စိုးဝင်းတယောက်ခွင့်ရက်စေ့လို့တပ်ပြန်ရပေမယ့်စိတ်တို့က ခင်သက်ဝေအပါးကျန်နေခဲ့သည်.. ဒီတော့လည်းစာရေးရတာပေါ့..ခင်သက်ဝေကသူ့အိမ်လိပ်စာနဲ့စာမ ရေးခိုင်းဘဲသူငယ်ချင်း အိမ်လိပ်စာနဲ့ရေးခိုင်းသည်..မိဘေ တွကစာလာတာမကြိုက်ဟုဆိုတော့လ ည်းသူ့အလိုကျပေါ့..တယောက်နဲ့ တယောက်သိနားလည်နေပေမယ့်ဘာမှလည်းထုတ်ဖော်မပြောဖြစ်..ချ စ်သူမကျ..သူငယ်ချင်းမကပေါ့. ..သတိရရင်ကြည့်ဖို့ဓါတ်ပုံေ လးတပုံအမှတ်တရတောင်းတာကိုအင်းမ လုပ်အဲမလုပ်.. အတန်တန်ပြောတော့မှပြန်မယ့်နေ့ဘူတာလိုက်ပို့ပြီးရထားပေါ်တက်ခါနီးစာအိတ်လေးတခုထုတ်ပေးသည်.. ကိုယ့်မှာတော့ပျော်လွန်းလို့..ရထား ထွက်တော့လက်တပြပြနှင့်..စာအိတ်လေးကိုဖောက်ကြည့်တော့ကတ် ပြားအဖြူတခုကိုပို့စကတ်ဆိုက်ညှပ်ထားပြီးအလယ်တွင်ပါ့စ်ပို့ပုံလေးတပုံကပ်ထားသည်.. အြ ဖူအမဲပုံသေးသေးလေးကိုကြည့်ြ ပီးတော်တော်နောက်တာဘဲလို့ပြုံးမိလိုက်သေးသော်လည်း.. ဘယ် တတ်နိုင်မလဲ..သူသထာသလောက်ပေါ့..ကိုယ့်မှာတော့သူတောင်းေ တာင်း..မတောင်းတောင်း.. ပေးချင်လွန်းလို့အတင်းအမှတ်တရပေးပစ်ခဲ့တာလေးပုံတောင်..
သူမြ ကည့်ချင်လည်းကြွက်သာခြောက်ေ ပရော့..ဒီမောင်ကတော့မဖြုံပေါင်..
ပုံသေးသေးလေးရလာတော့လည်းသွားလေရာသယ်ရလွယ်တာပေါ့လေ..
ပုံသေးသေးလေးရလာတော့လည်းသွာ
သူများမမြင်အောင်ခိုးကြည့်ရတာအ မော..သတိရတိုင်းစာရေးတာကလည်းမနည်းမနော..
စာရေးစက္ကူဖိုးေ တာင်အတော်ကုန်ပေမယ့်ခင်သက်ဆီကတော့စာလေးငါးစောင်ရောက်မှ တစောင်ပြန်သည်..ကိုယ့်မှာလည်းသမီးရည်းစားမဟုတ်တော့ချစ် ကြောင်းကြိုက်ကြောင်းလည်း
ရေးမရဘဲတပ်ထဲရဲမေတွေရန်ဖြစ်လို့ဖြေရှင်းပေးတာကအစရိပ်သာရှေ့ခွေးနှစ်ကောင်ကိုက်တာအဆုံး.. ကိုယ့်ခြင်ထောင်ကြောင်သေးပန်းလို့မနက်အစောကြီးထလျှော်ရတာပါမချန်စာဖြစ်အောင်ရေး လာလိုက်တာစာရေးဆရာတွေတောင်ငိုလောက်ပါရဲ့..
ခင်သက်ကိုချစ်နေမိပေမယ့်သူဖွင့်မပြောရဲသေးပါ..ခင်သက်အေ ခြအနေကအတော်ပြည့်စုံမှန်းသူ သိနေသည်လေ..သူ့လိုစစ်သားဘ၀ဆိုတာကလစာနဲ့ရိက္ခာနှစ်မျိုးသာကိုယ်ပိုင်ပစ္စည်း..
ခင်သက်ကိုချစ်နေမိပေမယ့်သူဖ
ဒါလေးတောင်ဟိုဖြတ်ဒီဖြတ်ကရှိသေး..ခ င်သက်လိုမိန်းကလေးတယောက်ကို တင့်တောင့်တင့်တယ်လက်ထပ်နို င်ဖို့မလွယ်သေးတဲ့ဘ၀..ဒီကြားထဲကိုယ့်ကိုယ်ကိုမပိုင်..
ကိုယ့်အသက်ကိုယ်မပိုင်..နောက်ဆုံးကိုယ့်နာမည်တောင်ကိုယ် မပိုင်..စိုးဝင်းအရင်နာမည်က သူရစိုး..ဟော..တပ်ထဲရောက်တော့သူရဆိုတဲ့နာမည်ကိုပြောင်း ရတော့စိုးဝင်းဖြစ်..
မဟုတ်ရင်တပ်ထဲမှာကသူရနှစ်မျိုးဖြစ် နေမည်လေ..မအေပေးသူရနှင့်နို င်ငံတော်ပေးသူရ..
ဒီတော့မအေေ ပးလိုက်သည့်သူရတွေကနောက်ဆုတ်ပေးလိုက်ရပြီးနာမည်ပြောင်း စေသတည်းပေါ့..
ဘာဆိုဘာမှမပိုင်တော့ချစ်သူကိုပေးစရာရင်ထဲကသစ္စာနှလုံးသားနဲ့လစာရိက္ခာသာရှိတဲ့ဘ၀မို့ ကြမ်းတမ်းတဲ့ဘ၀ထဲခေါ်ချင်ပေမ ယ့်မလာစေချင်ပါ..
ဘာဆိုဘာမှမပိုင်တော့ချစ်သူက
ချမ်းသာသည့် မိန်းမတယောက်စီမိမိကိုယ်ကိုရောင်းစားထားသောခပ်ညံ့ညံ့အ စွမ်းအစမရှိတဲ့ယောက်ျားတယော က်လည်းအဖြစ်မခံချင်ပါ..တချို့သောသူတွေလုပ်နေသောလမ်းစဉ် ကချမ်းသာဖို့ဖြတ်လမ်းပေမယ့် သူကတော့ယောက်ျားတယောက်ရဲ့အားမာန်နဲ့သာတိုးတက်လိုပါသည်. .
မိန်းမထမိန်နားခိုစားသူလို့ အပြောမခံချင်ပါ..ဒါကြောင့် ပြည့်စုံသောခင်သက်ကိုသူချစ် ကြောင်းမပြောဖြစ်ခဲ့ပါ..
သူပြင်ဦးလွင်တွင်သင်တန်းတက်ရချိန်မှာတော့လူကြုံနဲ့စား စရာများရောက်လာတတ်ပါသည်..
သူပြင်ဦးလွင်တွင်သင်တန်းတက
ခင်သက်တယောက်အသင့်စားသုံးနိုင်သောစားစရာများကိုဝယ်ခြမ်းထဲ့ပေးလိုက်တတ်သည်..ဒီလိုသူ့ သံယောဇဉ်လေးတွေကိုပြတတ်တော့ လည်းရင်မှာကြည်နူးမှုကအတိုင်းမသိဖြစ်ရပြန်ပါတော့သည်..
ဒီ လိုနဲ့သူပြင်ဦးလွင်တွင်သင် တန်းကာလပြီးဆုံးခါနီးလေးမှာ တော့ခင်သက်ဆီကစာတစောင်ရောက် လာသည်..သူ့မိဘများကသူမကိုအိ မ်ထောင်ချပေးတော့မည်..ဖခင်၏ အလုပ်မှသစ်တောအရာရှိလေးတယော က်နဲ့ဆိုဘဲ..စာကိုဖတ်ရင်းမျ က်လုံးတွေလည်းပြာဝေသွားခဲ့သ ည်..
သူလက်လွှတ်နိုင်မလား..ခင်သက်ကိုလက်လွှတ်ဖို့သူတွေးရေ တာ့မည်..တနေလုံးသူစိတ်နဲ့လူ မကပ်ပါ..ဘာလုပ်လုပ်အယောင်ယောင်အမှားမှား..တကယ်တမ်းဆုံး ရှုံးရမည်ဆိုတော့ယောက်ျားတန် မဲ့သူမျက်ရည်ဝဲမိသည်..သူဘာေ ပြာရမလဲ...စာရွက်တရွက်ကိုဆွဲယူပြီးသူချရေးလိုက်သည်..
ချ စ်တယ်...တော်ပြီ..တခြားဘာမှ မလို..ပြည့်စုံပြီ..
ဒီစာနှစ်လုံးသည်တဘ၀စာပြီးပြည့်စုံတဲ့သတ္တိခွန်အားများကိုမွေးဖွားစေခဲ့သည်..
ဒီစာလေးကိုသူခင်သက်ဆီပို့လိုက်သည်..ဒါဟာသူ့ တသက်ပထမဆုံးရည်းစားစာ..
ဒီစာလေးမှာသူ့ရဲ့ယောက်ျားကောင်းတယောက်ရဲ့တာဝန်ယူနိုင်မှုအကုန်ပါသည်..
သူသင်တန်းဆင်းတော့ရန်ကုန်ကိုလာခဲ့သည်..ခွင့်ကမရ..
သူသင်တန်းဆင်းတော့ရန်ကုန်ကိ
ခင်သက်မိဘများကလည်းသူနဲ့သဘောမတူနိုင်..သူ့သမီးလေးမုဆိုးမဖြစ်နိုင်တဲ့လမ်းကိုမလှမ်းစေချ င်..
သူမိသားဖသားပီပီချစ်သူကိုတောင်းရမ်းလက်ထပ်ယူချင်ပါ သည်..ချစ်သူကိုဂုဏ်မငယ်စေလိုပါ..
ဒါပေမယ့်သူ့ထက်သတ္တိကော င်းပြီးပြတ်သားသောခင်သက်ကအထုတ်ကလေးဆွဲလို့ချစ်သူနောက်
ကောက်ကောက်ပါအောင်လိုက်လာခဲ့ ပါတော့သည်..
ခုတော့လည်းစပါပြီနှစ်ယောက်တစ်ဘ၀...
ရထားပေါ်တွင်တယောက်လက်ကိုတယောက်ကျစ်ကျစ်ပါအောင်ဆုပ်ရင်း
ရှေ့ဆက်ရမည့်ဘ၀တိုက်ပွဲအတွက်အားမာန်တွေအပြည့်နှင့်..
-------------------------- -------BY KK
ဆက်ရန်
--------------------------
ဆက်ရန်








0 comments:
Post a Comment