Welcome To My Blog... :)

ရောက်လာကြသူများအားလုံး စိတ်ချမ်းမြှေ့ပါစေရှင်။

Friday, 29 August 2014

ဒီရင်နားပါအရိုင်းလိပ်ပြာ..(၁၇)



ဂူထဲမှာညအိပ်တော့ဘွန်းဘွန်းရောမျောက်မလေးပါကျနော်နဲ့အတူအိပ်သည်..တောင်ပေါ်ညလေအေးအေးကိုမြက်ခြောက်ထူထူထဲဝင်ကွေးရတာလည်းအရသာတခုဖြစ်သည်..တခုဘဲဆိုးသည်..ဘွန်းဘွန်းကကျနော့်နားလာအိပ်တာမို့စိတ်တော့နည်းနည်းညစ်ရသည်..ဂူကကျဉ်းပြီးကိုယ်ကသူတို့ဆီမှာဧည့်သည်ဆိုတော့ဘာမှမပြောသာ..ပြောသာလည်းသူတို့နားမလည်..

ဒါပေမယ့်ဘွန်းဘွန်းကသဘောတော့ကောင်းသည်..မျောက်တွေ၏ထုံးစံလူဘာလုပ်သလဲလိုက်ကြည့်ပြီးလိုက်လုပ်တတ်ကြသည်..သည်တော့ကျနော်ဂူအောက်ကိုဆင်းဖို့ကြိုးစားတော့သိပုံဖြင့်ဝိုင်းကူချပေးသည်...ဒါကြောင့်စမ်းချောင်းလေးရှိသည့်ဘက်ကိုထော့ကျိုးထော့ကျိုးနဲ့လှမ်းလာခဲ့သည်..ပြီးတော့သစ်ကိုင်းတခုကိုဓါးဖြင့်ချွန်ပြီးစမ်းချောင်းထဲကငါးများကိုထိုးပြတော့ဘွန်းဘွန်းကသွားဖြဲပြီးရယ်နေသည်..မျောက်မလေးကလည်းလိုက်လာသည်..ကျနော်ငါးဖမ်းတာကိုကြည့်ပြီးသဘောကျနေဟန်ရှိသည်..

သူတို့သာသဘောကျနေတာ..အမှန်ကကျနော်ကိုရှမ်းကြီးလုပ်သလိုသာလိုက်လုပ်နေရတာ..တကယ်ထိုးကြည့်တော့တကောင်မှမမိ..ကျွမ်းကျင်မှုကလိုသေးတာကိုး..ဘွန်းဘွန်းနဲ့မျောက်မလေးကအတော်ကြာကြည့်နေပြီးမှကျနော့်လက်ထဲကသစ်ကိုင်းချွန်ကိုလာဆွဲယူသည်..ကောင်မလေးကရေထဲကိုအတော်ကြာစိုက်ကြည့်ပြီးလက်ကသစ်ကိုင်းကိုဆတ်ကနည်းစိုက်လိုက်သည်..ပါလာတာငါးကြီးတကောင်..လက်စသတ်တော့သူကကျနော့်ထက်တောင်တော်သေးတာကိုး..

ဘွန်းဘွန်းကလည်းအားကျမခံသစ်ကိုင်းကိုယူပြီးထိုးပြသည်...ငါးတကောင်ကားကားကြီး..သူတို့ကတောထဲကကိုး..ပိုတတ်မှာပေါ့..ကျနော့်မှာလူတတ်ကြီးလုပ်ပြီးပြမိတာရှက်သွားသည်..ငါးတွေဆယ်ကောင်လောက်ရတော့မနိုင့်တနိုင်သယ်ပြန်လာကြသည်..အကောင်ကြီးတွေကတပိသာခန့်စီတော့ရှိနိုင်သည်..ရန်ကုန်မှာဆိုအတော်တန်းဖိုးရှိလိုက်မည့်ဖြစ်ချင်း..

ကျနော်သစ်ကိုင်းတွေဆွဲပြီးမီးမွှေးဖို့ပြင်တော့မျောက်တွေကသစ်ကိုင်းခြောက်ဝိုင်းစုပေးကြသည်..မီးမွှေးပြီးကိုရှမ်းကြီးလုပ်သလိုတော့ကျနော်လည်းရွှံမတူးနိုင်တာမို့ငါးကိုဗိုက်ဖောက်ပြီးရေဆေးသစ်ကိုင်းနှစ်ခုနဲ့သာညှပ်ပြီးကင်ရတော့သည်..မျောက်ဝံတွေကလည်းကျနော်လုပ်သလိုဝိုင်းလုပ်ကြတာမို့ပျော်စရာကြီးဖြစ်နေသည်..ဒီနေ့ငါးကင်ပွဲကတော့မတတ်တတတ်နဲ့မို့စားမကောင်းလှပေမယ့်မျောက်ဝံတွေကတော့သဘောကျနေကြသည်..ကျနော်လည်းမျောက်ဝံတွေနဲ့ရင်းနှီးသွားတော့သည်..

နောက်ရက်တွေမှာဆာကျစ်မြေနေရာလိုက်ရှာပြီးခြစ်..ပြီးတော့မိုးရေတိုက်စားပြီးခွက်နေတဲ့ကျောက်ခွက်ထဲရေနဲ့ဖျော်..နေပူလှမ်းထားတော့ဆားကြမ်းခဲဖြူဖြူတွေကိုမြေကြီးနဲ့ရောပြီးရသည်..မြေမှုန့်များကိုမှုတ်ထုတ်လိုက်တော့ဆားကြမ်းခဲများကျန်ခဲ့သည်..မျောက်ဝံတွေကိုရွှံတူးခိုင်းပြီးကိုရှမ်းကြီး၏ငါးကင်နည်းဖြင့်ကျနော်လည်းမျောက်ဝံတအုပ်ကြားစခန်းသွားနေရသည်..မျောက်ဝံဆိုတာကအစုံစားသောအကောင်တွေဖြစ်သည်..ကျနော်လုပ်သောငါးကင်ကိုသဘောတကျဖဲ့စားကြပြီးနောက်ရက်များတွင်ချောင်းထဲမှာငါးတွေမနေရဲလောက်အောင်သောင်းကျန်းနေကြတော့သည်...

မျောက်မလေးကတော့အခုဆိုငါး..စားမယ်..မီး..ရေ..မွှေးတယ်..နံတယ်..စတာတွေကိုအတော်ပြောတတ်နေပြီ..သင်ရတာသိပ်တော့မခက်..သူ့မှာနဂိုအခံရှိထားပြီးဖြစ်လောက်တာမို့သင်ရလွယ်သည်..သူမကချုံခပ်ထူထူစိတ်စိတ်ကိုယူပြီးစမ်းချောင်းအောက်ဘက်ချသည်..မနက်သွားဆွဲတင်တော့ချုံထဲခိုနေသောပုစွန်လေးတွေပါလာသည်..ဒါကြောင့်ကျနော်ကငါးအူတွေကိုမမြုပ်ပစ်တော့ဘဲသူ့ခြုံလေးထဲထဲ့ပေးသည်..မနက်သွားဆယ်ရင်ပုစွန်အကောင်အတော်ကြီးတာတွေပါလာသည်..ပုစွန်ကင်ကျွေးတော့သူအလွန်ကြိုက်ရှာသည်..

ဆယ်ရက်လောက်ရှိတော့ကျနော့်ခြေထောက်ဒဏ်ရာလုံးဝပျောက်သွားသည်..စိတ်လိုလက်ရရှိနေတာမို့ကောင်မလေးကိုခေါ်လိုက်သည်...
-
သဲ
-
ကိုကို
-
ရေချိုး...ရေချိုး...လာ
-
လာ..လာ..ရေချိုး..ရေချိုး..ဘွန်းဘွန်းရေ
-
ကျနော်ပြောသည့်အသံအတိုင်းလိုက်ပြောပြီးသူ့မျောက်ဝံကြီးကိုခေါ်ပါသည်..ဒီဆယ်ရက်အတွင်းမျောက်ဝံတွေကျနော့်ကိုမျောက်စကားဝိုင်းသင်တာကျနော်မတတ်..မျောက်ဝံတွေသာအခုဆို..လာ...သွား..စား..တူး..အိပ်..ထိုင်..စသဖြင့်တော်တော်နားလည်သွားရှာပြီ..မျောက်ဝံတွေအတွက်အထူးစပယ်ရှယ်စာသင်ဝိုင်းပေါ့ခင်ဗျာ..

စမ်းချောင်းထဲရေချိုးတော့ကျနော်ကဂျီးဘယ်လိုတွန်းတာလုပ်ပြသည်..ကောင်မလေးကလိုက်လုပ်သည်..အိုကေ..ရေထဲမဆင်းလာသောကုန်းပေါ်ကမျောက်ဝံကြီးဘွန်းဘွန်းနဲ့မျောက်တချို့ပါလိုက်လုပ်တာမို့ယိမ်းတိုက်သလိုပျော်စရာကြီးဖြစ်နေသည်..ရေချိုးပြီးတော့ကျနော်ကသူမဆံပင်တွေကိုနည်းနည်းချင်းဆွဲပြီးလက်ချောင်းများနဲ့ရှင်းပေးသည်..ခေါင်းပေါ်ကမျောက်သန်းတွေကိုသတ်ပေးရသည်..ကျနော်လုပ်သည့်အတိုင်းမျောက်ဝံတွေလည်းတကောင်နှင့်တကောင်အပြန်အလှန်လုပ်ပေးနေကြသည်..

ဆံပင်အောက်နားတွေကနီရဲကျွတ်ဆတ်ဖွာနေတာကြောင့်သူ့ဆံပင်တွေကိုစုစည်းပြီးနွယ်ကြိုးသေးသေးဖြင့်ပတ်လိမ်ပြီးချည်ပေးနေတော့သူမတစုံတရာကိုအမှတ်ရသွားသလိုစကားသံထွက်လာသည်..မာမီတဲ့..သူရွတ်လိုက်တာမာမီဆိုဘဲ..ဒါဆိုသူ့ငယ်ဘ၀မှာသူ့မာမီကဆံပင်စည်းပေးဖူးပါလိမ့်မည်..ကျနော်စိတ်ဝင်စားသွားသည်..သူ့ကိုမာမီ..မာမီလို့သုံးလေးခါထပ်ပြောတော့သူစဉ်းစားနေသည်..ကျနော်ကတော့သူ့ဆံပင်တွေကိုမနာအောင်အရင်းနားကဖိကိုင်ပေးထားပြီးလက်တဖက်ကဓါးနဲ့ကြိတ်လှီးပြီးဖြတ်နေရတော့သည်...

ကျနော်ဆံပင်ဖြတ်ပေးပြီးတော့သူကျနော့်လက်ကိုလာဆွဲသည်..အဝေးတနေရာကိုလက်ညှိုးထိုးပြပြီးမာမီမာမီလို့ပြောကာဆွဲခေါ်နေသည်..ကျနော့်ကိုတခုခုလိုက်ပြချင်ဟန်ရှိသည်..ဒါကြောင့်ကျနော်သူမသွားရာနောက်လိုက်ခဲ့ပါသည်..
----------------------------------------By KK
ဆက်ရန်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...