မီးဖိုချောင်အပြင်ဘက်ထွက်သည့်တံခါးကိုတွန်းအဖွင့်မြင်လိုက်သည့်မြင်ကွင်းကလူကိုမူး မိုက်သွားစေသည်..
-
အလို..ဘုရားးးဘုရားးးးဒါ..ဒါ....ကျွန်မအိပ်မက်ထဲကရှုခင်း..ဟုတ်တယ်..ဒီငှက်ပျောပင်အုပ်အုပ်ကအိပ်မက်ထဲကအတိုင်းပါဘဲလား..ဒါဆိုသားကြီးကရော.. .
-
ကျွန်မအတွေးတွေနဲ့လုံးချာလိုက်သွားသည်..အိမ်ပြင်ကိုလှမ်းအထွက်ခြေအစုံကိုလာတိုးသော အမွေးနုများကြောင့်ရုတ်တရက် လန့်သွားသည်..ငုံ့ကြည့်တော့ သားတော်မောင်၏ချစ်ခွေးလေးတိုနီ...သူ့သခင်ကဒီကောင့်ကိုေ တ်ာတော်ချစ်တာ..သူတို့မိသား စုလိုက်အိမ်လာရင်ဒီကောင်လေး တိုနီပါနေကျ..မြပန်းနွယ်ကသိ ပ်ချစ်ပုံမရသော်လည်းသားဖြိုးဝေကတော့သဲသဲလှုပ်..ကျွန်မသားသည်အလွန်အကြင်နာတရားကြီးသူ တယောက်..တိုနီလေးခမျာသူ့သခင်မရှိသဖြင့်အိမ်ပြင်ထုတ်ခံထားရပုံရှိသည်..သားကသူ့ခွေးကိုအိမ်ပေါ်မှာတင်မွေးထားတာကိုး..ကျွန်မတိုနီ့ကိုအသာပွတ် ပေးပြီးငှက်ပျောပင်အုပ်အုပ် ဆီလှမ်းထွက်ခဲ့သည်..ဘာမှတော့ မထူးခြား..ဒီနားမှာကြွက်သေ ပစ်ထားသလားတော့မသိ..အနံ့ကတော့ပုတ်အဲ့အဲ့နံနေသလိုပင်... တိုနီကငှက်ပျောပင်တအုပ်နားလ က်နှင့်သွားတူးနေသည်..ယခင်လ ည်းတူးနေပုံရသည်..ခွေးတ၀ပ်စာကျင်းလေးတောင်ဖြစ်နေပြီ..အိမ်ပြင်ထုတ်ထားတာကြောင့်သူအိပ်ဖို့နေရာလုပ်နေသည်ထင်သည် ..ထိုအချိန်တွင်...
-
အမေ..အမေ..ဘာလုပ်နေတာလဲဟင်. .
-
ခေါ်သံနှင့်အတူမြပန်းနွယ်သုတ်သီးသုတ်ပျာအနားရောက်လာသည်. .ဖိနပ်ပင်မပါ..အော်..နေတာထိုင်တာစနစ်မကျလိုက်တာနော်..
-
ဘာမှမဟုတ်ပါဘူး..တိုနီ့ကိုေ တွ့လို့လာကြည့်တာပါ..ဒီနားက အနံ့မကောင်းဘူး..ကြွက်သေများပစ်ထားသလား...
-
အင်း..ဟုတ်မှာပေါ့အမေ..ကိုမ င်းနိုင်ကိုရှာပြီးရှင်းခို င်းလိုက်ပါ့မယ်..စောစောစီးစီးအေးပါတယ်အမေရယ်..အိမ်ထဲလာ ပါ..
-
ဝုတ်..၀ုတ်..ဂီးးးး
-
အော်..ဒီခွေးဟာ..လာ..လာ...အ မေ
-
ကျွန်မမြပန်းနွယ်နှင့်အတူအိ မ်ထဲလိုက်ဝင်ခဲ့ပေမယ့်စိတ်ထဲမှာဘ၀င်မကျ..တိုနီကဘာလိြု့ မပန်းနွယ်ကိုရန်သူလိုဟောင်ေ နမာန်ဖီနေတာလဲ..တကယ်ဆိုသူ့သ ခင်မဟုတ်လား..နေ့ခင်းပိုင်း ကျွန်မအခန်းပြတင်းပေါက်မှလှ မ်းအကြည့်ငှက်ပျောပင်အုပ်နားတွင်တိုနီ့ကိုမင်းနိုင်ဆို သောဒရိုင်ဘာလေးကဆာလာအိတ်နဲ့ အုပ်ဖမ်းပြီးခေါ်သွားတာတွေ့လိုက်ရသဖြင့်မြပန်းနွယ်ကိုကျွန်မသွားမေးမိသည်..
-
သမီး..မြပန်းနွယ်..တိုနီ့ကိုဒရိုင်ဘာကောင်လေးဖမ်းသွားပါလား..
-
ဟုတ်တယ်အမေရေ..တိုနီကအခုတလောခွေးရူးပြန်ချင်နေသလိုဘဲ.. မနက်ကအမေမြင်တဲ့အတိုင်းဘဲ.. သခင်ကိုပြန်မာန်ဖီနေတာ..ဒါေ ကြင့်ကလေးတွေကိုအန္တရာယ်မဖြစ်ရအောင်ဖမ်းပြီးဘုန်းကြီးကျောင်းပို့ခိုင်းလိုက်တာ..
-
ဟယ်..မနက်ကတော့အမေ့ကိုလာပွတ်လို့..အကောင်းပါ..တော်ကြာရူးချင်နေတာဆိုလည်းဘုန်းကြီး ကျောင်းကလူအများနဲ့ပိုဆိုးမှာပေါ့..
-
ဘုန်းဘုန်းကိုသမီးလျှောက်ထားပြီးသားအမေ..ဘုန်းဘုန်းကဆေးကုပေးမှာပါ..
-
အေးပေါ့လေ..ညည်းတို့ခွေးဘဲဟာ..ဒါနဲ့သားတနေ့လုံးဖုန်းမဆ က်သေးပါလား..
-
ဆက်မှာပေါ့အမေရယ်..မအားလို့ ဖြစ်မှာပေါ့..
-
အေး..အေး..ဆက်ရင်ခေါ်ဦး..
-
ဟုတ်ကဲ့အမေ
-
ထိုနေ့ကညနေစောင်းသည့်တိုင်သားဖုန်းမလာ..ညနေစောင်းပိုင်းကျုရှင်မှပြန်လာသောမြေးနှစ်ယောက်ကိုထမင်းခွံ့နေရင်းမေးကြည့်သည်..
-
သားသားတို့ဖေဖေကိုမလွမ်းဘူး လား..ဖေဖေဖုန်းဆက်သေးလား
-
ဟင့်အင်းဖွားဖွား..ဖေဖေကဒီတ ခါအစောကြီးသွားတာ..သားတို့ေ တာင်မနိုးသေးဘူး..ခါတိုင်းဆိုသားတို့ကိုနှုတ်ဆက်နေကြ..ဒီတခါအစောကြီးသွားလို့သားတို့ အိပ်ရေးပျက်မှာစိုးလို့မနှိုးတာလို့မေမေကပြောတယ်..ဖုန်းလည်းဆက်ဘူး..ခါတိုင်းဆိုသားတို့ဘာလိုချင်လဲဖုန်းဆက်မေးနေကြ...
-
ဟုတ်လား..သားတို့မေမေပြောတော့ဖုန်းဆက်သေးတယ်ဆို..
-
ဟုတ်လား..သားမသိလိုက်ဘူး..
-
အေး..အေး..ဘာမှမဟုတ်ပါဘူးကွ ယ်..ထမင်းစားနော်..
-
ကျွန်မဒီနေ့လည်းအတွေးတွေနဲ့ အိပ်မပျော်...ညဉ့်သန်းခေါင် ကျော်တွင်အသံသဲ့သဲ့ကြောင့်နိုးလာသည်..ခပ်သဲ့သဲ့စကားပြောသံကြားနေရသလိုရှိသည်..အသာအ ယာအိပ်ယာကထပြီးတံခါးကိုအသံမ မြည်အောင်ဖွင့်လိုက်ပြီးအပြ င်ကိုချောင်းကြည့်သည်..ဧည့် ခန်းတွင်ညဥ့်အိပ်မီးမှိန်မှိန်ကလွဲလို့ဘာမှမရှိ..အသံကေ နာက်ဖေးမီးဖိုချောင်ဘက်မှ.. အသာအယာခြေဖွနင်းပြီးမီးဖိုဖ က်လျှောက်လိုက်သည်..မီးဖိုထဲတွင်ဘာမှမရှိ..ဒါဆိုနားကြားမှားသလား..ပြန်လှည့်အထွက်မီးဖိုဘေးစတိုခန်းထဲကအသံသဲ့သဲ့..သေချာစွာသဲသဲကွဲကွဲမကြားရသော်လည်းမြပန်းနွယ်နှင့်ေ ယာက်ျားတယောက်အသံ...တိုးတိုးကျိတ်ကျိတ်တခုခုကိုအခြေအတင်ပြောနေပုံရသည်..အင်း..ထင်သ ည့်အတိုင်းဘဲ...အိပ်ခန်းထဲသို့မသိချင်ယောင်ဆောင်ကာပြန် ၀င်လာခဲ့သည်...စိတ်ထဲမှာပူစ ပ်ပူလောင်..အိပ်ခန်းပြတင်းကိုအသာဖွင့်လိုက်တော့အပြင်ဘက်မှာလပြည့်ခါနီးမို့လရောင်ြ ဖာနေသည်..ငှက်ပျောပင်အုပ်ဆီ အကြည့်တချက်ရောက်သွားစဉ်လရောင်အောက်တွင်တိုနီတူးထားသော မြေကျင်းလေးအနီးလူတယောက်ကို ၀ိုးတ၀ါးတွေ့လိုက်သည်..သည်ပုံပန်းသဏ္ဍာန်...ရင်ထဲမှာစွဲထ င်နေသည့်သားရဲ့ပုံဟန်..သေချာမျက်လုံးပွတ်ကြည့်တော့ဝိုး တ၀ါးနှင့်ပျောက်ကွယ်သွားသည် ..စိတ်ထဲတွင်တခုခုကိုသေချာသ လိုရှိသွားသည်..ကျွန်မမိခင် လေ..အမေတယောက်ဆိုတာမမွေးခင် ကတည်းကကိုယ့်သားသမီးစားချင် တာကိုချင်ခြင်းတပ်တတ်သူ..မွေးဖွားလာတော့လည်းစကားမပြောတ တ်ခင်အူဝဲဆိုကတည်းကနို့ဆာတာ လား..ဗိုက်နာတာလား..နေမကောင်းတာလား..လေထိုးတာလား..တခွန်းမှမပြောပေမယ့်စိတ်ခြင်းအလိုလိုဆက်သွယ်ပြီးသိရှိတတ်သောသူ..အခုကျွန်မစိတ်ထဲအလိုလိုသိပြီ..သားမပြောနိုင်ပေမယ့် ကျွန်မနားလည်နေပါပြီ..ဒိတော့ကျွန်မလုပ်စရာတခုဘဲရှိတော့ သည်..စိတ်ကိုအေးအေးထားပြီး တရားမှတ်ကြည့်နေလိုက်သည်..မ နက်ဖြန်တွင်ကြုံကောင်းကြုံလာနိုင်သည့်ကံကြမ္မာဆိုးကြီးတ ခုအတွက်ကျွန်မစိတ်ကိုပြင်ဆင်ပါဦးမည်..
-
ဆက်ရန်
-
အလို..ဘုရားးးဘုရားးးးဒါ..ဒ
-
ကျွန်မအတွေးတွေနဲ့လုံးချာလိ
-
အမေ..အမေ..ဘာလုပ်နေတာလဲဟင်.
-
ခေါ်သံနှင့်အတူမြပန်းနွယ်သုတ
-
ဘာမှမဟုတ်ပါဘူး..တိုနီ့ကိုေ
-
အင်း..ဟုတ်မှာပေါ့အမေ..ကိုမ
-
ဝုတ်..၀ုတ်..ဂီးးးး
-
အော်..ဒီခွေးဟာ..လာ..လာ...အ
-
ကျွန်မမြပန်းနွယ်နှင့်အတူအိ
-
သမီး..မြပန်းနွယ်..တိုနီ့ကိ
-
ဟုတ်တယ်အမေရေ..တိုနီကအခုတလေ
-
ဟယ်..မနက်ကတော့အမေ့ကိုလာပွတ
-
ဘုန်းဘုန်းကိုသမီးလျှောက်ထာ
-
အေးပေါ့လေ..ညည်းတို့ခွေးဘဲဟ
-
ဆက်မှာပေါ့အမေရယ်..မအားလို့
-
အေး..အေး..ဆက်ရင်ခေါ်ဦး..
-
ဟုတ်ကဲ့အမေ
-
ထိုနေ့ကညနေစောင်းသည့်တိုင်သ
-
သားသားတို့ဖေဖေကိုမလွမ်းဘူး
-
ဟင့်အင်းဖွားဖွား..ဖေဖေကဒီတ
-
ဟုတ်လား..သားတို့မေမေပြောတေ
-
ဟုတ်လား..သားမသိလိုက်ဘူး..
-
အေး..အေး..ဘာမှမဟုတ်ပါဘူးကွ
-
ကျွန်မဒီနေ့လည်းအတွေးတွေနဲ့
-
ဆက်ရန်








0 comments:
Post a Comment