06:15
Unknown

-------------------------------------------------
ကျွန်တော်အိမွန်လင်းပြောတာကိုနားထောင်နေသည်..သူ့စကားဆုံးသွား
ချိန်မှာအတိတ်ကိုသတိရနေဟန်တူသောမျက်ရည်စများသူ့မျက်ဝန်းမှာ
ခိုတွဲနေတာမြင်လိုက်ရသည်..လက်စသတ်တော့သူလည်းမိုက်မဲသူလေး
ဘဲ..ကျွန်တော်စကားစလိုက်သည်.. - မင်းပြောတော့မမြင်ရသေးတဲ့ကလေးကိုသတ်မိလို့ဆို.. - ကျွန်မကသေချင်နေတာ...အချစ်အတွက်လို့ပြောရင်ရှင်ကတူတူသေဖို့လက်ခံချင်မှလက်ခံမှာလေ.....
06:14
Unknown

----------------------
ကျွန်မဘဝကရိုးရှင်းသည်..ကျွန်မဘဝတသက်သာတွင်ဇင်မောင်မောင်
တယောက်တည်းကိုသာချစ်ခဲ့ပါသည်..သူသည်သာကျွန်မဘ၀၊ကျွန်မ
အချစ်၊ကျွန်မရည်မှန်းချက်ဖြစ်ခဲ့ပါသည်..သူ့ကိုတပ်မတော်အရာရှိ
ဆိုသည့်ဂုဏ်ပုဒ်ကြောင့်ချစ်ခဲ့မိတာလည်းမဟုတ်...သူတခုခုဖြစ်
မှာစိတ်ပူရလွန်းလို့ကျွန်မတို့လက်ထပ်ပြီးလျှင်သူ့ကိုနေရာ
ကောင်းတခုခုသို့ပြောင်းရွှေ့ပေးဖို့ကျွန်မစာသင်ပေးနေသည့်ကလေး
မိဘတွေကိုတောင်အကူအညီတောင်းထားမိသေးသည်..ကလေးမိဘများကစစ်ရာထူးခန့်ချုပ်ရုံးမှာဖြစ်နေတာကြောင့်အကူအညီတောင်းမိခြင်းပါ.....
06:13
Unknown

----------------------
ကျွန်မအကြိမ်ကြိမ်စဉ်းစားပြီးဘဝချင်းတူမျှသူမို့ဘဝတခုကိုနှစ်
ယောက်တူတူရုန်းကန်တည်ဆောက်နိုင်ကောင်းပါရဲ့လို့တွေးမိသလို
သူ့အပေါ်တဖြည်းဖြည်းတွယ်ငြိလာသောချစ်ခြင်းသံယောဇဉ်ကြောင့်ဇင်
မောင်မောင့်အချစ်ကိုလက်ခံခဲ့သည်..နှစ်ယောက်လုံးကမပြည့်စုံသူ
တွေဆိုပေမယ့်ကျွန်မဝင်ငွေကတလနှစ်သိန်းကျော်ရနေသလိုသူ့လစာ
လေးလည်းရှိတယ်ဆိုတော့နှစ်ဘက်မိဘကိုတတ်နိုင်သမျှထောက်ပံ့ပြီး
ဘဝတခုစမယ်လို့ကျွန်မရည္ရွယ်ခဲ့မိပါသည်.....
06:12
Unknown

----------------------
ဖေဖေမရှိတော့သည့်နောက်ပိုင်းကျွန်မတို့သားအမိနှစ်ယောက်တည်းသာ
ကျွန်မတို့ကမ္ဘာဖြစ်သည်..အိမ်၏ဝင်ငွေသည်ကျွန်မစာပြသည့်ဝင်ငွေ
တခုတည်းအပေါ်မှီခိုနေသည်..ကျွန်မသွားလေရာမိခင်ကြီးက
လိုက်ပို့လိုက်ကြိုပေးသည်..ကျွန်မ၏စာအသင်အပြကောင်းမှုကြောင့်
နာမည်အတော်ရလာပြီးဂိုက်အလုပ်ကလက်မလည်အောင်ဖြစ်လာတာကြောင့်
ကျွန်မမူကြိုဆရာမလေးအလုပ်ကထွက်လိုက်သည်..နေ့လည်ပိုင်းတွင်
တော့ကျောင်းသားများကျောင်းတက်ခ်ိန်ဖြစ်တာကြောင့်ကျွန်မအားလပ်ချိန်ခဏရပါသည်.....
06:11
Unknown

----------------------
ကျွန်မတို့မိသားစုလေးသည်သာမန်ဝန်ထမ်းမိသားစုလေးသာဖြစ်သည်..
ဖေဖေ့လစာပေါ်တွင်မှီခိုနေရင်းမေမေကလည်းအိမ်မှာတနိုင်လုပ်
လို့ရတာလေးတွေအပိုဝင်ငွေအတွက်လုပ်သည်..မေမေအသက်၄၀ပြည့်မှ
ကျွန်မကိုမွေးခဲ့တာမို့ဖေဖေရောမေမေရောအချစ်ပိုကြသည်..ကျွန်မ
ကိုမွေးပြီးနောက်ထပ်ကလေးလည်းထပ်မရတော့တာမို့ကျွန်မကတဦး
တည်းသောသမီးဖြစ်ခဲ့သည်..မေမေကကျွန်မကိုအရမ်းချစ်သော်လည်း
စည်းကမ်းကြီးသည်..စိတ်ကြီးသည်.....
06:10
Unknown

---------------------- - ကျွန်မကဓါတ်ပုံရိုက်တာဝါသနာပါတယ်လေ..ဒီကင်မရာလေးကကျွန်မအတွက်ဖေဖေ့ရဲ့မွေးနေ့လက်ဆောင်ပေါ့.. - သူများတွေကအခုဆိုဖုန်းနဲ့အလွယ်တကူဓါတ်ပုံရိုက်ကြတယ်..မင်းကဘာလို့ကင်မရာသုံးတာလဲ.. -
ကျွန်မကကိုယ်ရိုက်ထားတဲ့ဓါတ်ပုံလေးတွေကိုပြန်ကြည့်ရတာဝါသနာ
ပါတယ်..ဓါတ်ပုံဆိုတာလောကမှတ်တမ်းတခုဘဲ..ကျွန်မတို့အသက်ကြီးလာ
တဲ့အခါငယ်ရွယ်နုနယ်စဉ်ကပုံရိပ်တွေကိုအပြင်မှာပြန်မရပေမယ့်
ဓါတ်ပုံတွေထဲမှာပြန်ရနိုင်တယ်..
...
06:09
Unknown

----------------------
ကျွန်တော်သူမမျက်နှာကိုငေးကြည့်နေမိသည်..လှပသောသူမမျက်နှာပေါ်
မှာသေမင်းရဲ့အရိပ်တွေကိုမြင်နေရပြီ..ကျွန်တော်ပြင်ဆင်ပေးထား
သောအလှအပတရားများသည်မွန်းကြပ်မှုနှင့်အတူထွက်ခွာသွားတော့
မည့်တမလွန်ခရီးဆီကိုမလိုက်ပါနိုင်ပါ...သူမမျက်နှာသည်သေခြင်း
တရားကြောင့်အရုပ်ဆိုးအကျည်းတန်နေပြီ...ကျွန်တော့်လက်ကသူမမျက်နှာ
ပေါ်ကပလတ်စတစ်စကိုဆွဲဖြဲပစ်လိုက်သည်...ရုတ်တရက်ရရှိလာသော
လေကိုအငမ်းမရရှုရှိုက်နေသောသူမကိုကြည့်ပြီးကျွန်တော်အော်
ရယ်မိသည်..
...
06:08
Unknown

-------------------------
ကျွန်တော့်အိမ်ရှေ့ခန်းကရှင်းနေသည်..ကျွန်တော်ဘုရားစင်ရှိရာ
ကိုလျှောက်သွားပြီးဘုရားမီးကိုဖွင့်လိုက်သည်..အခန်းကိုလှည့်ပတ်
ကြည့်နေသောမိန်းကလေးကိုပြန်လှည့်ကြည့်ပြီးပြောလိုက်သည်.. -
ကျွန်တော့်ရည်းစားနဲ့မမြင်ရသေးတဲ့ကလေးကိုသတ်လိုက်တယ်ဆိုတာ
ကျွန်တော်ညာပြောတာပါ..ကျွန်တော့်အမေဆုံးသွားတာတနေ့ကရက်လည်
တယ်လေ..ဒါကြောင့်အိမ်ရှေ့ခန်းကရှင်းနေတာပါ....
06:04
Unknown

-----------------------------
ကျွန်တော့်ခြေဖဝါးအောက်အတော်ဝေးဝေးမှာလှမ်းမြင်နေရတဲ့မည်း
ပြောင်သောကားလမ်းမနဲ့လမ်းမီးတိုင်များကိုကျွန်တော်ငုံ့ကြည့်
လိုက်သည်..လေကကျွန်တော့်ဆံပင်တွေကိုတိုးပြီးတိုက်ခတ်နေတာကို
ခံစားနေရသည်..အောက်ဘက်ကမြင်ကွင်းကိုကြည့်ရင်းကျွန်တော့်
ဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ဖို့စိတ်ကိုတင်းနေရသည်...အုတ်
ဘောင်ပေါ်ထောက်ထားသောလက်ကိုဆုပ်ကိုင်ထားရာမှလွှတ်ပြီးကိုယ်
ကိုရှေ့ကိုကြွရုံမျှဖြင့်ကျွန်တော့်စိတ်ဆင်းရဲမှုသောကအားလုံး
အဆုံးသတ်သွားလိမ့်မည်......