-
ကားအားလားခင်ဗျ
-
“ဟုတ်ကဲ့...”
-
“ဟင် မိုးမြင့်သဇင် ”
-
“အော် ကိုမိုးတိမ်ထက် ”
-
“ခင်ဗျားက Taxi မောင်းနေတာလား ”
-
“အင်းလေ ဘာဖြစ်လို့လဲ ..”
-
“အော် ဘာမှမဖြစ်ပါဘူး ကျွန်တော့်ကို မင်္ဂလာဒုံက ( မိုးကောင်းကင် ဆောက်လုပ်ရေးကို) ပို့ပေးပါ ”
-
ဟမ်..ဘယ်ကို..ဘယ်ကို..ပြန်ပြောပါဦး..
-
“မိုးကောင်းကင် ဆောက်လုပ်ရေးလေ ...”
-
“အယ် ဂိတာဘဲ.......”
-
“ဘာဖြစ်လို့ ဂိတာလဲ ....”
-
“အခြားကားငှားဟာ.......”
-
“နင်ကလဲ ဘာဖြစ်လို့လဲ ..”
-
မိုးမြင့်သဇင် ခေါင်းကို တစ်ဗျင်းဗျင်းကုတ်ကာ အခက်တွေ့နေပါတယ်။. မိုးကောင်းကင်
ဆောက်လုပ်ရေးသွားရင် ဒယ်ဒီမတော်တဆတွေ့သွားနိုင်သည်..ခုလိုပုံစံနဲ့ဒယ်ဒီ့ကိုမတွေ့စေချင်ပါ..အင်း ဒယ်ဒီဘယ်လိုနေလဲတော့ သွားကြည့်ချင်တယ်..စိတ်တို့ကမရေမရာတွေဝေစွာ..သိချင်တွေ့ချင်စိတ်လေးကလည်းရင်ထဲမှာတားမရဆီးမရပေါ်လာသည်..
-
“အေးဟာတက် ....”
-
ကားမောင်းနေရင်းနဲ့စပ်စုချင်စိတ်ပေါ်လာသည်..
-
“ဟဲ့ နင်က အဲ့ကိုဘာသွားလုပ်မှာလဲ ”
-
'ငါကအဲ့မှာအလုပ်လုပ်တာလေ"
-
"ဟင်..ဟုတ်လား..နင်ကဘာလုပ်တာလဲ"
-
“နေ့စားလေ..”
-
“ဟင်နင်က ... နေ့စားသမားကလဲ အငှားကားနဲ့သွားတယ် အဆင်တော့ပြေတော့မှာဘဲ ”
-
“နောက်ကျနေလို့ပါဟာ.”
.........
ကားကိုကွေ့လိုက်တယ် အဝေးကမြင်နိုင်ပါသည်ဆိုသလို ဒယ်ဒီ ဗိုက်ပူကြီးကိုလှမ်းမြင်နေရတယ်..
သမီးအိမ်က ဆင်းသွားလို့ ဖြစ်မယ် စိတ်မကောင်းတာနဲ့ ပိုဝလာတာလဲဖြစ်မယ်။
ရပါတယ်ဒယ်ဒီရယ်။ သမီးခြေထောက်ပေါ်သမီးရပ်ပြမယ်။ မလိုအပ်ဘဲ မျက်ရည်တွေ
ပြည့်လျှံလာတာကို လက်ဖမိုးနဲ့ သုတ်လိုက်ပါတယ် ။ မိုးတိမ်ထက်ကတော့
ပိုက်ဆံလေးနှစ်ထောင်တင်ကာ ကားပေါ်ကဆင်းသွားပါတယ်။ဒယ်ဒီလှမ်းမမြင်အောင်ခေါင်းကိုခပ်ငိုက်ငိုက်ထားပြီးကားကိုဘက်ဆုတ်ထွက်ဖို့ပြင်လိုက်သည်..
မိုးတိမ်ထက်ကားပေါ်ကဆင်းသွားတော့ ဒက်ဒီက
-
“မောင် မိုးတိမ်ထက် ”
-
လှမ်းပြီးလက်ယပ်တောင်ခေါ်နေသေးတယ် ။ပြီးတော့ ပုခုံးဖက်ကာ ဆိုက်ထဲဝင်သွားပါသည်။ဟင် ဒက်ဒီက ဘယ်တုန်းက နေ့စားတွေကိုပုခုံးဖက်လို့လဲ. အတွေးကိုဖြတ်ကာ ကားကိုမောင်းထွက်လာခဲ့သည်..တနေကုန်ကားမောင်းနေရပေမယ့်စိတ်ကမပါတော့..ဒယ်ဒီ့ကိုမြင်တော့မာမီ့ကိုလည်းလွမ်းလာသည်..မပင်မပန်းပိုးလိုဥထားသောမိဘကျေးဇူးကိုပြန်သတိရမိသည်..ခုနေမာမီသူမကိုသတိရနေမလား..ဘာလို့သူမရှိရာကိုမစုံစမ်းကြသလဲ..ဘာလို့လိုက်မရှာတာလဲ..တစ်ဦးတည်းသောသမီးလေးအပေါ်စိတ်ကုန်သွားတာလား..မချစ်တော့ဘူးလား..မပျော်ရွှင်သောအတွေးများစွာကြောင့်တနေကုန်စိတ်လက်မကြည်သာခဲ့..အိမ်သို့စောစီးစွာပြန်လာခဲ့ပြီးတံခါးပိတ်ကာခွေအိပ်နေမိသည်..
မိုးတိမ်ထက်ပြန်လာတော့ဟိုဘက်ခန်းကကောင်မလေးအခန်းတံခါးကိုလှမ်းကြည့်မိသည်..သော့ကိုမတွေ့..ဒါဆိုပြန်ရောက်လောက်ပြီ..မိုးချုပ်သည်အထိတံခါးမပွင့်လာတော့စိတ်ပူမိလာသည်..အော်..ငါ့နှယ်..ဘယ်လိုဖြစ်နေပါလိမ့်..သူ့ဖာသာနေပါစေလား..ဟုတွေးလိုက်သော်လည်းစိတ်ကပူနေမိတုန်း..နောက်ဆုံးမနေနိုင်သူမို့တံခါးကိုအသာသွားခေါက်လိုက်သည်..ဒီလိုဆိုတော့လည်းကောင်မလေးကတံခါးလာဖွင့်ပေးရှာသည်..မျက်ဝန်းအစ်အစ်လေးကငိုထားသလိုပင်..အိပ်ယာထကာစကပိုကရိုအလှနတ်ဖုရားမလေးတပါးကိုယ်ထင်ပြနေသလိုတောင်ထင်မိသည်..
-
ဟိတ်..ကောင်မလေး..ဘာလို့တံခါးပိတ်ထားတာလဲ..ငါစိတ်ပူလို့တံခါးခေါက်လိုက်တာ..
-
အင်း..နေသိပ်မကောင်းလို့
-
ဟာ..ဟုတ်လား..မှန်းစမ်း..အာ..ကိုယ်တော့မပူပါဘူး..ဘာမှစားရသေးပုံမပေါ်ဘူး..ခနနေဦး..ငါခေါက်ဆွဲပြုတ်ပေးမယ်..
-
ဟာ..နေပါစေ..ရတယ်..
-
အသာငြိမ်ငြိမ်ထိုင်နေစမ်းပါဟာ..ငါ့ခေါက်ဆွဲပြုတ်စားပြီးရင်နင့်လျှာအရသာတွေ့လွန်းလို့ဂျွမ်းလှည့်ပတ်ထိုးနေမယ်..
-
အံမာ..လာလာချည်သေး..မကောင်းရင်ဝေဖန်မှာ..
-
အေးပါ..ခနစောင့်..
-
ပြောပြောဆိုဆိုမိုးတိမ်ထက်အိမ်နောက်ဘက်ဝင်လာပြီးခေါက်ဆွဲခြောက်တထုတ်ယူလိုက်သည်..ရေနွေးဆူအောင်တည်ပြီးကြက်သားမှုန့်နှင့်ဆားထဲ့..ကြက်သွန်ဖြူ၊ဂျင်းနည်းနည်းထောင်းပြီးခတ်..ငရုတ်ကောင်းလေးဖြူး..ပဲငံပြာရည်နည်းနည်းထဲ့..ခေါက်ဆွဲထဲ့..ကန်စွန်းရွက်လေးနည်းနည်းခတ်...ကြက်ဥတစ်လုံးဖောက်ထဲ့ပြီးကြက်သွန်မြိတ်လေးနည်းနည်းဖြူး..ပြီးတော့ပုဂံထဲထဲ့..အပေါ်ကငရုတ်သီးစိမ်းပါးပါးလှီးထဲ့ပြီးသံပုရာသီးတစ်စိတ်ညှစ်ထဲ့လိုက်တော့စပယ်ရှယ်ရှုးရှဲခေါက်ဆွဲပြုတ်ချဉ်စပ်လေးတစ်ခွက်ရသွားပါသည်..မိုးမြင့်သဇင်တယောက်တရှုးရှုးတရှဲရှဲနှင့်ချွေးတွေပြန်အောင်အရသာခံစားနေလိုက်သည်မှာချက်ပေးသူမိုးတိမ်ထက်ကိုမျက်လုံးတောင်လှန်ကြည့်ဖော်မရ..ဘာဘဲဖြစ်ဖြစ်ကောင်မလေးစားကောင်းနေတာမြင်ရုံနဲ့မိုးတိမ်ထက်စိတ်ချမ်းသာနေမိတော့သည်..
---------------------------By HJ
ဆက်ရန်
0 comments:
Post a Comment