ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Monday 24 November 2014

သက်​ဆုံး​တိုင်..(၉)ဇာတ်​သိမ်း



-------------------------------------------------
ကျွန်တော်​အိ​မွန်​လင်း​ပြော​တာ​ကို​နားထောင်​နေ​သည်..​သူ့​စကား​ဆုံး​သွား​ ချိန်​မှာ​အတိတ်​ကို​သတိရ​နေ​ဟန်​တူ​သော​မျက်ရည်​စ​များ​သူ့​မျက်​ဝန်း​မှာ​ ခို​တွဲ​နေ​တာ​မြင်​လိုက်​ရသ​ည်..​လက်စသတ်​တော့​သူ​လည်း​မိုက်မဲ​သူ​လေး​ ဘဲ..​ကျွန်တော်​စကား​စ​လိုက်​သည်..
-
မင်း​ပြော​တော့​မ​မြင်​ရ​သေး​တဲ့​ကလေး​ကို​သတ်​မိ​လို့​ဆို..
-
ကျွန်မ​က​သေ​ချင်​နေ​တာ...​အချစ်​အတွက်​လို့​ပြော​ရင်​ရှင်​က​တူ​တူ​သေ​ဖို့​လက်ခံ​ချင်​မှ​လက်ခံ​မှာ​လေ..
-
ဟုတ်​တယ်..​မင်း​အ​တော်​မိုက်မဲ​တာ..​ဒါ​နဲ့​မင်း​ဓါတ်​ပုံ​တွေ​ဒီ​လောက်​ ရိုက်​တာ...​မင်း​ချစ်​သူ​ပုံ​ရှိ​မှာ​ပေါ့..​ကျွန်​တော့်​ကို​ပြ​နိုင်​မ​ လား..
-
ပြ​နိုင်​ပါ​တယ်..​သူ့​ဓါတ်​ပုံ​တွေ​ကျွန်မ​ဆီ​မှာ​အများ​ကြီး​ပါ..
-
အိ​မွန်​လင်း​ထိုင်​ပြီး​သူ့​ဘေး​လွယ်အိတ်​ထဲ​က​ဓါတ်​ပုံ​တွေ​ကို​ထုတ်​နေ​ သည်..​တ​ပုံ​ကို​ရွေး​ပြီး​ကျွန်​တော့်​ကို​ပေး​သည်..​ကျွန်တော်​သူ​လှမ်း​ ပေး​သော​ဓါတ်​ပုံ​ကို​ယူ​ကြည့်​လိုက်​သည်..​ကြည့်​စမ်း..​ကမ္ဘာ​ကြီး​က​အ​ တော်​ကျဉ်း​တာ​ဘဲ..​ဒီ​လူ​ကို​ကျွန်တော်​သိ​တာ​ပေါ့..​ကျွန်​တော့်​အကို​လို ​ခင်​နေ​ရ​သူ​၏​ဇနီး​နှင့်​တွဲ​နေ​သူ..​ထို​အကို​ဇနီး​က​အွ​န်​လိုင်း​မှာ​ ကဲ​တတ်​သူ​မို့​လင်မယား​ရန်​ဖြစ်​တာ​အကြိမ်ကြိမ်..​သဝန်တို​သော​ယောက်ျား​၏​ ဒေါသ​ကို​မိန်းမ​လုပ်​သူ​က​အ​နှိပ်စက်​ခံ​နေ​ရသ​လို​ပြော​ပြီး​သနား​အောင်​ ချွဲ​သည်..

နောက်ဆုံး​တော့​ကြား​က​ဝင်​ခို​သူ​ကြောင့်​လင်မယား​ကွဲ​လု​ကွဲ​ခင်..​ အမျိုးသမီး​က​မိဘ​ဆီ​မှာ​ပြန်​နေ​ပြီး​ဆက်​လှုပ်ရှား​သည်..​ကွာရှင်း​ခွင့်​ တောင်း​သည်..​ကလေး​မျက်နှာ​နှင့်​ပြန်​ပေါင်း​လို​သော​ခင်ပွန်း​ကို​လက်မ​ခံ ​နိုင်​ဘဲ​ဒီ​လူ​က​သူ့​ကို​လက်ထပ်​မည်​ထင်​နေ​ရှာသည်..​အမှန်​က​ဒီ​လူ​ကGTCက ​ကောင်​မ​လေး​တယော​က်​ကို​ထပ်​ပြီး​ခွင်​ရှာ​နေ​ပြီ..​လူ​ရှုပ်​လူပွေ​ဆို​ တာ​ကို​ခင်ပွန်း​ဖြစ်​သူ​က​နားချ​ပေ​မယ့်​မ​ကွာ​ပေး​ချင်​တာ​ကြောင့်​ဟု​ ဇနီး​က​စွပ်စွဲ​ပြီး​မ​ယုံ​တော့​ထို​အကို​လည်း​စိတ်​ဆင်းရဲ​ပြီး​အရက်​သမား​ ဖြစ်​နေ​ပြီ..
ဒီ​လူ​က​အခု​န​ပ​တ​မှာ​သင်​တန်း​တက်​ရင်း​သူ့​သားကောင်​တွေ​နဲ့​ပျော်​နေ​ သည်..​သူ့​ကြောင့်​ဘ၀​တွေ​ဘယ်လောက်​ထိခိုက်​နစ်နာ​တယ်​သူမ​စဉ်းစား​တော့..​ သူ​လိုချင်​တာ​တွေ​ဘယ်​လို​မိန်း​ကလေး​တွေ​ဆီ​ကရ​နိုင်​မ​လဲဆို​သည့်​သူ့​ ထက်​သူ​ပို​ချမ်းသာ​သည့်​သားကောင်​မ​လေး​များ​ကို​မျက်စိ​ဒုတ်​ထောက်​ရှာဖွေ ​နေ​တုန်း​ရှိ​သေး​သည်..

ဒီ​လို​လူ​မျိုး​တယော​က်​အတွက်​ကိုယ့်​အသက်​ကို​သတ်​သေ​ချင်​သော​ဒီ​မိန်း​ ကလေး​ဘယ်လောက်​မိုက်မဲ​ပါ​သလဲ..​မတန်​ပါ..​သူ့​မိ​ခင်ကြီး​တန်ဖိုး​ထား​မွေး ​မြူ​စောင့်ရှောက်​ခဲ့​သော​သမီး​လေး​အတွက်​ရင်​ကျိုး​ရှာ​ပေ​လိမ့်​မည်..​ သူ့​ကို​ကျွန်တော်မ​သေ​စေ​ချင်​ပါ..​ဘယ်​လို​ဖျောင်းဖျ​ရ​မ​လဲ​တွေး​နေ​ တုန်း​ရုတ်​တရက်​မီး​မှောင်ကျ​သွား​သည်..​မီး​ပျက်​သွား​ပါ​ပြီ..​ကျွန်တော် ​ဘောင်းဘီ​အိတ်​ထဲ​က​မီးခြစ်​ကို​ဆွဲထုတ်​ပြီး​ခြစ်​လိုက်​သည်..​လင်း​လာ​ သော​မီးတောက်​အလင်း​ရောင်​အောက်​မှာ​ထိတ်လန့်​နေ​သော​သူ့​မျက်နှာ​ကို​မြင်​ လိုက်​ရသ​ည်..
-
ကျွန်မ​တို့​မီးလောင်​သေ​ကုန်​လိမ့်​မယ်​လေ..​ဂ​က်​စ်​ဖွင့်​ထား​တယ်..
-
ဟုတ်​သား​ဘဲ.​မီးလောင်​လို့​လှ​လှပ​ပ​မ​သေ​ရ​ဘဲ​ဖြစ်​တော့​မည်..​ကျွန်တော်​ မီးခြစ်​ကို​ပြန်​ငြှိ​မ်း​လိုက်​သည်...​တ​ခု​ခု​တော့​လွဲ​မှား​နေ​သည်​ဟု​ ခံစား​လိုက်​ရသ​ည်..​ကျွန်တော်​ရှု​ရှိုက်​နေ​သော​လေ​သည်​သန့်ရှင်း​လတ်ဆတ်​ နေ​ဆဲ..​ထူးဆန်း​သည်..​ဓါတ်ငွေ့​အနံ့​ကို​ကျွန်တော်မ​ရမိ​သေး​ပါ..​ ကျွန်တော်​မီးခြစ်​ကို​ပြန်​ခြစ်​ကြည့်​လိုက်​ပြီး​မီးဖို​ထဲ​လျှောက်​သွား​ သည်..​ဂ​က်​စ်​မီးဖို​ခလုတ်​ကို​ကစား​ကြည့်​လိုက်​သည်..​သေချာ​တာ​ဂ​က်​စ်​ ကုန်​နေ​သည်..
-
မီးလောင်​သေ​ချင်​တောင်​မ​ရ​ဘူး​ဗျာ..​ဂ​က်​စ်​ကုန်​နေ​တယ်..
-
ဟင်..​ရှင်​က​လဲ..
-
အေး​ဗျာ..​ကျွန်တော်​က​ကိုယ့်ကိုယ်ကို​သေ​လူ​လို့​သတ်​မှတ်ထား​တော့​ဂ​က်​စ်​အိုး​လည်း​မ​ကြည့်​မိ​ခဲ့​ဘူး..
-
ဒါ​ဆို​ဖယောင်းတိုင်​ထွန်း​လေ..
-
ဆောရီး​ဗျာ..​သေမ​ယ်​ဆို​ပြီး​ဘာ​မှ​ကို​မ​ဝယ်​ထား​မိ​တော့​ဘူး..
-
ဟင်..​ဒုက္ခ​ဘဲ..​ကျွန်မ​က​အ​မှောင်​ကြောက်​တယ်..​ဘယ်​လို​လုပ်​မ​လဲ..
-
မင်း​က​လည်း​သေမ​ယ်​ဆို​ပြီး​အ​မှောင်​ကြောက်​သေး​လား..
-
ခု​က​သေ​မှ​မ​သေ​သေး​တာ​ကိုး..​ကြောက်​တာ​ပေါ့..
-
​မိ်​န်း​မ​တွေ​က​အ​တော်​ထူးဆန်း​တယ်..​လှ​ချင်​တာ​နဲ့..​ကြောက်​တတ်​တာ​နဲ့..​အ​တွေး​က​လည်း​ချော်​သေး..
-
ရှင်​ဘာ​ပြော​တာ​လဲ..
-
ဘာ​မှ​မဟုတ်​ဘူး..​ဝ​ရံ​တာ​မှာ​ထွက်​ထိုင်​မယ်..​လ​ရောင်​တော့​ရှိ​သေး​တယ်..
-
အင်း..​ကောင်း​သား​ဘဲ..​ရှ​င့်​အကြောင်း​လည်း​ပြော​ဦး​လေ..
-
အေး​ဗျ..​မိန်း​ကလေး​တွေ​က​စပ်​စု​တာ​လည်း​ဝါသနာ​ပါ​တယ်..
-
ဒါ​ဆို​ရှင်​က​ကျွန်မ​အကြောင်း​အရ​င်​စပ်​စု​တာ​လေ..
-
ကဲ​ပါ​ဗျာ..​ကျွန်တော်​ပြော​ပါ့​မယ်..​ဒါ​ပေ​မယ့်​ကျွန်တော်​အရ​င်​ဆုံး​ ပြော​ပြ​ချင်​တာ​ရှိ​တယ်..​ခင်ဗျား​နဲ့​ကျွန်တော်​တူ​တူ​သေ​ဖို့​ကံ​မစ​ပ်​ ဘူး​ဗျာ...​ကျွန်တော်​တို့​နှစ်​ယောက်​သေမင်း​ရဲ့​တံခါး​ကို​အကြိမ်ကြိမ်​ သွား​ခေါက်​ခဲ့​ကြ​တယ်..​သေမင်း​က​သူမ​ခေါ်​ဘဲ​လာ​ချင်​တဲ့​သူ​ကို​အရေး​ လုပ်​ပြီး​တံခါး​ဖွင့်​မ​ပေး​ခဲ့​ဘူး..
မ​သိ​ချင်​ယောင်​ဆောင်​နေ​ခဲ့​တယ်..​မင်း​မှာ​မိ​ခင်​အို​ကြီး​ရှိ​တယ်..​ မင်း​သာ​သေ​သွား​ရင်​မင်း​ထင်​သ​လို​မင်း​အမေ​က​တရား​စခန်း​ရောက်​မယ်​ထင်​ လို့​လား..​မင်း​စိတ်​နဲ့​မ​သေ​သွား​နိုင်​ဘူး​လား..​မင်း​မှာ​အလုပ်အကိုင်​ ရှိ​တယ်..​ဘဝ​ကို​ပြန်​စ​ခွင့်​ရှိ​တယ်..
လူ​တွေ​ရဲ့​ချီးမွမ်း​ခု​နှစ်​ရက်၊ကဲ့ရဲ့​ခု​နှစ်​ရက်​ကြားမှာ​ကြံ့​ကြံ့​ ခံရပ်​တည်​လိုက်​စမ်း​ပါ..​မင်း​အပေါ်​တကယ်​တန်ဖိုး​ထား​သူ​လူကောင်း​တယော​ က်​ရှိ​လာ​မှာ​ပါ..​တန်ဖိုး​မ​ရှိ​တဲ့​လူ​ယုတ်မာ​က​မင်း​နဲ့​မတန်​လို့​ကံ​ တရား​က​ဖယ်​ပေးလိုက်​တယ်​ဘဲ​မှတ်​ပါ..​လက်ထပ်​ပြီး​မှ​အကျင့်​မ​ကောင်း​တဲ့​ လူ​ယုတ်မာ​မှန်း​သိ​ရင်​မင်း​ပို​စိတ်​ဆင်းရဲ​ရ​လိမ့်​မယ်..
-
အင်း..​ကျွန်မ​နားလည်​လာ​ပါ​ပြီ..​ရှ​င့်​အကြောင်း​လည်း​ပြော​ပြ​ပါ​လား..
-
ကျွန်​တော့်​အကြောင်း​က​ဒီ​လို​ဗျ..​ကျွန်​တော့်​ဖေ​ဖေ​က​တပ်​က​ထွက်​လာ​ ပြီးစီး​ပွား​ရေး​လုပ်​တယ်..​စစ်​သား​လူထွက်​ဆို​တော့​စီးပွား​ရေး​သိပ်​နား ​မ​လည်​ဘူး​ပေါ့​ဗျာ..​ဒီ​တော့​အရှုံး​ပေါ်​ပြီး​အကြွေး​တွေ​တင်​လာ​တယ်..​ အဖေ​က​စိတ်ညစ်​ပြီး​အိမ်​က​ထွက်​သွား​တာ​ဘယ်​ရောက်​နေ​မှန်း​ကို​မ​သိ​ရ​ တော့​ဘူး..​ကျွန်တော်​တို့​လည်း​အကြွေး​တွေ​နဲ့​မ​လုပ်​တတ်​မကို​င်​တတ်​ ကျန်​ခဲ့​တယ်..​အမေ​က​အဖေ့​ပင်စင်​ကို​ရောင်း​ပြီး​သူ​တတ်​တဲ့​အ​လှ​ပြင်​ ပညာ​နဲ့​အ​လှ​ပြင်​ဆိုင်​လေး​ဖွင့်​ပြီး​ကျွန်​တော့်​ကို​ကျောင်း​ဆက်​ထား​ ပေး​ပါ​တယ်..
အဆင်​တော့​မ​ပြေ​ဘူး​ပေါ့​ဗျာ..​ရ​တဲ့​ပိုက်ဆံ​က​အကြွေး​တွေ​ကို​အတိုး​ဖဲ့​ ဆပ်​ရင်း​လူ​လည်း​မ​သေ​ရုံ​ရပ်​တည်​နေ​ရ​တာ​ပေါ့..​ဒီ​လို​နဲ့​ကျွန်တော်​ ဘွဲ့​ရ​တော့​အလုပ်​ရှာ​ရ​တာ​ပေါ့..​အလုပ်​ဆို​တာ​က​ဘွဲ့​တ​ခု​ရ​ရုံ​နဲ့​မ​ ပြီး​ဘူး​လေ..​တခြား​တတ်​သင့်​တဲ့​သင်​တန်း​တွေ​တက်​ရ​ဦး​မှာ​ကိုး..
ခက်​တာ​က​ကိုယ်​တွေ​မှာ​အဲ့​လို​သင်​တန်း​စုံ​တက်​ဖို့​ငွေ​က​မ​ရှိ​တော့​ မြန်မာ​နိုင်ငံ​ထဲ​ကလူ​ငယ်​အများ​စု​လုပ်​နေ​သ​လို​နိုင်ငံ​ခြား​မှာ​သွား​ အလုပ်​လုပ်​ပြီး​ငွေ​ရှာ​မယ်​ဆုံးဖြတ်​ရ​တာ​ပေါ့..​အဲ့​ဒီ​တော့​ဧ​ဂျ​င့်​ တွေ​နဲ့​ဆက်​သွယ်​ရ​တော့​ငွေ​က​လို​လာ​တာ​ပေါ့..​ဂျပန်​မှာ​အလုပ်​သွင်းပေး​ မယ်​ဆို​တဲ့​ဧ​ဂျ​င့်​တွေ့​တော့​ကျွန်တော်​တို့​သားအမိ​ရဲ့​နောက်ဆုံး​ကျည်​ ဆန်​ဒီ​တိုက်ခန်း​လေး​ကို​ပေါင်​ပြီး​ငွေ​ပေးလိုက်​ပါ​တယ်​ဗျာ..
အဲ့​ဒီ​မှာ​အလုပ်​က​တလလ​ည်း​မ​ထူး...​နှစ်​လ​လည်း​မ​သိ​ရ​နဲ့​နောက်ဆုံး​ တော့​ဧ​ဂျ​င့်​လိမ်​ပြေး​သွား​ကြော​င်း​သိ​ရ​ချိန်​မှာ​နှစ်​ရှည်​လ​များ​ စိတ်​ဒုက္ခ​ရင်ဆိုင်​လာ​ရ​တဲ့​အမေ​က​ရုတ်​တရက်​ဦး​ဏှော​က်​သွေးကြော​ပြတ်​ ပြီး​ဆုံး​သွား​တယ်..
ကျွန်​တော့်​မှာ​တွယ်တာ​စရာ​မိဘ​က​လည်း​မ​ရှိ​တော့​ဘူး..​နေ​စရာ​လည်း​မ​ရှိ ​တော့​ဘူး..​ဒီ​တိုက်ခန်း​ကို​ကျွန်တော်​ပြန်​မ​ရွေး​နိုင်​ဘူး​လေ..​အလုပ်​ လည်း​မ​ရှိ​တော့​ဘဝ​ကို​အဆုံးသတ်​ပစ်​ဖို့​စိတ်ကူး​မိ​တာ​ပါ​ဘဲ​ဗျာ..
-
ဟင်..​ရှ​င့်​တိုက်ခန်း​ကို​အ​ပြတ်​ရောင်း​လိုက်​လေ.​ငွေ​နည်း​နည်း​တော့​ ထွက်​လာ​မှာ​ပေါ့..​အလုပ်​ကတော့​မ​ရွေး​ဘဲအ​ခု​ရပ်​တည်​နိုင်​ဖို့​ဘာ​ဖြစ်​ ဖြစ်​လုပ်​မယ်​ဆို​တဲ့​စိတ်ထား​လိုက်​ရင်​အလုပ်​တ​ခု​တော့​ရ​မှာ​ပါ..​ရှင်​ ကား​မောင်း​တတ်​မယ်​ဆို​ရင်​ကျွန်မ​စာ​သင်​တဲ့​အိမ်​မှာ​ကား​ဒ​ရိုင်​ဘာ​လို ​နေ​တယ်..​နေ​စရာ​နဲ့​စားစရာ​တော့​ရ​မှာ​ပေါ့..
ဒီ​လို​နဲ့​ဘဲ​ဘဝ​ကို​ပြန်​စကြ​ည့်​ကြ​တာ​ပေါ့​ရှင်..​သေမင်း​ကလက်​မ​ခံ​ တော့​လည်း​လူအ​သစ်​ပြန်​လုပ်​ကြ​တာ​ပေါ့..​ရှင်​ဒ​ရိုင်​ဘာ​လုပ်​မယ်​ဆို​ ရင်​ကျွန်မ​ဖုန်း​ကို​ဆက်​လိုက်..​ကျွန်မ​ပြော​ပေး​မယ်..
ဟိုမှာ​ကြည့်​စမ်း..​အာရုဏ်​လာ​နေ​ပြီ..​ကျွန်မ​တို့​ဒီ​မနက်​ရဲ့​နေထွက်​တာ ​ကို​မ​မြင်​ရ​တော့​ဘူး​ထင်​ထား​တာ..​အခု​တော့​မြင်​နေ​ရ​ပြီ..​ဘဝ​ဆို​တာ​အ ​မြဲ​တမ်း​အ​မှောင်​မ​ဖုံး​နေ​ဘဲ​နေထွက်​တဲ့​မနက်​ခင်း​အသစ်​တွေ​ရှိ​နေ​ဦး​ မယ်​ဆို​တာ​ကျွန်မ​တို့​သိ​ခွင့်​ရ​ခဲ့​ပြီ..
ကဲ..​ကျွန်မ​ပြန်​မယ်..​ကျွန်မ​ဖုန်း​နံပါတ်​ကိုရှင်​မှတ်ထား​လိုက်...​၀​ ၉-----------...စကားမ​စပ် ဘဝ​ဆို​တာ​ရည်​မှန်း​ချက်​ပျောက်​သွား​ပေ​မယ့်​ဒုတိယ​အခွင့်အရေး​တွေ​လာ​ နိုင်​သေး​တယ်​ဆို​တာ​သိ​လိုက်​ရ​လို့​ကျေးဇူးတင်​ပါ​တယ်..
-
ကျွန်တော်​သူ​ထွက်​သွား​တာ​ကို​ငေး​ကြည့်​နေ​မိ​သည်..​သူ​ပြော​သွား​သ​လို​ ဘဝ​ဆို​တာ​ဒုတိယ​မြောက်​အခွင့်အရေး​တွေ​လာ​နိုင်​သေး​တာ​ဘဲ​လေ..​အခု​မှ​ ကျွန်​တော့်​စိတ်​သောက​တွေ​လျော့ပါး​သွား​သည်..​အ​မြဲ​တမ်း​တော့​အ​ဆိုး​တွေ ​ဘဲ​မ​ရှိ​နိုင်​ပါ​ဘူး..​အ​ဆိုး​ထဲ​က​အကောင်း​တ​ခု​ခု​တော့​ကျွန်တော်​တို့ ​ရှာ​နိုင်​ရင်​တွေ့​နေ​ရ​ဦး​မှာ​ဘဲ​ဖြစ်​ပါ​သည်..
----------------------------------By KK
 — with Nu Nu Aung, Myanmar ThuyaeKaung, H Lwin Oo and 17 others.

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...