Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Tuesday, 9 September 2014

ရေဆန်ပန်းများပွင့်ပါစေ...(၂)



မနက်မိုးစင်စင်လင်းတော့ပန်းကြာငုံလည်းကလေးလေးကိုခြင်းတောင်းလေးထဲထဲ့..ဘေးအိမ်များကိုပြပြီးတိုင်ပင်ကြည့်ပါတော့တယ်..လောလောဆယ်တော့ရပ်ကွက်ထဲကသားသည်မိခင်တစ်ဦးအကူအညီနဲ့ကိုယ်တော်ချောလေးကနို့ဝပြီးအိပ်ပျော်နေလေပြီ..အားလုံးကတညီတညွတ်တည်းတိုက်တွန်းကြသည်ကတော့မိဘမဲ့ဂေဟာကိုပို့လိုက်ဖို့..ဒီလိုဆိုတော့လည်းကလေးလေးကိုကြည့်ပြီးပန်းကြာငုံစိတ်မကောင်း..ဘယ်လိုလုပ်ရမလဲ...သူမကလည်းတယောက်တည်းနေသူလေ..လောလောဆယ်တော့ရှိတဲ့ပိုက်ဆံလေးနဲ့နို့ဘူး၊နို့မှုန့်၊အနှီး၊ကလေးအကျီ င်္၊ကလေးပေါင်ဒါမှုန့်လေးတွေရပ်ကွက်ဈေးမှာပြေးဝယ်လိုက်သည်..မိဘမဲ့ဂေဟာမှာသူကလေးအဆင်ပြေပါ့မလား..သနားလှသည်..ပန်းကြာငုံအိပ်ပျော်နေသောကလေးလက်ကလေးကိုကိုင်ကြည့်သည်..လက်သေးသေးလေးကပန်းကြာငုံရဲ့လက်ချောင်းလေးကိုဆုပ်ကိုင်လာသည်..မဖြုတ်ချရက်ပါ..သူမဆုံးဖြတ်လိုက်သည်..ရအောင်မွေးစားတော့မည်..ဘေးအိမ်များကိုအကူအညီတောင်းသည်...သူမအတွက်အဖော်မိန်းကလေးအကူတယောက်ရှာပေးဖို့..

အကူမိန်းကလေးမရခင်တပတ်လောက်တော့အတော်ကသီလင်တနိုင်ပါသည်..ညနေစောင်းသီချင်းဆိုရန်ဆိုင်သွားချိန်ဆိုမျက်နှာငယ်စွာဘေးအိမ်တွေကိုအကူအညီတောင်းရသည်..သားသားလေးကိုကြည့်ပေးဖို့..လူတွေကပန်းကြာငုံကိုကိုယ့်ဒုက္ခကိုယ်ရှာသောကလေးမဟုပြောကြသည်..မမှုပါ..ဘယ်သူဘာပြောပြောသားသားလေးအပြုံးတချက်မြင်စဉ်ပင်ပန်းသမျှလွင့်စဉ်သွားသည်..တပတ်လောက်အကြာမှာတော့စောနုဆိုသောကောင်မလေးတယောက်ရသည်...အခုတော့လည်းအိမ်ကလေးကစိုပြေလှသည်..တနေကုန်သားသားလေးနဲ့အချစ်နာလန်ထ..ညနေရောက်တော့အလုပ်သွား..အိမ်ကိုကြောင့်ကြစရာမလိုတော့..ရသမျှဘောက်ဆူးလေးတွေကျစ်ကျစ်ပါအောင်စု..ချွေတာလည်းစားပေါ့..

သားလေးကောက်ရသည့်နေ့ကိုဘဲသားလေးမွေးနေ့လုပ်လိုက်ကာရဲရင့်သွေးလို့နာမည်ပေးလိုက်သည်..အင်မတန်ရဲရင့်စွာဆုံးဖြတ်မွေးမြူခဲ့ရတာဘဲမဟုတ်လား..အပြင်ကပြန်လာတာနဲ့အပြေးအလွှားသားလေးနားကပ်ကာ"တီတီပြန်လာပြီသားလေးရေ"လို့ပြောလိုက်ရတာကိုကစိတ်ထဲအလွန်ကြည်နူးကျေနပ်မိသည်..သားလေးဂုဏ်မငယ်စေဖို့အလုပ်ထွက်လိုက်သည်..စုထားသည့်ပိုက်ဆံလေးနှင့်အိမ်ရှေ့တွင်ရပ်ကွက်ကုန်စုံဆိုင်လေးဖွင့်လိုက်သည်..သားလေးကကံကောင်းခြင်းတွေယူဆောင်ပေးလာသူလေးပါ..ဆိုင်လေးကရောင်းကောင်းပါသည်..တဖြည်းဖြည်းသားလေးကလေးဘက်တွားရာကမတ်တပ်စမ်းလာပြီ..ဆိုင်လေးကလည်းရောင်းအားတွေတဖြည်းဖြည်းတက်လာလိုက်တာဆိုင်ကိုအိမ်ရှေ့ခြံဝင်းအပြည့်ကိုချဲ့လာရသည်..အလုပ်သမားလည်းထပ်ခေါ်ရသည်..အန်းလီကအစရှမ်းပြည်ကခေါပုတ်လောက်အထိကိုကုန်မျိုးစုံအောင်တင်ဖြစ်သည်..

သားလေးကလည်းတကယ့်လာဘ်ကောင်လေး..သားလေးရောက်လာမှပန်းကြာငုံဘ၀တနှစ်အတွင်းလျှင်မြန်စွာပြောင်းလဲတိုးတက်လာသည်လေ..သားလေးစကားစပြောတတ်ကာစ...သားလေးမြှူနေရင်းသားလေးက"မေ..ချီး"လို့အသံထွက်လာသည်..
-
မေ..ချီး
-
ဟယ်..စကားစပြောတတ်လာပြီတော့..စောနုရေ..လာကြည့်စမ်းဟယ်..သားလေးစကားပြောနေပြီ..
-
ထိုနေ့ကစလို့သားလေးကမေချီးလို့ခေါ်တော့သည်..တီတီဟုခေါ်ခိုင်းသော်လည်းမခေါ်..သူမလည်းအထူးတလည်မသင်တော့ပါ..သားလေးမေချီးခေါ်သံမှာနှလုံးပီတိဂွမ်းဆီထိမိနေတာကိုး..ဒီလိုနဲ့သားလေးလည်းနှစ်နှစ်မပြည့်တပြည့်အချိန်ရောက်လာတော့သည်...
-------------By KK
ဆက်ရန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...