အလွန်ပွေရှုပ်တတ်သော ယောက်ျားတယောက် သူငယ်ချင်းနဲ့အတူ အရက်ထိုင်သောက်ရင်းပြောလိုက်သည်..
-
အခုတလော ငါ့စိတ်ထဲမှာ မလုံမလဲခံစားနေရတယ်ကွာ.. ဒီညတော့ ငါ့မိန်းမကို ငါသူ့အပေါ် သစ္စာမဲ့ခဲ့ကြောင်း.. ဖောက်ပြန်ခဲ့ကြောင်း ၀န်ခံလိုက်တော့မယ်..
-
ဖြစ်ပါ့မလားကွာ..မင်းမိန်းမက ခွင့်လွှတ်ပါ့မလား..
-
ဒါတော့ဘယ်သိမလဲကွ.. ၀န်ခံလိုက်တော့ စိတ်ပေါ့သွားတာပေါ့ကွာ..
-
ထိုညတွင် မိန်းမဖြစ်သူအား သူဖောက်ပြန်ခဲ့ကြောင်း.. ခွင့်လွှတ်ပေးဖို့အကြောင်း ဖွင့်ဟ၀န်ခံလိုက်ရာ မိန်းမဖြစ်သူမှာ ဒေါသယမ်းအိုး ပေါက်ကွဲတော့သည်..
-
ရှင်မှန်မှန်ပြောစမ်း..ဘယ်သူနဲ့လဲ..ဘယ်တုန်းကလဲ..
-
မပြောပါရစေနဲ့ကွာ.. အခုမှတော့ တဖက်သားနာမည်လည်း ထုတ်မပြောချင်တော့ပါဘူး.. မင်းငါ့ကိုအပြစ်တင်ချင်လည်း ကြိုက်သလိုပြောပါ..
-
ကျွန်မ မကျေနပ်နိုင်ဘူး.. လမ်းထိပ်က ခင်မီနဲ့လား..အဲ့ကောင်မက ယောက်ျားတွေကို သိပ်အထာပေးတာ ... ရှင်ပြောစမ်း
-
မဟုတ်ရပါဘူးကွာ..
-
ဒါဆို ဟိုဘက်လမ်းက သီတာဘဲဖြစ်မယ်.. သူရှင့်ကို လမ်းမှာတွေ့တိုင်းခိုးကြည့်တာ ကျွန်မသိတယ်..
-
မဟုတ်ပါဘူးမိန်းမရယ်
-
ဒါဆို ဟိုမော်ဒယ်လ်လုပ်နေတဲ့ ယွန်းပပ လား.. သူက ရှင့်လိုလူမျိုးစပွန်ဆာ ရှာနေတာ..
-.
မဟုတ်ပါဘူးဆိုကွာ..
-
တညတာမိန်းမ၏ဆူပူသောင်းကျန်းမှုကိုသည်းခံပြီး နောက်တနေ့မနက်တွင် လက်ဘက်ရည်ဆိုင်သောက်အထွက် ညကသူငယ်ချင်းဖြစ်သူနှင့်ဆုံသည်..
-
ဟေ့..မင်းညကအဆင်ပြေလား.. မင်းမိန်းမကခွင့်လွှတ်လား
-
အေးကွာ..ခွင့်တော့မလွှတ်ဘူးကွ.. နောက်တခါ ဖောက်ပြန်ချင်ရင် အဆင်ပြေနိုင်မယ့် အမျိုးသမီး(၃)ယောက်နာမည်တော့ သဲလွန်စပေးလိုက်တယ်
-
တိန်

0 comments:
Post a Comment