သူမအိပ်ယာနိုးတော့ငိုသည်..ကင်းကောင်ကြီးသည်ရုပ်ရှင်ထဲကလောက်တော့မကြီး..သို့သော်လည်းသူမအတွက်တော့အကြီးကြီးသာဖြစ်သည်..သူမငိုတော့ငှက်ပျောသီးတွေကျွေးသည်..သူမငိုသံကြောင့်တခြားကင်းကောင်တွေအများကြီးလာသည်..သူမကိုကြည့်ကြသည်..တို့ကြသည်..သူမဆက်မငိုတော့ဘဲကင်းကောင်တွေကိုလိုက်ကြည့်နေသည်..ပြီးတော့သူမကိုသစ်ပင်ပေါ်ချီသွားကြသည်..သစ်ပင်ပေါ်ကပစ်ချလိုက်တော့ရင်ထဲမှာအေးပြီးသူမကြောက်လန့်တကြားအော်သည်..မြေကြီးပေါ်မကျခင်နောက်ကင်းကောင်ကဖမ်းပြီးအပေါ်ပြန်တက်လိုက်ပြန်ပစ်လိုက်လုပ်နေသည်..
တဖြည်းဖြည်းသူမကြောက်စိတ်ပျောက်ပြီးပျော်လာသည်..သူမနဲ့တူတူကင်းကောင်လေးကိုလည်းပစ်ချကြသည်..ကင်းကောင်လေးကနီးရာနွယ်ကြိုးကိုလှမ်းလှမ်းဆွဲခိုနေတာသူမမြင်တော့သဘောပေါက်သွားသည်..အောက်ကျချိန်မှာနွယ်ကြိုးကိုဆွဲရမည်..စပြီးနွယ်ကြိုးကိုဆွဲကာစမှာသူမလက်သေးသေးလေးကမမြဲဘဲချော်ထွက်ကျသည်..စိတ်တော့ပူစရာမလို..ကင်းကောင်တွေကဆီးဖမ်းသည်..နောက်တော့သူမနွယ်ကြိုးကိုကောင်းစွာဖမ်းတတ်လာသည်..
ကင်းကောင်လေးသည်သူမ၏ဆော့ဖော်ကစားဖက်ဖြစ်သည်..စားဖော်အိပ်ဖက်လည်းဖြစ်သည်..သူမကကင်းကောင်လေးကိုဘွန်းဘွန်းဟုခေါ်သည်..ကင်းကောင်ကြီးကိုတော့ကင်းကောင်ဘဲခေါ်သည်..လူတွေတောထဲမကြာခဏလာပြီးဟိုရှာသည်ရှာလုပ်နေတာကြောင့်လေယာဉ်ပျံနဲ့ဒယ်ဒီ့ကိုကင်းကောင်အုပ်ကြီးကကျောက်ဂူကြီးထဲရွှေ့လိုက်ကြသည်..သူမကိုလူတွေကခေါ်သွားမှာကိုကင်းကောင်မကြီးကအလွန်ကြောက်သည်..လူတွေလာရင်တခြားကင်းကောင်များက၀ိုင်းခြောက်လှန့်မောင်းထုတ်နှောက်ယှက်ကြပြီးကင်းကောင်မကြီးကတော့သူမကိုကျောက်ဂူထဲမှာဖွက်ထားသည်..
တခါကဆိုလူတချို့ကျောက်ဂူနဲ့တော်တော်နီးနီးရောက်လာတာမို့ကင်းကောင်ကြီးတွေကိုယ်တိုင်ကျောက်တုံးများနဲ့ပစ်ပေါက်ပြီးမောင်းထုတ်နေတာသူမသစ်ပင်ပေါ်ကမြင်ဖူးသည်..သူမနဲ့ဘွန်းဘွန်းကတော့အသံမထွက်ဘဲသစ်ပင်ပေါ်မှာငြိမ်ငြိမ်ထိုင်ကြည့်နေကြသည်..ကြာလာတော့သူမ၏စကားပြောဖော်သည်ကင်းကောင်များသာ..ကင်းကောင်တွေပြောတာသူမနားလည်လာသလိုလိုက်လည်းပြောတတ်လာသည်..
ကိုကိုပြောသည့်လူစကားကိုပြောသူမရှိတော့သူမမေ့သွားသည်..အခုကိုကိုပြောရင်တချို့တလေသူမနားလည်သည်..ကင်းကောင်မေမေကြီးသေသွားတော့သူနဲ့ဘွန်းဘွန်းတူတူဆက်ကြီးလာခဲ့သည်..ကင်းကောင်မေမေကိုဒယ်ဒီ့ကိုထားတဲ့ကျောက်ဂူထဲမှာထားရင်းအရိုးကျသွားတော့အရေခွံကိုနေလှမ်းပြီးချမ်းရင်သူမ၀တ်သည်..ဘွန်းဘွန်းကကင်းကောင်မေမေအရေခွံဝတ်ထားရင်သဘောကျပြီးပျော်နေတတ်သည်..သူမကဘွန်းဘွန်းလောက်အားမသန်တာမို့သေသွားသည့်တိရိစ္ဆာန်အရေခွံတွေနွှာပီးသားရေကြိုးကျစ်ကာကြာပွတ်လုပ်သည်..
ကြာပွတ်ကသူမ၏လက်နက်..သူမကကိုကိုသွားလေရာတကောက်ကောက်လိုက်ပြောပြနေသည်..ကိုကိုကလေယာဉ်ထဲကသူမတခါမှမကိုင်ခဲ့သောပစ္စည်းတွေကိုလိုက်ကြည့်ပြီးသိမ်းနေသည်..စိတ်ချမ်းသာတာလုပ်ပါစေ..သူမဘ၀တွင်ယခုမှသူမလိုလူသားတယောက်မြင်ဘူးပြီးအတူတူရှိနေတာ..ကိုကိုသူမအနားကပြန်မထွက်သွားဖို့အရေးကြီးသည်..
ကိုကိုကပစ္စည်းသိမ်းပြီးတော့သူမကိုလှည့်ကြည့်သည်..သူမပြောပြနေတာကိုနားထောင်နေရင်းသူမကိုဆွဲပြီးသူမနှုတ်ခမ်းကိုကိုကို့နှုတ်ခမ်းဖြင့်ဖိလိုက်သည်..သူမမျက်လုံးထဲတွင်မီးတွေပွင့်ကုန်သလိုမျိုးခံစားလိုက်ရသည်..ရင်ဘတ်ထဲတွင်တောထဲမှာလေပြင်းတိုက်သလိုတုန်ရီနေသည်..ကိုကို့နှုတ်ခမ်းတွေကနွေးနေသည်..ပြီးတော့ပြောမပြတတ်သည့်ခံစားမှု့...တုန်ရီလှိုက်မောမှု..တလောကလုံးသူမနဲ့ကိုကိုနှစ်ယောက်တည်းဘဲရှိတော့သလိုသူမအရာအားလုံးကိုမေ့သွားသည်..
သူမတို့လောကကြီးကိုမေ့ပေမယ့်ဘွန်းဘွန်းကတော့မမေ့..အနားလာပြီးကိုကို့ကိုတွန်းသည်.ကိုကိုလှည့်ကြည့်တော့ဘွန်းဘွန်းကကိုကို့ရှေ့မှာသူ့နှုတ်ခမ်းကိုစူပေးနေသည်..ကိုကိုရှုံ့မဲ့သွားတာကြည့်ရင်းသူမအော်ရယ်မိသည်..စိတ်တို့ကဘယ်လိုဖြစ်နေသည်မသိ..အလိုလိုရယ်ချင်နေမိသည်..ကိုကိုမလုပ်ပေးတော့သူမဘက်လှည့်လာသောဘွန်းဘွန်းနှုတ်ခမ်းကိုသူမနှုတ်ခမ်းနှင့်ထိပေးလိုက်သည်..ကိုကိုထိတာလိုရင်တွေမခုန်ပေမယ့်ဘွန်းဘွန်းကတော့ကျေနပ်သွားပုံရသည်..
ကိုကိုကတော့အသက်ကိုပြင်းပြင်းရှုထုတ်လိုက်သံကြားလိုက်ရသည်..ကိုကို့ကြည့်ရတာစိတ်မောနေသလိုပင်..ကိုကိုမပျော်ဘူးလား..ကိုကိုကသူမကိုပြုံးပြလိုက်တာမို့သူမစိတ်သက်သာသွားသည်..ဘွန်းဘွန်းကတော့ကိုကို့ရှေ့ရောက်တိုင်းသူ့နှုတ်ခမ်းတွေစူပေးနေတာကြောင့်ကိုကိုစိတ်ညစ်နေတော့သည်..ဘွန်းဘွန်းလုပ်တော့တခြားကောင်တွေကလည်းကိုကို့ကိုနှုတ်ခမ်းစူပြကြသည်..သူမကတော့ကိုကိုအဲ့လိုလုပ်တာအရမ်းသဘောကျသည်..တကြိမ်တခါမှမခံစားဖူးသေးသောခံစားမှုနဲ့အနမ်း..ရင်ခုန်စွဲမက်လွန်းပါသည်...
-------------------------------------------By KK
ဆက်ရန်

0 comments:
Post a Comment