Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Monday, 25 August 2014

နှလုံးသားဒဏ္ဍာရီ..(၄)




ဒီနေ့ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့..မင်းအောင်နဲ့နဒီတို့စောစောထပြီးအောင်စာရင်းသွားကြည့်ကြသည်...အောင်စာရင်းကပ်ထားသောကျောက်သင်ပုန်းရှေ့တွင်လူများအပြည့်..နဒီ့ကိုအပြင်မှာရပ်စောင့်ခိုင်းပြီးမင်းအောင်လူအုပ်ထဲငါးဖယ်ငါးအောင်းတိုးနဲ့တိုးဝင်သွားသည်..အတော်လေးကြာတော့ငါးပိကောင်ကိုထုထားသည့်ပုံစံဖြင့်မင်းအောင်ပြန်ထွက်လာသည်...အစပြေနေသောပုဆိုးကိုလက်နှင့်စုကိုင်ပြီးအကျီင်္မှာလည်းရွဲ့စောင်းလျက်..မျက်နှာကလည်းအကဲမရ..နဒီကြောက်လန့်တကြားမေးသည်..
-
မင်းအောင်..ငါတို့အောင်လားဟင်..
-
ဟ..နေပါဦး..ကိုယ့်ရည်းစားတယောက်လုံးပုဆိုးကျွတ်လာတာပုဆိုးပြန်ဝတ်မလို့..ငါ့နားမကပ်နဲ့...
-
အောင်မလေးတော်..အရေးထဲ..မြန်မြန်ဝတ်..
-
အေးပါ..နဒီ..ငါပြောမယ်..ငါတို့နှစ်ယောက်ခိုးပြေးရအောင်..
-
ဟင်..နင်ကလဲ..ဘာလို့တုန်း..ငါတို့ငယ်ငယ်လေးရှိသေးတာကို..
-
မငယ်နေနဲ့..ငါတို့နှစ်ယောက်လုံးကျတယ်..အိမ်ကျရင်ဖားသားကြီးဗျောတင်မယ့်တူတူငါတော့လစ်မယ်..နင်ငါနဲ့လိုက်မှာလား..မလိုက်ဘူးလား..
-
နင်တကယ်သေချာကြည့်ခဲ့ရဲ့လားဟယ်..
-
သုံးခါတောင်ပြန်ရှာတာဟ..မတွေ့ဘူး..စားမေးပွဲနောက်ဆုံးနေ့ကငါတို့နှစ်ယောက်ခေါင်းခြင်းတိုက်ကတည်းကငါတို့နှစ်ယောက်နာတော့မယ်ဆိုတဲ့နမိတ်ဖြစ်မယ်..
-
ငါငိုချင်လာပြီ..ဒုက္ခပါဘဲဟာ..အိမ်ကဆူတော့မှာဘဲ..
-
အေးလေ..ဒါကြောင့်ငါပြောတာပေါ့..ငါအမေ့အိပ်ထဲကပိုက်ဆံနှိုက်လာတယ်..ငါတို့ခိုးပြေးရအောင်
-
ခုမှတော့ဘယ်လိုလုပ်မလဲ..နင်ဘယ်လိုစီစဉ်ထားလဲ..
-
ဒီလိုဘဲသူငယ်ချင်းတယောက်ယောက်ကိုအကူအညီတောင်းရမှာပေါ့..လာ..လိုက်ခဲ့..
-
မင်းအောင်တယောက်နဒီ့လက်ကိုဆွဲကာမြို့ထဲဘက်လျှောက်လာသည်..နဒီကတော့မျက်ရည်လေးစမ်းစမ်းနဲ့ကုပ်ကုပ်လေးလိုက်လာသည်..ဈေးဘက်ရောက်တော့နဒီ့လက်ကိုဆွဲပြီးဈေးထဲဝင်သည်..နဒီခမျာကြောက်ကြောက်လန့်လန့်ကျီးကြည့်ကြောင်ကြည့်..အသိတွေတွေ့သွားမှာလည်းစိုး..ခိုးရာလိုက်တယ်ဆိုတာတမျိုးကြီးဘဲ..ရင်တွေအရမ်းခုန်ကာဝမ်းနည်းကြောက်ရွံ့မှုတွေနဲ့..
-
မင်းအောင်..နင်ဈေးထဲဘာလာလုပ်တာလဲ..အိမ်နဲ့သိသူတွေမြင်ကုန်မယ်..
-
ဈေးထဲမှာဟိုကောင်ထင်ကျော်တို့ဆိုင်ရှိတယ်လေ..ဒီကောင့်ကိုအကူအညီသွားတောင်းမလို့..ပြီးတော့နင့်မှာလည်းအ၀တ်တထည်ကိုယ်တခုနဲ့..လဲစရာလေးနည်းနည်းဝယ်ရမှာပေါ့..
-
အေးပါဟယ်..နင်သင့်တော်သလိုလုပ်ပါ..ငါတော့ကြောက်နေတာဘဲသိတယ်..
-
ဟာ..ငါနဲ့တူတူနေရမှာမပျော်ဘူးလား..
-
မသိပါဘူးဟာ..ပျော်တယ်ထင်တာဘဲ..ခုတော့အော်ငိုချင်နေသလိုကြီး..ငါစာသေချာကျက်ပြီးဖြေခဲ့တာပါဟာ..
-
ပြောမနေနဲ့..ပြီးတာပြီးပြီ..ငါနင့်ကိုအလုပ်လုပ်ပြီးရှာကျွေးမှာပါဟာ..
-
အင်းပါ..ငါနင့်ကိုယုံပါတယ်..
-
ထင်ကျော်တို့ဆိုင်ရောက်တော့ထင်ကျော်မရှိသေး..ထင်ကျော်အကိုအောင်ကျော်သာရှိသည်..မင်းအောင်ကအကိုအောင်ကျော်နဲ့တိုးတိုးစကားပြောနေသည်..အကိုအောင်ကျော်ကသူမကိုကွက်ကြည့်ကွက်ကြည့်လုပ်နေသဖြင့်နဒီမျက်နှာတွေပူပြီးခေါင်းငုံ့နေရသည်..ခဏနေတော့အကိုအောင်ကျော်တယောက်ဈေးအတွင်းပိုင်းသို့ဝင်သွားသည်..စောသေးသည်မို့သားငါးတန်းကလွဲပြီးတခြားဆိုင်ခန်းတွေဘက်လူသိပ်မများသေးပါ..နာရီဝက်လောက်ကြာတော့အကိုအောင်ကျော်အိတ်ကြီးတအိတ်ဆွဲပြီးပြန်လာသည်..
-
ညီလေးရေ..အစုံဝယ်လာပြီးပြီကွ..အတော်လေးတယ်ဟေ့..
-
ရတယ်အကို..ကျွန်တော်တို့နှစ်ယောက်မျှသယ်မှာပါ..
-
အေး..အေး..လမ်းမှာသတိထားသွား..ဟိုကောင်ထင်ကျော်တွေ့ရင်လည်းမြန်မြန်လာခိုင်းလိုက်..အောင်စာရင်းသွားကြည့်တာပေါ်မလာတော့ဘူး..
-
ထင်ကျော်အောင်တယ်အကို..ကျွန်တော်ကြည့်လာပြီးသား..
-
အေးကွာ..တွေ့ရင်လွှတ်လိုက်ပါ..
-
ဟုတ်ကဲ့အကို..လာ..နဒီ..ဒီဘက်က၀ိုင်းဆွဲ..နည်းနည်းလေးတယ်
-
အင်းပါ..ဟဲ့..ဘာတွေတုန်း..
-
နင်ကလဲ..အုန်းနို့ခေါက်ဆွဲချက်ဖို့လိုတာတွေလေ..မြန်မြန်လာ
-
ဘာလုပ်ဖို့အုန်းနို့ခေါက်ဆွဲချက်မှာလဲ..
-
နင့်ကိုငါအနစ်နာခံယူတဲ့အထိမ်းအမှတ်နဲ့လေ..ဟိဟိ..အိမ်မှာအမေတို့မျှော်နေတော့မယ်..ငါတို့နှစ်ယောက်စာမေးပွဲအောင်တဲ့အထိမ်းအမှတ်နဲ့အုန်းနို့ခေါက်ဆွဲချက်ပြီးအိမ်တွေကိုဝေမယ်လေ..
-
ဟယ်...မင်းအောင်..ဒါဆို..ဒါဆို..
-
အေးဆို..နှစ်ယောက်လုံးအောင်တယ်လေ..ငါတို့တက္ကသိုလ်တက်ကြမယ်..
-
သေနာကောင်..ဒါနဲ့များငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တယ်..
-
ဟ..ကိုယ့်ရည်းစားခေါ်တာကဗျာဆန်ဆန်မောင်ဆိုတော်သေးတာပေါ့..ခုတော့သေနာကောင်တဲ့..နင့်ကိုငါမို့အနစ်နာခံကြိုက်တာနော်..
-
နဒီစိတ်လည်းတို..ပျော်လည်းပျော်ပြီးမျက်ရည်တွေလည်နေရင်းကမင်းအောင်ကိုမျက်စောင်းပိတ်ထိုးပစ်လိုက်သည်..မင်းအောင်အတွက်အလှဆုံးချစ်ရသူလေးရဲ့မျက်စောင်းလေးပါ..မင်းအောင်ပျော်ရွှင်စွာခေါင်းမော့ပြီးဟက်ဟက်ပက်ပက်ရယ်လိုက်တော့သည်..
-
ဟားးးးဟားးးဟားးးး
---------------------------
ဆက်ရန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...