----------------------
-
ကျွန်မကဓါတ်ပုံရိုက်တာဝါသနာပါတယ်လေ..ဒီကင်မရာလေးကကျွန်မအတွက်ဖေဖေ့ရဲ့မွေးနေ့လက်ဆောင်ပေါ့..
-
သူများတွေကအခုဆိုဖုန်းနဲ့အလွယ်တကူဓါတ်ပုံရိုက်ကြတယ်..မင်းကဘာလို့ကင်မရာသုံးတာလဲ..
-
ကျွန်မကကိုယ်ရိုက်ထားတဲ့ဓါတ်ပုံလေးတွေကိုပြန်ကြည့်ရတာဝါသနာ ပါတယ်..ဓါတ်ပုံဆိုတာလောကမှတ်တမ်းတခုဘဲ..ကျွန်မတို့အသက်ကြီးလာ တဲ့အခါငယ်ရွယ်နုနယ်စဉ်ကပုံရိပ်တွေကိုအပြင်မှာပြန်မရပေမယ့် ဓါတ်ပုံတွေထဲမှာပြန်ရနိုင်တယ်..
အလွန်လှပတဲ့အခိုက်အတန့်တွေ၊သဘာဝတရားတွေ၊ရှုခင်းတွေ၊တခါပြန်မရ နိုင်တဲ့အချိန်အခါတွေကိုဓါတ်ပုံထဲမှာသိမ်းဆည်းထားနိုင်တယ်..
ကုန်သွားတဲ့အချိန်တွေကိုပြန်မရတော့ပေမယ့်အဲ့ဒီအချိန်တွေနဲ့ အတူကျန်ရစ်ခဲ့တဲ့နုပျိုမှုတွေ..ပျော်ရွှင်ကြည်နူးမှုတွေ.. ဝမ်းနည်းကြေကွဲမှုတွေ..ဘယ်တော့မှပြန်မဆုံတော့တဲ့သူတွေကိုဒီ ဓါတ်ပုံတွေထဲမှာပြန်တွေ့နိုင်တယ်..
အရာရာဟာအချိန်နဲ့အမျှပြောင်းလဲနေတယ်..အစရှိရင်အဆုံးရှိမယ်.. ဖြစ်တည်ပြီးရင်ပျက်စီးမယ်..ဖျက်ဆီးခံရမယ်..အချိန်တွေကို ရပ်တန့်လို့မရပေမယ့်ကိုယ်ရပ်တန့်စေချင်တဲ့အချိန်အခါလေးတွေ ကိုဓါတ်ပုံနဲ့မှတ်တမ်းတင်ထားရင်ပြန်ကြည့်တိုင်းအဲ့ဒီအချိန် ကိုပြန်ခံစားကြည့်လို့ရတယ်..
အပြင်လောကမှာအချိန်နဲ့တကွပျောက်ဆုံးသွားတဲ့ချစ်ခြင်းနဲ့ပျော် ရွှင်နုပျိုခြင်းတွေကိုဓါတ်ပုံထဲမှာသိမ်းဆည်းထားလို့ရတယ်.. ကျွန်မတို့နှစ်ယောက်မနက်ဖြန်နေထွက်တာကိုမမြင်ရတော့ပေမယ့် ကျွန်မတို့အသက်ရှင်နေတဲ့အခိုက်အတန့်ကိုဒီဓါတ်ပုံတွေထဲမှာထဲ့ ခဲ့နိုင်တယ်..
သေမင်းရဲ့တံခါးကိုကျွန်မတို့ဘယ်လိုသွားခေါက်ခဲ့တယ်ဆိုတာလူ တွေမြင်နိုင်တယ်..ဟိုးအရင်ကကျွန်မရိုက်ခဲ့တဲ့ဓါတ်ပုံတွေက သိပ်လှတယ်..ပန်းပွင့်တွေ..ရှုခင်းတွေ..လူနေမှုပုံစံတွေ..ဘာ ကြောင့်လဲဆိုတော့ကျွန်မစိတ်ကတက်ကြွနေတယ်..မြင်ရတဲ့မြင်ကွင်း တွေတိုင်းထဲကလောကရဲ့အလှအပတွေ..သဘာဝတရားတွေကိုခံစားနေလို့ ရတယ်..အလှဆုံးအချိန်တွေကိုကျွန်မရဲ့ပျော်ရွှင်မှုအတွက် မှတ်တမ်းတင်ခဲ့တယ်..အခုတော့ကြေကွဲဝမ်းနည်းစရာအချိန်တွေရဲ့ အဆုံးသတ်မှတ်တမ်းပေါ့..
-
ကျွန်တော်လည်းဓါတ်ပုံရိုက်ဖူးတယ်..မင်းလိုတော့မစဉ်းစားနေခဲ့ဖူးဘူး..
-
အင်း..လူတွေကပျော်နေချိန်မှာအလွယ်တကူဓါတ်ပုံရိုက်ခဲ့ကြ တယ်..အလှဆုံးပုံတွေကိုသိမ်းထားကြပြီးမလှတဲ့ပုံတွေကိုဖျက် ပစ်ကြတယ်..တကယ်တော့ဘဝဆိုတာခဲဖျက်သုံးလို့ရတဲ့စာမျက်နှာ မဟုတ်ဘူး..မလှပတဲ့အချိန်တွေကိုလည်းသိမ်းဆည်းထားသင့်တယ်.. အချိန်တွေတနှစ်ပြီးတနှစ်ကုန်သွားတာနဲ့အမျှအလှဆုံးအချိန်တွေ ရော..မလှပတဲ့အချိန်တွေရောထားခဲ့ကြရတယ်..ဒါပေမယ့်ဓါတ်ပုံ တွေကိုပြန်ကြည့်ရင်တော့ကုန်ဆုံးသွားတဲ့အချိန်တွေကိုခဏပြန် ငှားလို့ရတာပေါ့..
-
မင်းကစိတ်ဝင်စားဖို့ကောင်းတယ်..ကျွန်တော်တို့သေဖို့အချိန်ကိုတူ တူစောင့်နေရင်းနဲ့မင်းစိတ်ထဲကပြောချင်မယ်ဆိုရင်မင်း အကြောင်းကျွန်တော့်ကိုပြောပြနိုင်မလား..မင်းဘာကြောင့်ဒီလိုသေ ခြင်းရဲ့တံခါးကိုလာခေါက်ပြီးတမလွန်ကိုရွေးချယ်ခဲ့တယ်ဆိုတာ ကျွန်တော့်ကိုပြောပြနိုင်မယ်ဆိုရင်ပြောပြပါလား..
-
အင်း...ပြောပြနိုင်ပါတယ်..ရှင်ကရောဘာလို့သေချင်နေတာလဲဆိုတာ ကိုကျွန်မကိုပြန်ပြောပြနိုင်မလား..ရှင်အနေနဲ့ပြောချင်တယ်ဆို ရင်ပေါ့..
-
ကျွန်တော်လည်းပြောပြနိုင်ပါတယ်..ဒါပေမယ့်မင်းအရင်ပြောပြတာကိုနားထောင်ချင်တယ်..
-
ကျွန်မတို့ခုထိတယောက်ကိုတယောက်မသိကြသေးဘူးနော်..အတူတူသေ ဖို့လုပ်နေကြတဲ့သူချင်းနာမည်လေးတောင်မသိကြဘဲတူတူသေသွားကြ မယ်ဆိုရယ်စရာကြီး...
-
ဟုတ်ပါ့ဗျာ..အဲ့ဒါကိုကျွန်တော်တို့မေ့နေကြတယ်..လူတွေက ကျွန်တော်တို့နှစ်ယောက်ကိုတူတူတွေ့ရင်ထင်ကြေးတွေအမျိုးမျိုး ပေးကြမှာဘဲ...သေချာတာအဲ့ဒီထင်ကြေးတွေထဲမှာကျွန်တော်တို့နှစ် ယောက်တယောက်နာမည်တောင်တယောက်မသိတဲ့သူစိမ်းတွေဆိုတာတော့ဘယ် သူမှထင်မှာမဟုတ်ဘူး..
-
ဟုတ်တယ်နော်..ကျွန်မတို့နှစ်ယောက်ကိုအချစ်အတွက်သတ်သေကြသူများ လို့ထင်ကြမှာ..လူငယ်တွေအတွက်တော့အချစ်သူရဲကောင်းတွေပေါ့..လူ ရွယ်ပိုင်းတွေကျတော့ရုးပါ့ကွာလို့ပြောမှာ..လူကြီးတွေကမိုက် လိုက်တာလို့ဝေဖန်ပြီးသက်ကြီးရွယ်အိုတွေကငယ်ငယ်လေးတွေနှမြော စရာလို့တွေးမယ်..မိန်းမကြီးငယ်တော်တော်များများကသနားလိုက်တာ လို့မြိန်ရေရှက်ရေအချင်းချင်းပြောကြမယ်..
ရဲတွေကသူတို့ကိုအလုပ်ရှုပ်အောင်လုပ်တယ်ဆိုပြီးမေတ္တာပို့ မယ်..တချို့ကလည်းအားမနာလျှာမကျိုးအမနာပါနပြောကြမယ်.. အင်း..မသေခင်သေပြီးနောက်ကိုစဉ်းစားရတာအရသာတမျိုးဘဲ..ကိုယ်မ မြင်ရတော့မယ့်အချိန်တွေကိုစိတ်ကူးနဲ့ဓါတ်ပုံရိုက်ကြည့်ရသလို ဘဲ..
-
ဟုတ်တယ်ဗျ...ကျွန်တော်လည်းထူးဆန်းတဲ့အတွေးသစ်တွေပေါ်လာတယ်..သေ ပြီးနောက်ကျွန်တော်တို့တကယ်ဘာမှမသိတော့ဘူးလား..ဇာတိတခုတကယ် ပြန်စမှာလား..ဘာမှကိုမှန်းမရဘူးဗျ..အခုကျွန်တော်သေချာသိလာ တာလက်ရှိအချိန်ကအရေးအကြီးဆုံးဆိုတာကိုဘဲ..
-
ဟုတ်တယ်..ကျွန်မတို့အတိတ်တွေကိုထားခဲ့ချင်လို့တမလွန်တံခါးဝမှာ ရပ်နေတာ...အနာဂတ်ကိုကျွန်မတို့မှန်းဆလို့မရနိုင်တော့ဘူး.. ကျွန်မတို့နှစ်ယောက်အတွက်လက်ရှိအချိန်လေးဘဲကျန်တော့တယ်..ရှင် ကြောက်နေသလား..
-
ဟင့်အင်း.ကျွန်တော်မကြောက်တော့ဘူး..သေရမှာကိုကျွန်တော်ကြောက် ခဲ့တယ်..အခုကျွန်တော်တခုခုကိုသဘောပေါက်လာသလိုဘဲ..ဘာမှန်း တော့မသိပေမယ့်ကျွန်တော်သေခြင်းကိုမကြောက်တော့ဘူး..
-
အင်း..ကျွန်မလည်းမကြောက်တော့ဘူး..
-
ကဲ..အချိန်သိပ်မကျန်တော့လောက်ဘူးဗျ..မင်းအကြောင်းပြောပြမယ်ဆိုရင်ပြောပြတော့လေ..
-
ဒီလိုရှင့်..ကျွန်မနာမည်ကအိမွန်လင်းတဲ့..
-------------------------------------By KK
ဆက်ရန်

0 comments:
Post a Comment