Welcome To My Blog... :)

ဒီရင်နားပါ အရိုင်းလိပ်ပြာ

ကျနော်လမ်းလျှောက်ရမည်..ဒီတောကြီးထဲကထွက်ရမည်ဆိုသောအသိသာရှိနေသည်..ကျနော်ဘယ်ကိုလျှောက်နေမိသည်ကိုပင်မမှတ်မိတော့...ဘယ်လိုခရီးဆက်နေလဲကျနော့်ခေါင်းကလိုက်မတွေးနိုင်တော့ပါ..ဒဏ်ရာသည်သွေးခဲခြောက်များနှင့်ယောင်ကိုင်းထုံကျဉ်နေပြီ..လူကလမ်းလျောက်နေပေမယ့်သတိကရတချက်မရတချက်ဖြစ်နေသည်...

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Tuesday, 9 September 2014

ရေဆန်ပန်းများပွင့်ပါစေ...(ဇာတ်သိမ်း)

- မေချီး..ရိုက်ဝူးရား..မေချီးပါမှတွားမယ်ရေ.. - ပန်းကြာငုံ..ညည်းကိုငါပြောထားရက်နဲ့အေ..မနက်စောစောကတည်းကဘုရားဖြစ်ဖြစ်သွားနေပါဆို.. - ဒေါ်လေးရယ်..သမီးအစွမ်းကုန်လိုက်လျောထားပြီးပြီလေ..ဒေါ်လေးတို့စိတ်တိုင်းကျလည်းစီစဉ်ခွင့်ပေးထားတာကို..သမီးကိုဒီအချိန်လေးတော့ခွင့်ပြုပေးပါနော်.. - ခက်တယ်အေ..ညည်းနဲ့တော့..လာ..လာ..သားလေး..ပြင်ပြင်သွားရအောင်.. - ဟင့်အင်း..ရိုက်ဝူး..ရိုက်ဝူး..မေချီးပါမှရိုက်မှာ...မေချီး..တားဖွားဖွားနဲ့ရိုက်ဝူးနော်..မေချီးနဲ့မှတွားမယ်နော်.....

ရေဆန်ပန်းများပွင့်ပါစေ...(၇)

အိပ်ပျော်နေသောသားလေးကိုကြည့်ပြီးပန်းကြာငုံတရှိုက်ရှိုက်ငိုနေမိသည်..ချစ်သောသားလေး..သူမ၏နှလုံးသည်းပွတ်လေး..ဘာကြောင့်များမလိုလားကြပါလိမ့်ကွယ်..ရင်ထဲမှာမချိအောင်နာကျင်လှသည်..မစာနာပေးနိုင်ကြတော့ဘူးလား..မသနားကြတော့ဘူးလား..ဒီကလေးမှာဘာတွေအပြစ်ရှိလို့လဲ..ချစ်သူကိုမစွန့်လွှတ်နိုင်အောင်ချစ်မိသောကိုယ့်ကိုယ်ကိုလည်းမုန်းမိသည်..မနက်ဖြန်ဆိုသားလေးကိုမိဘမဲ့ဂေဟာပို့ကြတော့မည်..ဒေါ်လေးကဦးဆောင်စီစဉ်သွားသည်..သားလေးနဲ့ခွဲရတော့မည်..ဘယ်တော့များမှပြန်တွေ့နိုင်ပါတော့မလဲ..သားလေးကတော့မသိရှာ..သူချစ်သောမေချီးကသူ့အနားမှာဆက်မနေပေးနိုင်တော့ပြီကို..မိဘမဲ့ဂေဟာမှာသားလေးဘယ်လိုနေရှာမလဲ..အော်ဟစ်ငိုယိုနေမည်လား..၀မ်းနည်းအားငယ်နေမည်လား..မေချီးရေလို့တမ်းတငိုကြွေးကာလိုက်ရှာနေမည်လား..တွေးရင်းရင်ဘတ်တွေအောင့်လာသည်..ချုံးပွဲချအော်ဟစ်ငိုလိုက်ချင်ပေမယ့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောသားလေးနိုးမှာစိုး၍ကျိတ်ရှိုက်နေရသည်..တချိန်ကသားလေးနှင့်ပျော်ခဲ့ဖူးသော..သားလေးရဲ့မေမေဘ၀ကိုသူမတသက်မေ့လို့ရတော့မည်မထင်..နှလုံးသားမှာနက်ရှိုင်းလှသောဒဏ်ရာအဖြစ်တသက်တာသွေးစိမ်းရှင်ရှင်ထွက်နေရော့မည်.....

ရေဆန်ပန်းများပွင့်ပါစေ...(၆)

ဂိုးဂိုးအိမ်ထဲသို့လေလေးချွန်ရင်းလှမ်းဝင်လိုက်စဉ်မေမေ့ခေါ်သံကြားလိုက်ရသည်.. - သားရေ..မေမေနဲ့စကားခနပြောရအောင်..လာပါဦးကွယ် - ခင်ဗျာ..ဟုတ်ကဲ့မေမေ..ဘာပြောမလို့လဲဟင်.. - သားကပန်းကြာငုံလေးကိုလက်ထပ်ဖို့ရည်ရွယ်ထားလားမေမေသိချင်လို့.. - ဟုတ်တယ်မေမေ..သားသူ့ကိုလက်ထပ်မယ်လို့ရည်ရွယ်ထားတာပါ..မေမေသဘောမကျတာများရှိနေလို့လား..သားတို့ကိုမခွဲပါနဲ့နော်..မေမေ - အင်း..သားကောင်မလေးကမဆိုးပါဘူး..ပညာတတ်..ထက်ထက်မြက်မြက်လေးပါ..အလုပ်အကိုင်လေးလည်းလုပ်တတ်ကိုင်တတ်ပုံဘဲ..မိဘတွေမရှိတော့ဘူးဆိုတော့ငါ့သားယောက္ခမကြောက်စရာလည်းမရှိဘူးပေါ့..ကျန်တာပြောစရာမရှိပါဘူး..ရုပ်ရည်ရောအပြောအဆိုလေးရောမေမေသဘောကျပါတယ်..ဒါပေမယ့်ဟိုမွေးစားကလေးလေးရှိနေတာတော့မေမေလက်မခံနိုင်ဘူးကွယ်..သားစဉ်းစားကြည့်..သားတို့လက်ထပ်ရင်လည်းကိုယ်ပိုင်ကလေးရလာမှာဘဲလေ..ခုကဘယ်မျိုးရိုးကမွေးမှန်းမသိ..ဘယ်လိုအကျင့်စရိုက်တွေပါလာမယ်မှန်းမသိနဲ့ကွယ်..အဲ့ကလေးကိုမိဘမဲ့ဂေဟာပို့ခိုင်းလိုက်ပါ..အဲ့ကလေးရှိနေရင်မေမေသဘောမတူနိုင်ဘူးကွယ်..မေမေ့မြေးလေးတွေအတွက်မေမေစိတ်ပူနေရတာမဖြစ်ချင်ဘူး.....

ရေဆန်ပန်းများပွင့်ပါစေ...(၅)

ချစ်သူတွေဖြစ်လာတော့လည်းစိတ်တူကိုယ်တူမို့ပျော်ရွှင်ကြည်နူးရပါသည်..နှစ်ယောက်လုံးကသီချင်းဆိုဝါသနာပါသူမို့ဂိုးဂိုးစတူဒီယိုသွားရင်ပန်းကြာငုံလည်းလိုက်သွားတတ်သလိုဂိုးဂိုးတို့အဖွဲ့သီချင်းရေးလျှင်လည်းပန်းကြာငုံဝင်အကြံပေးတတ်သည်..တခါတလေဂိုးဂိုးကဂစ်တာတီးလို့ပန်းကြာငုံကသီချင်းတွေဆိုသည်..တယောက်လက်တယောက်ဆွဲလို့ပေါက်ကရတွေလည်းလုပ်ဖူးကြသည်..တခါကညနေစောင်းကြီးလှည်းတန်းမှာငါးကင်သွားစားမယ်ဆိုပြီးဂိုးဂိုးလာခေါ်သည်..သားလေးကလိုက်ချင်ရှာသည်ကိုချော့ချော့မော့မော့ပြောပြီးထားခဲ့ရသည်..ဂိုးဂိုးနဲ့ချစ်သူတွေဖြစ်သွားတော့သူ့မေချီးအချိန်တွေကိုအပြည့်အ၀မရတော့သည်မို့သားလေးကဂိုးဂိုးလာလျှင်နှုတ်ခမ်းစူတတ်လာသည်..ငါးကင်စားပြီးဆိုင်ကအထွက်ဘာလုပ်ချင်သေးလဲဟုဂိုးဂိုးကမေးလာသဖြင့်ပန်းကြာငုံရုတ်တရက်စိတ်ကူးတခုရလာသည်.....

ရေဆန်ပန်းများပွင့်ပါစေ....(၄)

- ဒီနေ့ပန်းကြာငုံဆိုင်မှာထိုင်ရင်းစာရင်းတွေတွက်နေစဉ် - ဆပ်ပြာတစ်တုံးဘယ်လောက်လဲခင်ဗျာ.. - ဆိုင်ကကောင်မလေးတွေရောက်နေလို့ပါလိမ့်ဟုတွေးရင်းမော့ကြည့်လိုက်တော့.. - ဟယ်..ဂိုးဂိုး.. - ဟုတ်ပါတယ်ခင်ဗျာ..ပန်းကြာငုံဆိုင်ကိုလာအားပေးတာပါ.. - ကျေးဇူးတင်ပါတယ်ရှင်..ဘာဆပ်ပြာယူမှာလဲ.. - ဆင်ချေးတုံးဆပ်ပြာ... - ဟင်..ဘာလုပ်ဖို့လဲ.. - စတာပါဗျာ..ကိုယ်တိုက်ဆပ်ပြာထဲကကောင်းတာတစ်ခုပေး... - အင်းးဒီပရိုကဲကကောင်းတယ်..ဒါလေးယူမလား.....

ရေဆန်ပန်းများပွင့်ပါစေ....(၃)

- နောက်လဆိုမေချီးဘွဲ့ယူရတော့မယ်...သားလေးလိုက်မလားဟင်.. - မေချီး..ဗွက်ဆိုတာဘာရဲဟင်..သားသားကိုမချော့ရ၀ူးကျောတဲ့ဟာရားးး.. - ဗွက်ဟုတ်ဘူး..သားလေးရဲ့..ဘွဲ့..သားလေးဟိုဘက်အိမ်ကကိုကိုမမတွေကျောင်းသွားတာတွေ့တယ်မဟုတ်လား..မေချီးကလည်းအဲ့လိုကျောင်းတက်ရတယ်လေ..အဲ့လိုကျောင်းတွေအကြာကြီးတက်ပြီးရင်ဘွဲ့ဆိုတာရတာ..သားလေးနောက်ဆိုကျောင်းတက်ရင်လည်းမေချီးလိုဘွဲ့ရမှာပေါ့...သားလေးလိုက်မလား.. - ရိုက်မယ်..မေချီးတွားရင်တားလည်းရိုက်မယ်နော်.....

ရေဆန်ပန်းများပွင့်ပါစေ...(၂)

မနက်မိုးစင်စင်လင်းတော့ပန်းကြာငုံလည်းကလေးလေးကိုခြင်းတောင်းလေးထဲထဲ့..ဘေးအိမ်များကိုပြပြီးတိုင်ပင်ကြည့်ပါတော့တယ်..လောလောဆယ်တော့ရပ်ကွက်ထဲကသားသည်မိခင်တစ်ဦးအကူအညီနဲ့ကိုယ်တော်ချောလေးကနို့ဝပြီးအိပ်ပျော်နေလေပြီ..အားလုံးကတညီတညွတ်တည်းတိုက်တွန်းကြသည်ကတော့မိဘမဲ့ဂေဟာကိုပို့လိုက်ဖို့..ဒီလိုဆိုတော့လည်းကလေးလေးကိုကြည့်ပြီးပန်းကြာငုံစိတ်မကောင်း..ဘယ်လိုလုပ်ရမလဲ...သူမကလည်းတယောက်တည်းနေသူလေ..လောလောဆယ်တော့ရှိတဲ့ပိုက်ဆံလေးနဲ့နို့ဘူး၊နို့မှုန့်၊အနှီး၊ကလေးအကျီ ...

ရေဆန်ပန်းများပွင့်ပါစေ..(၁)

- အူဝဲ...အူဝဲ..အူဝဲ - ကလေးငိုသံကိုနီးနီးနားနားမှာကြားနေရသည်...အချိန်ကားညဥ့်နက်သန်းခေါင်..ပန်းကြာငုံတယောက်လိုက်ပို့သောဖယ်ရီကားကိုလမ်းထိပ်တွင်ရပ်ခိုင်းပြီးအိမ်ဘက်ခပ်သုတ်သုတ်လျှောက်လာသည်..ပန်းကြာငုံသည်နာမည်ကြီးစားသောက်ဆိုင်တခုမှအဆိုတော်မလေး..ပညာအရည်အချင်းကတက္ကသိုလ်ပထမနှစ်...ပန်းကြာငုံငယ်စဉ်ကပင်မိဘနှစ်ပါးလုံးဆုံးပါးသွားသဖြင့်အဒေါ်ဖြစ်သူမှခေါ်ယူမွေးစားစောင့်ရှောက်ခဲ့သည်..ကံမကောင်းချင်တော့လွန်ခဲ့သည့်ခြောက်လခန့်ကအဒေါ်ဖြစ်သူချဲဒိုင်တွင်နှစ်လုံးထီထိုးနေစဉ်ရဲဝင်ဖမ်းတာနှင့်တိုးပြီးထောင်ကျပါရောလား..ဒီတော့ပန်းကြာငုံတယောက်တည်းယောင်လည်လည်ကျန်ခဲ့သည်..ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..သူမသီချင်းဆိုတာကောင်းတယ်လို့သူငယ်ချင်းတွေကပြောကြတယ်လေ..ဒီတော့စားသောက်ဆိုင်ကြီးတဆိုင်ကအဆိုတော်ခေါ်တာဝင်လျှောက်ခဲ့ပါသည်..ကံလေးကကောင်းချင်တော့အဆိုတော်အလုပ်ကိုရခဲ့ပါသည်..လစာကောင်းသော်လည်းမူးယစ်နေသောယောက်ျားသားများ၏ပန်းကုံးစွပ်ရင်းထိကပါးရိကပါးပြောတာတော့ခံရတတ်တာပေါ့..ဘယ်တတ်နိုင်မလဲ..၀မ်းရေးကိုး...လူဆိုတာကဲ့ရဲ့လိုသူသာရှိသည်..ငတ်နေလျှင်ကျွေးမိသူကရှိတာမဟုတ်ဘူးလေ.....

ချစ်သောမိုးကောင်းကင်...ဇာတ်သိမ်း

အခါတော်ပေးပါလို့....................... - ဟိုတယ်ကြီးတစ်ခုတွင်ကျင်းပနေသောမင်္ဂလာအခမ်းအနားတခု...သတို့သားဝတ်စုံကိုကျကျနန၀တ်ထားသောသတို့သားကလှေကားမှဆင်းရန်ပြင်ရင်းဘေးကိုကြည့်လိုက်သည်..အယ်..သတို့သမီးမရောက်သေး..ခုနကတင်တွေ့နေပါသေးသည်..ဘယ်ရောက်သွားပါလိမ့်..နောက်လှည့်ကြည့်လိုက်တော့လည်းမတွေ့..သတို့သမီးအလှပြင်တဲ့အခန်းဆီပြန်ပြေးရသည်..တွေ့ပါပြီ..အလှပြင်ခန်းထဲမှာတယောက်တည်းကုန်းကုန်းကွကွနှင့်ဘာကိုလိုက်ရှာနေမှန်းမသိသောသတို့သမီးကို.....

ချစ်သောမိုးကောင်းကင်...(၇)

မနက်မိုးလင်းတော့နှစ်ယောက်သားဂုဏ်ယူဝင့်ကြွားစွာသူခိုးကိုတဖက်တချက်ဆွဲလို့ရပ်ကွက်လူကြီးအိမ်ချီတက်ကြသည်..ရပ်ကွက်ထဲမှစောစောနိုးသူများလည်းအမေရိကန်ကမ်းတက်ကွန်မန်ဒိုတပ်ဖွဲ့ဝင်အလားမျက်နှာတွင်အဖြူအနက်ကြောင်ကြားဆေးခြယ်ထားသောသူခိုးကိုဘာလုပ်တာပါလိမ့်ဟုထွက်ကြည့်ကြသည်..သူခိုးခမျာတော့ဘာဘဲပြောပြောမူလရုပ်ပျောက်အောင်ရုပ်ဖျက်ပေးထားသောသကောင့်သားနဲ့သကောင့်သမီးကိုဘဲကျေးဇူးတင်ရမလိုလို..ဘာဘဲဖြစ်ဖြစ်ဒီနှစ်ယောက်လက်ထဲဆက်နေရလျှင်ရူးသွားနိုင်သည်..စိတ်ထင်ရာလုပ်နေသည့်သူတွေကြားထက်စာလျှင်ရပ်ကွက်ရုံးမှာကတော်ပါဦးမည်...နောက်နောင်သူခိုးလုပ်စားမည်ဆိုလျှင်ကိုယ်ခိုးမည့်အိမ်မှာဒီလိုလူတွေမဖြစ်နေဖို့ဂရုစိုက်မှဖြစ်တော့မည်.....

ချစ်သောမိုးကောင်းကင်...(၆)

မိုးမြင့်သဇင်တယောက်စိတ်ထဲမှာဘာဂလိုတိုတိုဘာတွေဖြစ်နေမှန်းမသိ..ရင်ထဲမှာဂလုံဂလွမ်တွေမြည်ပြီးကယောင်ကတမ်းတွေဖြစ်နေသည်..အိမ်သာဘဲပြေးတက်ရမလိုလို..စာအုပ်ဘဲဖတ်ရမလိုလို..သူမကိုကောင်မလေးလို့ခေါ်သောကောင်လေးကိုသဘောကျမိသည်..နင့်ကိုချစ်တယ်ဆိုတဲ့စကားကိုလည်းရီကောဒင်းလုပ်စရာမလိုဘဲရင်ဘတ်ထဲမှာအကြိမ်ကြိမ်ပြန်ဖွင့်သလိုကြားနေမိတော့နားတွေတောင်ယောင်ယမ်းပြီးရှက်ရှက်နဲ့ပိတ်လိုက်မိသည်..ရင်တွေအရမ်းခုန်နေတာပြန်ချစ်သွားပြီလားမသိဘူးနော်.....

ချစ်သောမိုးကောင်းကင်...(၅)

ဒီနေ့မိုးမြင့်သဇင်ကားစောစောသိမ်းသည်..မိန်းကလေးမောင်းသောတက်စီဆိုတာကမိုးသိပ်ချုပ်လျှင်အဆင်မပြေဘူးလေ..ပြီးတော့ကိုယ်ကတယောက်တည်းသမား..အရမ်းလောဘတက်ရှာဖို့ကောင်းသည့်အလုပ်လည်းမဟုတ်..စီးပွားရေးတခုခုထောင်နိုင်အောင်ငွေစုမည်ရည်မှန်းချက်လေးကလည်းလောကဒဏ်ထဲမှာလုံးလည်ချာလည်နှင့်..ဒယ်ဒီ့ရှေ့ကိုဘယ်တော့များမှခေါင်းမော့လျှောက်နိုင်ပါ့မလဲနော်..တွေးရင်းကိုယ့်အိမ်ခန်းလေးဘက်လျှောက်လာသည်.. - ဟိတ်..ကောင်မလေး..မိုးမြင့်သဇင်...

ချစ်သောမိုးကောင်းကင်...(၄)

- ကားအားလားခင်ဗျ - “ဟုတ်ကဲ့...” - “ဟင် မိုးမြင့်သဇင် ” - “အော် ကိုမိုးတိမ်ထက် ” - “ခင်ဗျားက Taxi မောင်းနေတာလား ” - “အင်းလေ ဘာဖြစ်လို့လဲ ..” - “အော် ဘာမှမဖြစ်ပါဘူး ကျွန်တော့်ကို မင်္ဂလာဒုံက ( မိုးကောင်းကင် ဆောက်လုပ်ရေးကို) ပို့ပေးပါ ” - ဟမ်..ဘယ်ကို..ဘယ်ကို..ပြန်ပြောပါဦး.. - “မိုးကောင်းကင် ဆောက်လုပ်ရေးလေ ...” - “အယ် ဂိတာဘဲ.......” - “ဘာဖြစ်လို့ ဂိတာလဲ ....” - “အခြားကားငှားဟာ.......”...

ချစ်သောမိုးကောင်းကင် ....(၃)

“သင်္ကြန်စာပါခင်ဗျာ သင်္ကြန်စာ ဒီနှစ်ကြာသာပတေး သားသမီးတွေ အရမ်းကောင်းတဲ့နှစ် လိုတာတွေ အကုန်ရမယ့်နှစ်ပါ ။စိတ်ကုးလိုက်တာနဲ့ ပေါ်မှာဗျနော် ထပ်သိချင်ရင် တစ်စောင်ကို နှစ်ရာပါခင်ဗျာ တစ်နှစ်လုံးအတွက် ဟောစာတမ်းပါ ထည့်ပေးထားတယ်ဗျနော် ” - “သင်္ကြန်စာ.........” - “သင်္ကြန်စာ ..” - အပေါက်ဝမှာ နှစ်ယောက်သားထွက်ပြီး အော်လိုက်တော့ ။တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးသလို ကြည့်မိကြတယ် (တကယ်လဲ မမြင်ဖူးဘူးလေ)...

ချစ်သောမိုးကောင်းကင်...(၂)

ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုအတွင်းသို့မိုးမြင့်သဇင်ဝင်လာသည်..အတန်ငယ်သပ်ရပ်သောရပ်ကွက်လေးဟုဆိုရမည်..လွန်ခဲ့သောတလခန့်ကတည်းကသူမအိမ်ငှားရန်ကျိတ်ရှာခဲ့သည်..ကိုယ့်မုန့်ဖိုးလေးထဲကစုထားသောငွေလေးနှင့်ကိုက်ညီနိုင်မည့်အိမ်လေးတစ်လုံးငှားရန်အိမ်ပွဲစားတယောက်နဲ့ဆက်သွယ်ငှားရမ်းခိုင်းထားခြင်းသာ..အိမ်ကတခြမ်းသာရသည်..အိမ်တလုံးကိုနှစ်ခြမ်းခြမ်းပြီးတခြမ်းစီကိုငှားစားတာဖြစ်သည်..အိမ်ငှားကြည့်မှအိမ်ငှားခတွေကဘုရားတရအောင်ဈေးကြီးမှန်းသိတော့သည်..တခါတည်း၆လစာပေးရတော့ငွေကလုံးကနည်းထွက်သွားပါလေရော..အရင်ကတော့ပိုက်ဆံဆိုတာမေမေ့ပိုက်ဆံအိတ်ထဲကယူရင်ရသည်ဘဲသိထားတာကိုး.....

ချစ်သောမိုးကောင်းကင်...(၁)

မင်းဘာလုပ်တတ်လဲ.. - ဆရာခိုင်းတာကိုဆရာ့စိတ်တိုင်းကျအောင်လုပ်တတ်ပါတယ်ခင်ဗျာ.. - ကန်ထရိုက်တာကြီးပြုံးလိုက်မိသည်..ကန်ထရိုက်တာဦးမိုးကောင်းအင်တာဗျုးနေခြင်းဖြစ်သည်..သူအလုပ်ခေါ်တာကနေ့စားအလုပ်သမား..အုတ်သယ်သဲသယ်ရန်..လာလျှောက်တဲ့ထဲကဒီကောင်လေးကိုသူ့စိတ်ထဲတမျိုးဖြစ်၍ကိုယ်တိုင်အင်တာဗျုးမိခြင်းပါ..ကျန်တာအလုပ်သမားခေါင်းကရွေးပါသည်..သူဝင်အလာလှမ်းအကြည့်မှာအသားလတ်လတ်၊သန့်ပြန့်သောရုပ်ရည်နှင့်ပညာတတ်ပုံစံပေါက်နေသောဒီကောင်လေးကိုနေ့စားအလုပ်သမားခေါ်သည့်နေရာမှာတွေ့လိုက်လို့သူခေါ်မေးမိခြင်းဖြစ်သည်.....

မှတ်သား စရာများ

ပျော်ရွှင်ခြင်းဆိုတာ ကားအကောင်းစားတွေ သင်မောင်းနိုင်တာကိုဆိုလိုတာ မဟုတ်ဘူး။ ပျော်ရွှင်ခြင်းဆိုတာ အိမ်အရောက် ကားကိုဘေးကင်းကင်းနဲ့ သင်မောင်းနိုင်တာဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ ပိုက်ဆံတွေ ဘယ်လောက်စုမိပြီဆိုတာမဟုတ်ဘူး။ ပျော်ရွှင်ခြင်းဆိုတာ လွတ်လပ်တဲ့စိတ်နဲ့ သင်နှစ်သက်တဲ့အလုပ်ကို သင်လုပ်ခွင့်ရနေတာပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူ ဘယ်လောက်ချောမောလှပတာမဟုတ်ဘူး။ ပျော်ရွှင်ခြင်းဆိုတာ...

Related Posts Plugin for WordPress, Blogger...