ ပြောင်​သော​ကား​လမ်းမ​နဲ့​လမ်း​မီးတိုင်​များ​ကို​ကျွန်တော်​ငုံ့​ကြည့်​ လိုက်​သည်..​လေ​က​ကျွန်​တော့်​ဆံပင်​တွေ​ကို​တိုး​ပြီး​တိုက်​ခတ်​နေ​တာ​ကို ​ခံစား​နေ​ရသ​ည်..​အောက်​ဘက်​က​မြင်​ကွင်း​ကို​ကြည့်​ရင်း​ကျွန်​တော့်​ ဆုံးဖြတ်ချက်​ကို​အကောင်အထည်​ဖော်​ဖို့​စိတ်​ကို​တင်း​နေ​ရသ​ည်...​အုတ်​ ဘောင်​ပေါ်​ထောက်ထား​သော​လက်​ကို​ဆုပ်​ကိုင်​ထား​ရာ​မှ​လွှတ်​ပြီး​ကိုယ်​ ကို​ရှေ့​ကို​ကြွ​ရုံ​မျှ​ဖြင့်​ကျွန်​တော့်​စိတ်​ဆင်းရဲ​မှု​သောက​အားလုံး​ အဆုံးသတ်​သွား​လိမ့်​မည်...
-
ချပ်.....​မ​ဆိုး​ဘူး..​ဒီ​ပုံ​ကောင်း​တယ်..
-
အ​သံ​ကြောင့်​ကျွန်တော်​နောက်​ကို​လှည့်​ကြည့်​လိုက်​တော့​တိုက်​ခေါင်​မိုး ​ပေါ်​က​အုတ်​ရေ​လှောင်​ကန်​ကို​မှီ​ရပ်​ရင်း​ကျွန်​တော့်​ကို​ကြည့်​နေ​သော ​မိန်း​ကလေး​တယော​က်...​အပြာ​ရင့်​ရောင်​ခပ်​ပျော့​ပျော့​ဂါဝန်​က​လေတိုး​ မှု​ကြောင့်​တ​ဖျတ်ဖျတ်​ခါ​နေ​သည်..​လက်​ထဲ​တွင်​တော့​တွေ့​ရ​ခဲ​သည့်​ပို​ လာ​ရွို​က်​စ်​ကင်​မ​ရာ​တ​လုံး...​ရိုက်​ပြီး​တ​ခါ​တည်း​ထွက်​လာ​သော​ဓါတ်​ ပုံ​လေး​ကို​ကြည့်​ပြီး​သူ​စလွယ်​သိုင်း​လွယ်​ထား​သော​အိတ်​ထဲ​ထဲ့​လိုက်​ သည်..​ပြီး​တော့​အုတ်​ကန်​ပေါ်​တင်​ထား​သည့်​အအေး​ဘူး​ကို​ယူ​ပြီး​ကျွန်​ တော့်​ဆီ​လျှောက်​လာ​သည်..
-
ရှင်​ဘာ​လုပ်​နေ​တာ​လဲ...
-
ကျွန်တော်​လား..​ကိုယ့်ကိုယ်ကို​သတ်​သေမ​လို့..
-
ဟုတ်​လား...​ဒါ​ဆို​စိတ်ဝင်စား​တယ်...​ကျွန်မ​လည်း​တူ​တူ​သေမ​ယ်​လေ..
-
မင်း​က​ဘာ​ဖြစ်​လို့​တူ​တူ​လိုက်​သေ​မှာ​လဲ..​မင်းကို​ငါ​မ​သိ​ပါ​လား..
-
ကျွန်မ​လည်း​ရှ​င့်​ကို​မ​သိ​ပါ​ဘူး...​ကျွန်မ​မှာ​လည်း​သေ​ချင်​လောက်​အောင်​စိတ်ညစ်​စရာ​တွေ​ရှိ​လို့​ပေါ့..
-
မင်း​စိတ်ညစ်​စရာ​က​ဘယ်လောက်​ကြီး​လို့​လဲ..
-
ကျွန်မ​က​သိပ်​မိုက်မဲ​တဲ့​သူ​လေ..​ကျွန်မ​ရဲ့​မ​မွေး​ရ​သေး​တဲ့​ကလေး​ကို​ သတ်​တဲ့​သူ​ပေါ့..​အဲ့​ဒီ​အတွက်​ကျွန်မ​အရမ်း​ပူလောင်​နေ​တယ်..​ဒါ​ကြောင့်​ ကျွန်မ​ဒီ​တိုက်​အမိုး​ပေါ်​တက်​လာ​တာ...
-
အင်း..​ကျွန်တော်​ကတော့​ကျွန်​တော့်​ချစ်​သူ​ကို​ရော၊ မ​မြင်​ရ​သေး​တဲ့​ကျွန်​တော့်​ရင်သွေး​ကို​ပါ​သတ်​မိ​သူ​လေ..
ဒါ​ကြောင့်​သေ​သင့်​တယ်​လို့​ဆုံးဖြတ်​ထား​တာ..
-
ဒါ​ဆို​ကျွန်မ​တို့​တူ​တူ​သေ​ဖို့​လုပ်​ကြ​မယ်​လေ...
-
သူမ​က​ပြော​ပြောဆို​ဆို​အုတ်​ဘောင်​ပေါ်​အအေး​ဘူး​ကို​တင်​လိုက်​သည်..​ပြီး ​တော့​တိုက်​အောက်​ခြေ​က​ကား​လမ်းမ​ကို​ဓါတ်​ပုံ​ရိုက်​လိုက်​သည်.​ဓါတ်​ပုံ ​ကို​ဆွဲ​ယူ​ပြီး​သေချာ​ကြည့်​လိုက်​သေး​သည်..​ပြီး​တော့​မှ​ဘေး​လွယ်အိတ်​ လေး​ထဲ​ထဲ့​လိုက်​သည်..​တိုက်​အောက်​ကို​တ​ချက်​ထပ်​ငုံ့​ကြည့်​ပြီး​အုတ်​ ဘောင်​ကို​ခြေ​တဖက်​ခွ​ကျော်​တက်​နေ​သည်..​ကျွန်တော်​သူ့​ကို​စိတ်​ဝင်​တ​ စား​ကြည့်​နေ​တုန်း​နောက်​က​အော်​ပြော​လိုက်​သံ​ကြားလိုက်​ရသ​ည်..
-
ဟိတ်..​မင်း​တို့​နှစ်​ယောက်​ဒီ​အပေါ်​မှာ​ဘာ​တက်​လုပ်​နေ​ကြ​တာ​လဲ..
-
လှည့်​ကြည့်​လိုက်​တော့​တိုက်​လုံခြုံ​ရေး​အစောင့်​ယူ​နီ​ဖောင်း​နှင့်​ဦး​ လေး​ကြီး​တယော​က်​မျက်မှန်​တဝ​င်း​ဝင်း​နဲ့​ကျွန်တော်​တို့​ကို​ မျက်လုံးပြူး​ပြီး​ကြည့်​နေ​သည်..​မိန်း​ကလေး​က​ခွ​ကျော်​နေ​သော​ခြေထောက်​ ကို​ပြန်​ချ​ပြီး​နောက်ပြန်​လှည့်​ကြည့်​စဉ်​အအေး​ဘူး​ကို​တိုက်မိ​ပြီး​ အအေး​ဘူး​လေး​တိုက်​အောက်​ခြေ​သို့​လွင့်​ကျ​သွား​သည်...​ကျ​သွား​သော​အအေး​ ဘူး​ကို​ငုံ့​ကြည့်​ရင်း​မိန်း​ကလေး​က​ပြန်​ဖြေ​လိုက်​သည်..
-
ကျွန်မ​တို့​သတ်​သေ​ကြ​မ​လို့​ပါ..
-
ဘုရား​ရေ..​မင်း​တို့​က​သတ်​သေ​ကြ​မ​လို့..​ရူး​နေ​လား...​အခု​အောက်​ပြန်​ဆင်း​ကြ​စမ်း..
-
ဟင့်​အင်း..​ဆုံးဖြတ်​ပြီး​သွား​ပြီ..
-
အေး..​ဆုံးဖြတ်​ထား​လည်း​တခြား​သွား​ကြ..​ငါ​က​ဒီ​နေ့​မှ​ဒီ​အလုပ်​ကို​စ​ ဝင်​တာ..​ငါ့​ရဲ့​ပထမ​ဆုံး​အလုပ်​ဝင်​တဲ့​ရက်​မှာ​ငါ့ကို​ဒုက္ခ​မ​ပေး​ကြ​ပါ ​နဲ့..​ငါ့​မှာ​မိသား​စု​တွေ​ရှိ​တယ်..​သွား..​သွား..​သွား​ကြ..​ပြန်​ဆင်း​ ကြ​စမ်း..
-
ကျွန်တော်​အုတ်​ဘောင်​အတွင်း​ဘက်​ကြမ်းခင်း​ပေါ်​ကိုယ်​ကို​ပြန်​လှည့်​ လိုက်​ပြီး​ခြေ​ချ​လိုက်​သည်..​မိန်း​ကလေး​က​ကျွန်​တော့်​ဘေး​မှာ​လာ​ရပ်​ သည်..​လုံခြုံ​ရေး​ဦး​လေး​ကြီး​က​ကျွန်တော်​တို့​နောက်​က​လိုက်​ဆင်း​လာ​ ရင်း​အမိုး​ပေါ်​တက်​သည့်​တံခါး​ကို​သော့​ခတ်​လိုက်​သည်..​သွား​ပြီ..​ ကျွန်တော်​ရွေး​ထား​သော​နေရာ​လေး..​ဒီ​မိန်း​ကလေး​ရောက်လာ​လို့​အကောင်​အ​ည် ​မ​ဖော်​လိုက်​ရ..​စိတ်​က​အ​တော်​ပေါက်သွား​သည်..​တိုက်​အောက်​လှေကားရင်း​ နား​မှာ​စက်ဘီး​တ​စီး​ထောင်ထား​တာ​တွေ့​လိုက်​သည်..​သော့​ခတ်​မ​ထား..

ကျွန်တော်​လှေကား​ပေါ်​က​ပြေး​ဆင်း​လိုက်​တော့​မိန်း​ကလေး​က​ပါ​ကျွန်​တော့် ​နောက်​က​ပြေး​ဆင်း​လာ​သည်..​ကျွန်တော်​စက်ဘီး​ကို​ဆွဲ​ယူ​ပြီး​နင်း​ထွက်​ လိုက်​သည်..​မိန်း​ကလေး​က​စက်ဘီး​နောက်​ထိုင်​ခုံ​ပေါ်​ခုန်​တက်​ပြီး​လိုက် ​လာ​သည်..​လုံခြုံ​ရေး​ဦး​လေး​ကြီး​က​သူ့​စက်ဘီး​နောက်​အော်ဟစ်​ပြီး​ပြေး​ လိုက်​ပေ​မယ့်​မ​မှီ​ဘဲ​ကျန်​ရစ်​ခဲ့​သည်..​ကျွန်တော်​ရော​သူမ​ပါ​ရယ်မော​မိ ​ပါ​သည်...​အ​တော်​ဝေး​ဝေး​ကို​စက်ဘီး​နင်း​ပြီး​မှ​နောက်​ကြော​င်း​ပြန်​ လှည့်​လာ​ခဲ့​သည်..
ကျွန်​တော့်​အိမ်​က​ခု​န​တိုက်​နှင့်​နောက်​ဖက်​ကပ်​လျက်​တိုက်ခန်း​တွဲ​ များ​မှာ​ဖြစ်​သည်..​ကျွန်တော်​စက်ဘီး​ကို​ရပ်​လိုက်​ပြီး​အောက်​ဆင်း​လိုက် ​သည်..​မိန်း​ကလေး​ကို​လှည့်​ကြည့်​လိုက်​ပြီး​မေး​မိ​သည်..
-
ဟေ့..​မင်း​အိမ်​ပြန်​တော့​လေ..​ကျွန်တော်​က​အခု​ကျွန်​တော့်​အိမ်​ကို​သွား ​မှာ..​အိမ်​မှာ​ဘဲ​ဘယ်​လို​သေ​ရင်​ကောင်း​မ​လဲ​စဉ်းစား​ပြီး​လုပ်​တော့​ မယ်..
-
ကျွန်မ​က​သွား​စရာ​မ​ရှိ​ဘူး..​သေ​ဖို့​ဘဲ​ထွက်​လာ​တာ..​ရှ​င့်​အိမ်​လိုက်​ခဲ့​မယ်..
-
ဟာ..​မ​လိုက်​ခဲ့​ပါ​နဲ့..
-
လိုက်​မှာ​ဘဲ..
-
ကျွန်​တော့်​လှည့်​ထွက်​လာ​တော့​သူ​နောက်​က​လိုက်​လာ​သည်..​ကျွန်တော်​ဘာ​မှ ​ထပ်ပြော​ချင်​စိတ်ရှိ​မ​နေ​တော့​ပါ..​ကိုယ့်​တိုက်ခန်း​လှေကားရင်း​မှာ​ စက်ဘီး​ကို​ထောင်​လိုက်​သည်..​လုံခြုံ​ရေး​တွေ​လှည့်​လာ​ရင်​စက်ဘီး​ကို​ ပြန်ယူ​သွား​ပါ​လိမ့်​မည်..​ကျွန်တော်​တိုက်​လှေကား​အတိုင်း​တက်​လာ​ခဲ့​ သည်..​တိုက်ခန်း​တံခါး​ကို​ကျွန်တော်​ဖွင့်​ဝင်​တော့​မိန်း​ကလေး​က​ကျွန်​ တော့်​ကို​တိုး​ပြီး​အ​ထဲ​ကို​ဝင်​သွား​သည်..​ကျွန်တော်​မီး​ခလုတ်​ကို​လက်​ နှင့်​စမ်း​ပြီး​ဖွင့်​လိုက်​သည်..
-------------------------------------------By KK
ဆက်​ရန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...