ရတီပွင့်ကိုကို့ကိုပြောပြချင်တာတွေအများကြီးရှိသည်..ရေချိုးပြီးကိုကိုရတီပွင့်ဆံပင်လေးတွေကိုလက်နဲ့ရှင်းပေးကာနွယ်ကြိုးလေးနဲ့စည်းပေးတော့သူမစိတ်ထဲတစုံတယောက်ကိုသတိရလာသလို..သူမကိုဒီလိုလုပ်ပေးဖူးသူရှိသည်..အခုလိုဘဲသူမဆံပင်တွေကိုကြင်ကြင်နာနာကိုင်တွယ်သူ..စိတ်အာရုံမှာဖြတ်ဆိုမြင်သည်..မှုန်ဝါးဝါးပုံရိပ်တခု..သိပ်တော့မမှတ်မိ..မာမီ...ဟုတ်သည်..မာမီ..
သူမနှုတ်ကမာမီလို့အသံထွက်တော့ကိုကိုကကြည့်သည်..ပြီးတော့မာမီ..မာမီလို့လိုက်ပြောသည်..ကိုကို့ကိုခေါ်သွားမည်..သူမငယ်ငယ်ကတည်းကသွားနေကျနေရာတခု..အဲ့မှာဒယ်ဒီရှိသည်..ကိုကိုသူမဆံပင်တွေဖြတ်ပေးလိုက်တော့နေရတာလွတ်လပ်ပေါ့ပါးသွားသည်..ဒါကြောင့်သူမခေါ်သွားချင်သောနေရာကိုလိုက်ဖို့ကိုကို့လက်ကိုဆွဲပြီးခေါ်နေမိသည်..
ကိုကိုလိုက်လာတော့ဘွန်းဘွန်းနဲ့အတူကျောက်ဂူကြီးဆီလာခဲ့သည်..ဒီကျောက်ဂူထဲတွင်သူမ၏ငယ်စဉ်ဘ၀ရှိသည်..ကိုကိုကတော့တအံ့တသြလိုက်ကြည့်နေတာကြောင့်သူမလိုက်ရှင်းပြနေမိသည်..သူမငယ်စဉ်ကဒီလေယာဉ်ပျံကိုစီးခဲ့သည်..ဒယ်ဒီကလည်လည်သွားမည်ဆိုတော့သူမလိုက်ချင်ကြောင်းပူဆာခဲ့မိသည်..ဒယ်ဒီနဲ့တူတူလေယာဉ်ပျံကြီးစီးလာတော့ပြတင်းပေါက်ကနေအောက်ဘက်ရှုခင်းများကိုမျှော်ကြည့်ပြီးသူမပျော်ရွှင်ခဲ့ဖူးသည်..ပြီးတော့ဒယ်ဒီကသူမကိုခါးပတ်ပတ်ပေးတာသူမမှတ်မိနေသေးသည်..
ထိုအချိန်မှာလူကြီးတယောက်ဒယ်ဒီ့ကိုသေနတ်နဲ့ချိန်သည်..သေနတ်ကိုသူမကောင်းကောင်းသိသည်..သူမကစားစရာတွေထဲမှာလည်းရှိသည်လေ..ဒီသေနတ်ကတော့နည်းနည်းပိုကြီးတာပေါ့..သူမဦးဦးဟုခေါ်သော၊သူမကိုအမြဲချီပွေ့တတ်သောဦးဦးနဲ့တခြားလူကြီးတယောက်ရန်ဖြစ်ကြပြီးအသံအကျယ်ကြီးထွက်လာတာသူမကြားလိုက်ရသည်..ပြီးတော့လေယာဉ်ထဲမှာသူမတို့ချာလပတ်လည်နေသည်...ဒယ်ဒီကသူမကိုအတင်းဖက်ထားတာမို့သူမဘာကိုမှမမြင်ရပါ..
နောက်တော့အရာအားလုံးပြန်ငြိမ်သွားသည်..ဒယ်ဒီကသူမခါးပတ်ကိုဖြုတ်ပေးနေသည်..သူမမော့ကြည့်တော့ဒယ်ဒီ့ခေါင်းမှာရောကျောမှာပါနာနာအကြီးကြီးတွေနဲ့သွေးတွေထွက်နေတာတွေ့ရသည်..သူမဆော့ရင်းရသောနာနာတွေထက်အများကြီးကြီးသည်..မာမီသိလျှင်အဆူခံရမည်..ပြီးတော့စပ်တဲ့ဆေးတွေထဲ့ပေးလိမ့်မည်..လေနဲ့တဖူးဖူးမှုတ်ပေးလိမ့်မည်..
ဒယ်ဒီကသူမကိုချီပြီးအောက်ကိုတံခါးဖွင့်ဆင်းသည်..ဒယ်ဒီ့ခြေထောက်တွေကမခိုင်..ခဏခဏလဲကျနေသည်..နောက်တော့ဒယ်ဒီသစ်ပင်တပင်အောက်မှာထိုင်ချလိုက်သည်..သူမဒယ်ဒီ့ဘေးမှာကပ်ထိုင်ပြီးဒယ်ဒီ့ကိုကြည့်နေသည်..ဒယ်ဒီကသူမကိုကြည့်ပြီးငိုတော့သူမလည်းလိုက်ငိုသည်..ဒယ်ဒီကသူမကိုအထုတ်တခုပေးသည်..သိမ်းထား..မာမီ့ကိုဘဲပေးနော်..သူများကိုမပေးရဘူးလို့ပြောသည်..ပြီးတော့ဒယ်ဒီအိပ်ပျော်သွားတော့သည်...
သူမအနားကပန်းလေးတွေခူးပြီးဆော့နေရင်းဗိုက်ဆာလာသည်..ဒယ်ဒီ..မီးမီးဆာတယ်လို့နှိုးတော့ဒယ်ဒီထမလာပါ..ဒယ်ဒီအကြာကြီးအိပ်နေတော့သူမဆာလို့အော်ငိုတော့သည်..သူမအကျယ်ကြီးငိုနေပေမယ့်ဒယ်ဒီကတော့မထလာပါ..သူမမောလာတော့ဒယ်ဒီ့ကိုဖက်ပြီးအိပ်ပျော်သွားသည်..နိုးလာတော့မှောင်နေပြီ..သူမကြောက်လည်းကြောက်ပြီးဆာလည်းအရမ်းဆာနေပေမယ့်ဒယ်ဒီကတော့အိပ်ပျော်နေဆဲ..
ဆာလွန်းလို့သူမငိုနေမိသည်..သစ်ပင်တွေကြားထဲကမျက်လုံးစိမ်းစိမ်းကြီးတွေသူမကိုကြည့်နေတာမြင်တော့သူမကြောက်လွန်းလို့တကိုယ်လုံးတဆတ်ဆတ်တုန်လာသည်..ဒါအိမ်မှာအလုပ်လုပ်သောအန်တီကြီးပြောပြတဲ့ပုံပြင်ထဲကသရဲကြီးတွေလား..စနိုးဝှိုက်လေးတောထဲရောက်တဲ့ပုံပြင်စာအုပ်မှာလည်းဒီလိုမျက်လုံးပုံတွေပါသည်..ဒါဆိုစနိုးဝှိုက်ပုံပြင်ထဲကလူပုလေးတွေရောက်လာမှာလား..ကြောက်လွန်းလို့ဒယ်ဒီ့ရင်ခွင်ထဲတိုးနေပေမယ့်ဒယ်ဒီကသူမကိုဖက်မထားပေးပါ..
အနားမှာတစုံတယောက်လာရပ်တာမြင်တော့သူမမော့ကြည့်သည်..သူမကြည့်ဖူးတဲ့ရုပ်ရှင်ထဲကကင်းကောင်ကြီးသူမကိုငုံ့ကြည့်နေသည်..ကင်းကောင်ကြီးရင်ဘတ်မှာတော့ကင်းကောင်လေးတကောင်...ကင်းကောင်ကြီး၏လက်တွေကသူမကိုလာထိတာမို့သူမကြောက်လန့်တကြားအော်လိုက်သည်..ကင်းကောင်ကြီးကလက်တို့ပြန်ရုတ်ပြီးဒယ်ဒီ့ကိုသွားတို့ပြန်သည်..နှာခေါင်းကိုရှုံ့ပွရှုံ့ပွလုပ်ရင်းအနံ့ခံသည်..ပြီးတော့သူမကိုဆွဲယူပြီးဖက်ထားသည်..ကင်းကောင်ကြီး၏ကိုယ်ကဒယ်ဒီ့ကိုယ်လိုအေးမနေဘဲနွေးနွေးလေး..
ကင်းကောင်ကြီးကသူမကိုချီပြီးခေါ်လာသည်..အသီးတွေကျွေးသည်..ဗိုက်ဝတော့ကင်းကောင်ကြီး၏ရင်ဘတ်ပေါ်တွင်သူမအိပ်ပျော်သွားတော့သည်..အိပ်မက်ထဲမှာမာမီကသူမကိုချီပြီးချော့သိပ်နေသည်..မာမီ့ကိုအိပ်မက်မိတာထိုအကြိမ်နောက်ဆုံးဖြစ်ခဲ့သည်...
--------------------------------By KK
ဆက်ရန်

0 comments:
Post a Comment